Friday, March 10, 2017

ပုဇွန်ခြောက်ကြော်ထည့်ထားသည့်ဗူးဖြင့်ရောကာ သယ်လာသည့် ဘိန်းဖြူ ပြည်မြို့တွင် ဖမ်းဆီး

Leave a Comment

ပုဇွန်ခြောက်ကြော်ထည့်ထားသည့်ဗူးဖြင့်ရောကာ
သယ်လာသည့် ဘိန်းဖြူ ပြည်မြို့တွင် ဖမ်းဆီးရမိ

ပြည် မတ်လ(၁၀)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့  အဝေးပြေးကားကြီးဂိတ်ဝန်းအတွင်း ပုစဇန်ခြောက်ကြော်ထည့်ထားသည့်ဗူးဖြင့်ရောကာ ဘိန်းဖြူ သယ်ဆောင်လာသည့် အမျိုးသမီးတစ်ဦးအားမတ်
လ(၈)ရက်နေ့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့
မှဖမ်းဆီးရမိကြောင်း  သတင်းရရှိသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့  တပ်စု(၃၇)ပြည်မှ
ရဲတပ်ကြပ်ကြီး ယဉ်ဝင်းကျော် ရဲတပ်ကြပ်ကြီး မျိုးနိုင်ဦး ရဲတပ်
ကြပ်ကြီး ခက်ခက်ခိုင် တို့အဖွဲ့သည် သက်သေ ဦးတင်ဦးနှင့်ဦး
တင်ဌေးတို့လိုက်ပါပြီး မတ်လ(၈) ရက် နံနက်(၈)နာရီအချိန်ခန့်
ပြည်မြို့  ရွာဘဲရပ်ကွက် ရတနာထီးဖြူဘုရားဆိုင်ခန်းတွင်နေထိုင်
သူဒေါ်ကြည်ကြည်သိန်းသည် မူးယစ်ဆေးဝါးဘိန်းဖြူများအား
ပြည်မြို့ ၌ တဆင့်လက်လီဖြန့်ဖြူးရောင်းချရန်အတွက် သယ်ဆေ
ာင်လာမည်ဖြစ်ကြောင်း သတင်းရှိခဲ့သည်ဆို၏။

ထို့ကြောင့် ရရှိထားသော သတင်းအရ ပြည်မြို့ အဝေးပြေးကားဂိ
တ်ဝန်းအတွင်း စောင့်ဆိုင်းနေစဉ် ဒေါ်ကြည်ကြည်သိန်းသည်ပလပ်
စတစ်အိတ်ဖြင့်ထုပ်ပိုးထားသည့် အထုပ်ငယ်တစ်ထုပ်အား
ကိုင်၍လမ်းလျှောက်လာသည်ကိုတွေ့ရှိသဖြင့် အဆိုပါအထုပ်အား
သက်သေများရှေ့ဖွင့်ဖေါက်ရှာဖွေစစ်ဆေးရာ အထုပ်အ
တွင်းရှိ ပုဇွန်ခြောက်ကြော်ထည့်ထားသည့် ပလပ်စတစ်ဗူးအ
ဖြူရောင်အတွင်း လျှို့ ဝှက်ထည့်သွင်းသယ်ဆောင်လာသော
ပင်နယ်ဆလင်ပုလင်း အဖုံးပိတ်ဖြင့်ထည့်လျှက် တစ်ပုလင်း
လျှင် ဘိန်းဖြူမှုန့်အလေးချိန်(၀.၃)ဂရမ်စီပါ(၅)ပုလင်း စုစုပေါင်း
ဘိန်းဖြူအလေးချိန်(၁.၅)ဂရမ်အား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။

အဆိုပါမူးယစ်ဆေးဝါး ဘိန်းဖြူများနှင့်အတူဖမ်းဆီးရမိသူ ဒေါ်
ကြည်ကြည်သိန်း အားမေးမြန်းရာ ဖမ်းဆီးရမိဘိန်းဖြူများအား
ယခင်ပြည်မြို့  ဆင်စုရပ်ကွက်တွင်နေထိုင်ပြီး ယခုနေပြည်တော်
တွင်နေထိုင်သူ ရဲထွဋ်ဝင်း(ခ)ကုလား ထံမှဘိန်းဖြူပင်နဆလင်
(၅)ပုလင်းအား ၁၈၀၀၀၀ိ/ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး ရဲထွဋ်ဝင်း(ခ)
ကုလားမှASIA မှန်လုံယာဉ်ဖြင့်ပို့ဆောင်ပေးကြောင်းပြောပြအပ်
နှံခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှသိရသ
ည်။

ထို့ကြောင့်ဘိန်းဖြူများနှင့် လက်ဝယ်တွေ့ ရှိသူ ဒေါ်ကြည်ကြည်
သန်းနှင့်ရဲထွဋ်ဝင်း(ခ)ကုလားတို့နှစ်ဦးအားသည် မူးယစ်ဆေးဝါး
နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅
/၁၆(ဂ)/၂၁ အရ ပြည်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထား
ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


0 comments:

Post a Comment

Facebook Like Page