Wednesday, March 15, 2017

ဟိုတယ်ဖွင့်ရန် ဆောက်လုပ်နေသည့်(၆)ထပ်အဆောက်အဦးပေါ်မှ ဓာတ်လှေကားတပ်ဆင်နေသည့် ၀န်ထမ်း(၁)ဦး ပြုတ်ကျသေဆုံး

Leave a Comment
ဟိုတယ်ဖွင့်ရန် ဆောက်လုပ်နေသည့်(၆)ထပ်အဆောက်အဦးပေါ်မှ
ဓာတ်လှေကားတပ်ဆင်နေသည့် ၀န်ထမ်း(၁)ဦး ပြုတ်ကျသေဆုံး

ပြည် မတ်လ(၁၃)ရက်နေ့
ပြည်မြို့၊ ဆင်စုရပ်ကွက်၊ ကမ်းနားလမ်းတွင် ဆောက်လုပ်နေသော(၆)
ထပ်အဆောက်အဦး(ဟိုတယ်-အမည်မပေးရသေး)ပေါ်မှဓာတ်လှေကား
တပ်ဆင်နေသည့်ဝန်ထမ်း(၁)ဦး ပြုတ်ကျ၍သေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မတ် (၁၂)ရက်နေ့ နေ့လည်(၂)နာရီ(၃၀)အချိန်ခန့်ပြည်မြို့၊
ဆင်စုရပ်ကွက်၊ ကမ်းနားလမ်းတွင် ဆောက်လုပ်နေသော (၆)ထပ်အ
ဆောက်အဦးတွင် ဓာတ်လှေကားတပ်ဆင်နေသည့် KLEE MANNေ
ဆာက်လုပ်ရေးကုမ္ပဏီဝန်ထမ်း ဦးနေလင်း(ခ)နေလင်းနိုင် မှာ ရဲကျော်
ထက် ၊ကောင်းဝေသော်၊ရန်ကုန်တိုင်းဒေသကြီးနေသူတို့နှင့်အတူ ဓာတ်
လှေကားတပ်ဆင်နေစဉ် မြေညီထပ်တွင် တပ်ဆင်ဆဲဖြစ်သော ဓာတ်ေ
လှကားအတွက် လိုအပ်သော ၀ါယာကြိုးအား(၅)ထပ်တွင်ရှိသည့် တပ်
ဆင်ပြီး ဓာတ်လှေကားတစ်စင်း၏ လူလိုက်ပါသောအခန်း ကြမ်းခင်းပေါ်
တွင် သွားယူခဲ့သည်။
ထို့နောက်ကြမ်းခင်းပေါ်သို့ တတ်ရန်အတွက် အမြင့်(၁ ပေ၊ ၁ လက်မ)
ခါးလုံးပတ်အချင်း(၃)ပေရှိ UNITEX အမျိုးအစား(၅)ဂါလံဝင်ရေဆေးပုံး
ခွံပေါ်မှ တဆင့် နင်းပြီး တက်လိုက်စဉ် ပုံးခွံမှာ ဟန်ချက်ပျက်သွားပြီးလူ
နှင့်ပုံးခွံမှာ အမြင့် (၅၀)ပေခန့်ရှိ ဓာတ်လှေကားလမ်းကြောင်း အတိုင်း
မြေညီထပ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရဆို၏။
ထိုသို့ အမြင့်(၅၀)ပေခန့်မှ ပြုတ်ကျခဲ့သဖြင့် ဦးနေလင်း (ခ) နေလင်းနိုင်
(၃၈)နှစ် (ဘ)ဦးလှိုင်မြင့်၊ဓာတ်လှေကားမောင်း၊ အမှတ်(၃၉၀/က)၊(၁၃)
ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူတွင်ယာ
ဘက်လက်မောင်းရိုးကျိုးပြီး အပြင်သို့ ဖောက်ထွက်နေသောဒဏ်ရာ၊နဖူး
ဝဲဘက် ပွန်းပဲ့ဒဏ်ရာ၊ ၀ဲဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်တင်ပါး
ပွန်းပဲ့ဒဏ်ရာ၊ ယာဘက် ခြေသလုံးအတွင်းပိုင်း ပွန်းပဲ့ဒဏ်ရာများဖြင့် ပြည်
သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးနေလင်း(ခ) နေလင်းနိုင် သေဆုံးရခြင်းမှဓမ္မတာ
အတိုင်း သေဆုံးရခြင်း ဟုတ်/မဟုတ် သေမှုသေခင်းရေးဖွင့်ဆောင်ရွက်ပေး
ပါရန် ရဲအုပ် လှဝင်း မှတိုင်တိုင်တန်းချက်အရ ၍ ပြည်မြို့မရဲစခန်း သေမှုသေ
ခင်းအမှတ်စဉ် ၆/၂၀၁၇ ဖြင့် ရေးဖွင့်ဆောင်ရွက်ထားရှိကာ အမှုအား ဒုရဲမှူး
တင်ကို မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
ဓါတ်ပုံ ရာပြည့်


Read More...

Friday, March 10, 2017

ယာဉ်မတောတဆမှုဖြစ်ပွားရာမှ ယာဉ်မောင်းသေဆုံး

Leave a Comment

ယာဉ်မတောတဆမှုဖြစ်ပွားရာမှ ယာဉ်မောင်းသေဆုံး

ပေါင်းတည် မတ်လ (၁၁)ရက်နေ့
ပြည်ခရိုင် သဲကုန်းမြို့ကြို့ပင်​သာအုပ်​စု  မဲကုန်းရွာလမ်း​နှင်
့​​ပေါင်းတည်​မြို့နယ်​အကြား မိုင်​တိုင်​အမှတ်​146/7တ
ည့်​တည့်​တွင် ဧရာဝတီတိုင်း ဒေးဒရဲမှဘုရားဖူးယာဉ်သ
မတ်လ(၁၁)ရက်နေ့ နံနက်(၂)နာရီခွဲအချိန် ယာဉ်မတေ
ာ်တဆမှုဖြစ်ပွားရာ ယာဉ်ပေါ်ပါလာသူ(၁၃)အနက်ယာ
ဉ်(၈)ဦးဒဏ်ရာရရှိပြီး ယာဉ်မောင်းတစ်ဦးမှာ နံနက်(၆)
နာရီ(၅၀)အချိန်ခန့်သေဆုံးခဲ့ပြီး ယာဉ်မတော်တဆဖြစ်
ရသည့်အကြောင်းအရင်းအား ဆက်လက်စုံစမ်းလျှက်
ရှိကြောင်း ရပ်ကွက်အုအ်ချုပ်ရေးမှူး ဦးရဲထွဋ်ကပြော
ပြချက်အရ ကနဦးသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

Read More...

ပုဇွန်ခြောက်ကြော်ထည့်ထားသည့်ဗူးဖြင့်ရောကာ သယ်လာသည့် ဘိန်းဖြူ ပြည်မြို့တွင် ဖမ်းဆီး

Leave a Comment

ပုဇွန်ခြောက်ကြော်ထည့်ထားသည့်ဗူးဖြင့်ရောကာ
သယ်လာသည့် ဘိန်းဖြူ ပြည်မြို့တွင် ဖမ်းဆီးရမိ

ပြည် မတ်လ(၁၀)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့  အဝေးပြေးကားကြီးဂိတ်ဝန်းအတွင်း ပုစဇန်ခြောက်ကြော်ထည့်ထားသည့်ဗူးဖြင့်ရောကာ ဘိန်းဖြူ သယ်ဆောင်လာသည့် အမျိုးသမီးတစ်ဦးအားမတ်
လ(၈)ရက်နေ့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့
မှဖမ်းဆီးရမိကြောင်း  သတင်းရရှိသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့  တပ်စု(၃၇)ပြည်မှ
ရဲတပ်ကြပ်ကြီး ယဉ်ဝင်းကျော် ရဲတပ်ကြပ်ကြီး မျိုးနိုင်ဦး ရဲတပ်
ကြပ်ကြီး ခက်ခက်ခိုင် တို့အဖွဲ့သည် သက်သေ ဦးတင်ဦးနှင့်ဦး
တင်ဌေးတို့လိုက်ပါပြီး မတ်လ(၈) ရက် နံနက်(၈)နာရီအချိန်ခန့်
ပြည်မြို့  ရွာဘဲရပ်ကွက် ရတနာထီးဖြူဘုရားဆိုင်ခန်းတွင်နေထိုင်
သူဒေါ်ကြည်ကြည်သိန်းသည် မူးယစ်ဆေးဝါးဘိန်းဖြူများအား
ပြည်မြို့ ၌ တဆင့်လက်လီဖြန့်ဖြူးရောင်းချရန်အတွက် သယ်ဆေ
ာင်လာမည်ဖြစ်ကြောင်း သတင်းရှိခဲ့သည်ဆို၏။

ထို့ကြောင့် ရရှိထားသော သတင်းအရ ပြည်မြို့ အဝေးပြေးကားဂိ
တ်ဝန်းအတွင်း စောင့်ဆိုင်းနေစဉ် ဒေါ်ကြည်ကြည်သိန်းသည်ပလပ်
စတစ်အိတ်ဖြင့်ထုပ်ပိုးထားသည့် အထုပ်ငယ်တစ်ထုပ်အား
ကိုင်၍လမ်းလျှောက်လာသည်ကိုတွေ့ရှိသဖြင့် အဆိုပါအထုပ်အား
သက်သေများရှေ့ဖွင့်ဖေါက်ရှာဖွေစစ်ဆေးရာ အထုပ်အ
တွင်းရှိ ပုဇွန်ခြောက်ကြော်ထည့်ထားသည့် ပလပ်စတစ်ဗူးအ
ဖြူရောင်အတွင်း လျှို့ ဝှက်ထည့်သွင်းသယ်ဆောင်လာသော
ပင်နယ်ဆလင်ပုလင်း အဖုံးပိတ်ဖြင့်ထည့်လျှက် တစ်ပုလင်း
လျှင် ဘိန်းဖြူမှုန့်အလေးချိန်(၀.၃)ဂရမ်စီပါ(၅)ပုလင်း စုစုပေါင်း
ဘိန်းဖြူအလေးချိန်(၁.၅)ဂရမ်အား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။

အဆိုပါမူးယစ်ဆေးဝါး ဘိန်းဖြူများနှင့်အတူဖမ်းဆီးရမိသူ ဒေါ်
ကြည်ကြည်သိန်း အားမေးမြန်းရာ ဖမ်းဆီးရမိဘိန်းဖြူများအား
ယခင်ပြည်မြို့  ဆင်စုရပ်ကွက်တွင်နေထိုင်ပြီး ယခုနေပြည်တော်
တွင်နေထိုင်သူ ရဲထွဋ်ဝင်း(ခ)ကုလား ထံမှဘိန်းဖြူပင်နဆလင်
(၅)ပုလင်းအား ၁၈၀၀၀၀ိ/ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး ရဲထွဋ်ဝင်း(ခ)
ကုလားမှASIA မှန်လုံယာဉ်ဖြင့်ပို့ဆောင်ပေးကြောင်းပြောပြအပ်
နှံခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှသိရသ
ည်။

ထို့ကြောင့်ဘိန်းဖြူများနှင့် လက်ဝယ်တွေ့ ရှိသူ ဒေါ်ကြည်ကြည်
သန်းနှင့်ရဲထွဋ်ဝင်း(ခ)ကုလားတို့နှစ်ဦးအားသည် မူးယစ်ဆေးဝါး
နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅
/၁၆(ဂ)/၂၁ အရ ပြည်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထား
ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


Read More...

ကားတစ်စီးလမ်းဘေးဓါတ်တိုင်ဝင်တိုက်မိပြီး လမ်းဘေးထိုးကျ

Leave a Comment

ကားတစ်စီးလမ်းဘေးဓါတ်တိုင်ဝင်တိုက်မိပြီး လမ်းဘေးထိုးကျ

ရွှေတောင်  မတ် (၁၀)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင် ၊ရွှေတောင်မြို့နယ်၊နွားမယံအုပ်စု၊
ပုတ္တန်းရွာအနီးတွင် မော်တော်ယာဉ်တစ်စီးမှလမ်းဘေးဓါတ်တိုင်
အားဝင်ရောက်တိုက်မိ၍ လမ်းဘေးသို့ထိုးကျခဲ့မှု မတ်လ(၉)ရက်
နေ့ နေ့လည်(၄)နာရီ (၃၀)အချိန်ခန်၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရာသို့ ဒုရဲအုပ် အေးမင်းထွဋ်နှင့်ရပ်ကွက်
အုပ်ချုပ်ရေးအဖွဲ့များသွားရောက်စစ်ဆေးခဲ့ရာမှာ ရန်ကုန်-ပြည်ကား
လမ်းမိုင်တိုင်အမှတ်(၁၇၄/၃)နှင့်(၁၇၄/၄)အကြားတွင် ပြည်ဘက်မှ
ရန်ကုန်ဘက်သို့ သီဟဇော်(၂၄)နှစ်(ဘ)ဦးဇော်ဝင်းနိုင် ကုမဏ္ဏီယာဉ်
မောင်း၊ကြန့်နှစ်ကောင်ဘိလပ်မြေစက်ရုံ၊ဇေယျသုခလမ်း(က)ရပ်ကွက်
သင်္ကန်းကျွန်းမြို့နယ်နေသူမောင်းနှင်လာသော ယာဉ်အမှတ် 9E…….
Pajero အမျိုးအစားအဖြူရောင်ယာဉ်မှ နွားမယံအုပ်စု၊ပုတ္တန်းကျေးရွာ
ရှေ့အရောက်တွင် မျက်နှာချင်းဆိုင်မှလာသော ဆိုင်ကယ်အား ရှောင်
တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲလမ်း၏ ယာဘက်ခြမ်းရှိဓါတ်တိုင်အား
ဝင်တိုက်မိပြီး ပုတ္တန်းကျေးရွာအဝင် မြေနီလမ်းကုန်းဆင်းသို့ထိုးကျ
ရာ အနီးရှိသစ်ပင်အားဝင်တိုက်မိကာ ကားတိမ်းမှောက်ခဲ့ခြင်းဖြစ်
ကြောင်း သိရသည်။

ထိုသို့ကားတိမ်းမှောက်မှုကြောင့် သီဟဇော်တွင် နဖူးအလယ်ပေါက်ပြဲ၊
ယာညှပ်ရိုးနာကျင်ယာလက်ဖျံပွန်၊ဝဲလက်ညိုးလက်ခလယ်ကြားပွန်းပဲ့၊
ကောင်းမြတ်ကိုတွင် ယာဘင်ရင်အုံနာ၊ရန်နောင်စိုးတွင် ယာနံရိုးဖူးရောင်
ယာလက်မောင်ပွန်းခြစ်၊ဝဲနဖူးပွန်းပြဲ၊ယာလက်ခုံကွဲ၊မျက်ခုံး၊ယာဘက်ခြေ
သလုံးကွဲကာ ရင်ဘက်အောင့်သည့်ဒဏ်ရာများရရှိခဲ့သဖြင့် ရွှေတောင်
ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်းသိရပြီး ယာဉ်မှာ
ရှေ့ဦးခေါင်းပိုင်းကြေမွ၊နောက်ကိုယ်ထည်ပိုင်းပိန်ချိုင့်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဒုရဲအုပ် အေးမင်းထွဋ်မှ ယာဉ်မောင် သီဟဇော်အား
ဥပဒေအရအရေးယူပေးရန်တိုင်ကြားခဲ့သဖြင့် ရွှေတောင်မြို့မရဲစခန်းယာဉ်
(ပ)၁၉/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၃၇/၃၃၈ အရအမှုဖွင့်ထားရှိပြီး
လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

Saturday, March 4, 2017

ရွှေဘုံသာစေတီတော်မြတ်ကြီး၏ အထွတ်သို့ စိန်ဖူးတော်၊ ငှက်မြတ်နားတော် မင်္ဂလာအထွဋ်တင် တပ်ဆင်ခြင်းအခမ်း အနားကျင်းပ

Leave a Comment

ရွှေဘုံသာစေတီတော်မြတ်ကြီး၏ အထွတ်သို့ စိန်ဖူးတော်၊
ငှက်မြတ်နားတော် မင်္ဂလာအထွဋ်တင် တပ်ဆင်ခြင်းအခမ်း
အနားကျင်းပ

ပန်းတောင်းမြို့ မတ်လ(၅) ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့၊ရွှေဘုံသာစေတီတော်
မြတ်ကြီး၏အထွတ်သို့ရတနာစိန်ဖူးတော်၊ရတနာငှက်မြတ်နားတော်
တို့အား စေတီတော်မြတ်ကြီးထီတော်သို့ ပင့်ဆောင်ပူဇော်တင်လှူပွဲကို 
မတ်လ(၅)ရက်နေ့ နံနက်(၉)နာရီအချိန်သန္တိသုခဓမ္မာရုံ ရွှေဘုံသာမုနိ
စေတီတော်မြတ်ကြီးရင်ပြင်တော်တွင် ကျပ်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအား အစီအစဉ်နှစ်ပိုင်းခွဲ၍ ကျင်းပရာ အခမ်းအနားအစီ
အစဉ်အရ သြဝါဒစရိယ ဆရာတော်ကြီးများထံမှ စိန်ဖူးတော်နှင်ငှက်
မြတ်နားတော်တို့အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့်ဘ
ဏ္ဍာရေးဝန်ကြီး၊ဒကစမှူးနှင့်အဖွဲ့တို့က အလှူခံရယူခြင်းနှင့်ရွှေဘုံသာ
မုနိစေတီတော်မြတ်ကြီးအားလက်ယာရစ်လှည့်လည်အပူဇော်ခံခြင်း၊
ရတနာစိန်ဖူးတော်နှင့်ရတနာငှက်မြတ်နားတော်တို့အား ပန်းရထား
ဖြင့်စေတီတော်မြတ်ကြီးထီးတော်သို့ပင့်ဆောင်ခြင်း၊သြဝါဒဆရာေ
တ်ာကြီးများက ရွှေဘုံသာမုနိစေတီတော်မှစိန်ဖူးတော်၊ငှက်မြတ်နား
တော်တို့အား အနေကဇာတင်ခြင်းနှင့်အခမ်းအနားကို ဗုဒ္ဓ-သာသနံ-
စိရံ တိဌတု(၃)ကြီမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခြင်းတို့ဆောင်
ရွက်ခဲ့ ကြသည်။

အဆိုပါအခမ်းအနားသို့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှဝန်ကြီး၊
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှဒေသကွပ်ကဲရေးမှူး၊ပန်းတောင်းတပ်နယ်
မှတပ်မှူးနှင့်မိသားစုများ၊ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊မြို့နယ်အထွေ
ထွေအုပ်ချုပ်ရေးမှူးနှင့်အလှူရှင်များ၊ကျေးရွာသူ/ကျေးရွာသားများတက်
ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ






Read More...

Facebook Like Page