Friday, December 25, 2015

ငါးနှစ်တာတာဝန်ထမ်းဆောင်ပြီး တစ်သက်စာပင်စင်လစာယူမည့် လွှတ်တော်ကိုယ်စားလှယ်များ အလိုမရှိရှုံ့ချကြောင်း ပြည်မြို့တွင်ဆန္ဒထုတ်ဖော်

Leave a Comment



ငါးနှစ်တာတာဝန်ထမ်းဆောင်ပြီး တစ်သက်စာပင်စင်လစာယူမည့် လွှတ်တော်ကိုယ်စားလှယ်များ အလိုမရှိရှုံ့ချကြောင်း ပြည်မြို့တွင်ဆန္ဒထုတ်ဖော်

 

ပြည်၊ ဒီဇင်ဘာ ၂၅

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့တွင် ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ကိုးနာရီချိန်ခန့်က ငါးနှစ်တာတာဝန်ထမ်းဆောင်ပြီး တစ်သက်စာပင်စင်လစာယူမည့် လွှတ်တော်ကိုယ်စားလှယ်များအလိုမရှိ၊ ရှုံချကြောင်း ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်သွားခဲ့ကြောင်းသိရသည်။

 

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ပြည်သူ့အထောက်အကူပြုကွန်ရက်(ပြည်) ကဦးဆောင်ခဲ့တာဖြစ်ပြီး ငါးနှစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့တွေ ပင်စင်ပေးမည့်ကိစ္စလုံးဝအလိုမရှိ၊ ပြည်သူ့ဘဏ္ဍာတွေကိုသုံးချင်လိုသုံးတဲ့ အစိုးရအလိုမရှိ၊ တို့ငွေတွေကို တို့လက်ခံပဲ အလွဲသုံးစား မလုပ်ပါနဲ့၊ ငှားနှစ်တာတာဝန်ထမ်းဆောင်ရုံနှင့် ပင်စင်ရကောင်းသလား အစရှိသည့် စာသားများရေးသားဖော်ပြထားသည့် ဗီနိုင်းဆိုင်းဘုတ်များကို ကိုင်ဆောင် ကြွေးကြော်မှုများကို ပြုလုပ်သွားခဲ့သည်။

 

“ ပင်စင်ယူမဲ့ကိစ္စကိုလုံးဝသဘောမတူပါဘူး။ ကန့်ကွက်တဲ့အကြောင်းဆန္ဒပြပါတယ်။ ဒီလိုမျိုးငါးနှစ်သာတာဝန်ထမ်းဆောင်ပြီး ပင်စင်ရကောင်းဆိုရင် မြန်မာနိုင်ငံမှာဝန်ထမ်းတွေအများကြီး ရှိတယ်။ တပ်မတော်သားတွေအများကြီးရှိတယ်။ ရဲတပ်ဖွဲ့တွေတွေမှာကော ငါးနှစ်နဲ့ပင်စင်ပေးမဲ့ ဥပဒေရှိပါသလား မေးချင်တယ်။ လွှတ်တော်သက်တမ်းအတွင်းမှာ သူတို့ပြည်သူအတွက်ဘာတွေ လုပ်နေကြတာလည်းလို့ မေးလို့ရှိရင် လွှတ်တော်တွင်းမှာ ခေါင်းညိမ့်၊ အိပ်ငိုက်၊ ပြည်သူ့အတွက်ဘာမှ မလုပ်ခဲ့ပါဘူး။ လူထုထဲမှာလူထုအသံတွေရှိတယ်။ ဆင်းကြည့်မှရပါမယ်။ အခန်းထဲမှာဖေ့ဘွတ်သုံး၊ စာဖတ်နေရုံနဲ့မရဘူး နောက်တက်လာမဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ပြောချင်တယ် လူထုမျက်နှာကိုကြည့် ကြပါ။” ဟု ဆန္ဒထုတ်ဖော်ပွဲအားဦဆောင်ခဲ့သူ ကိုဇော်ဦးက ပြောသည်။

 

ထို့အပြင် လွှတ်တော်သုံးရပ်ရှိလွှတ်တော်ကိုယ်စားလှယ်စာရင်းများ ၎င်းတို့အားခံစားခွင့်ပေးမည့် ငွေကြေးအမောက်များကို တွက်ချက်ပြထားပြီး ပြည်သူ့ငွေတွေသဘောမတူဘူး၊ မပေးနိုင်ဘူး ဆိုသည့် စာသားကပါ ဆိုင်ဘုတ်ကိုလည်း ဆန္ဒဖော်ထုတ်ရာနေရာတွင် ချည်နှောင်ပြသခဲ့ခြင်းများလည်းပြုလုပ်သွားခဲ့သည်။

 

“ နိုင်ငံတော်သမ္မတကိုအဓိကထားပြီးပြောချင်ပါတယ်။ လွှတ်တော်ထဲကိုရောက်နေတဲ့ ကိုယ်စားလှယ်တွေအားလုံးကို ပြေချင်တာကတော့ ပြည်သူ့ဘဏ္ဍာငွေထဲကစီးဆင်းသွားတဲ့ငွေတွေကို သူတို့စားရက်ပါသလားဆိုတာမေးချင်တယ်။ သူတို့တွေမှာခံစားခွင့်တွေများစွာရှိတယ်။ အောက်ခြေလူတန်းစားတွေမှာ ဒီလိုခံစားခွင့်တွေမရခဲ့ဘူး။ ဒါကြောင့်နိုင်ငံရေးပင်စင်တောင်းတာကို လုံးဝကန့်ကွက်တယ်။ ရှုံ့ချပါတယ်။”  ဟု ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သည့် ကိုညီညီကပြောသည်။

 

အဆိုပါ ဆန္ဒထုတ်ဖော်မှုအား နာရီဝက်ခန့်ပြုလုပ်ခဲ့ပြီး ကြိုတင်ခွင့်ပြုချက်တောင်းခံရရှိထားပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆန္ဒပြမှုနှင့်ပတ်သက်၍ ပြည်မြို့ မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မင်းနိုင်က ကြိုတင်ခွင့်ပြုမိန့်တောင်းခံထားသလို ခွင့်ပြုမိန့်လဲကျထားပြီးဖြစ်၍ အရေးယး တရားစွဲဆိုရန်မရှိပါဘူးဟု ပြောဆိုခဲ့သည်။

 

K3(pyay)


0 comments:

Post a Comment

Facebook Like Page