Wednesday, March 15, 2017

ဟိုတယ်ဖွင့်ရန် ဆောက်လုပ်နေသည့်(၆)ထပ်အဆောက်အဦးပေါ်မှ ဓာတ်လှေကားတပ်ဆင်နေသည့် ၀န်ထမ်း(၁)ဦး ပြုတ်ကျသေဆုံး

Leave a Comment
ဟိုတယ်ဖွင့်ရန် ဆောက်လုပ်နေသည့်(၆)ထပ်အဆောက်အဦးပေါ်မှ
ဓာတ်လှေကားတပ်ဆင်နေသည့် ၀န်ထမ်း(၁)ဦး ပြုတ်ကျသေဆုံး

ပြည် မတ်လ(၁၃)ရက်နေ့
ပြည်မြို့၊ ဆင်စုရပ်ကွက်၊ ကမ်းနားလမ်းတွင် ဆောက်လုပ်နေသော(၆)
ထပ်အဆောက်အဦး(ဟိုတယ်-အမည်မပေးရသေး)ပေါ်မှဓာတ်လှေကား
တပ်ဆင်နေသည့်ဝန်ထမ်း(၁)ဦး ပြုတ်ကျ၍သေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မတ် (၁၂)ရက်နေ့ နေ့လည်(၂)နာရီ(၃၀)အချိန်ခန့်ပြည်မြို့၊
ဆင်စုရပ်ကွက်၊ ကမ်းနားလမ်းတွင် ဆောက်လုပ်နေသော (၆)ထပ်အ
ဆောက်အဦးတွင် ဓာတ်လှေကားတပ်ဆင်နေသည့် KLEE MANNေ
ဆာက်လုပ်ရေးကုမ္ပဏီဝန်ထမ်း ဦးနေလင်း(ခ)နေလင်းနိုင် မှာ ရဲကျော်
ထက် ၊ကောင်းဝေသော်၊ရန်ကုန်တိုင်းဒေသကြီးနေသူတို့နှင့်အတူ ဓာတ်
လှေကားတပ်ဆင်နေစဉ် မြေညီထပ်တွင် တပ်ဆင်ဆဲဖြစ်သော ဓာတ်ေ
လှကားအတွက် လိုအပ်သော ၀ါယာကြိုးအား(၅)ထပ်တွင်ရှိသည့် တပ်
ဆင်ပြီး ဓာတ်လှေကားတစ်စင်း၏ လူလိုက်ပါသောအခန်း ကြမ်းခင်းပေါ်
တွင် သွားယူခဲ့သည်။
ထို့နောက်ကြမ်းခင်းပေါ်သို့ တတ်ရန်အတွက် အမြင့်(၁ ပေ၊ ၁ လက်မ)
ခါးလုံးပတ်အချင်း(၃)ပေရှိ UNITEX အမျိုးအစား(၅)ဂါလံဝင်ရေဆေးပုံး
ခွံပေါ်မှ တဆင့် နင်းပြီး တက်လိုက်စဉ် ပုံးခွံမှာ ဟန်ချက်ပျက်သွားပြီးလူ
နှင့်ပုံးခွံမှာ အမြင့် (၅၀)ပေခန့်ရှိ ဓာတ်လှေကားလမ်းကြောင်း အတိုင်း
မြေညီထပ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရဆို၏။
ထိုသို့ အမြင့်(၅၀)ပေခန့်မှ ပြုတ်ကျခဲ့သဖြင့် ဦးနေလင်း (ခ) နေလင်းနိုင်
(၃၈)နှစ် (ဘ)ဦးလှိုင်မြင့်၊ဓာတ်လှေကားမောင်း၊ အမှတ်(၃၉၀/က)၊(၁၃)
ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူတွင်ယာ
ဘက်လက်မောင်းရိုးကျိုးပြီး အပြင်သို့ ဖောက်ထွက်နေသောဒဏ်ရာ၊နဖူး
ဝဲဘက် ပွန်းပဲ့ဒဏ်ရာ၊ ၀ဲဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်တင်ပါး
ပွန်းပဲ့ဒဏ်ရာ၊ ယာဘက် ခြေသလုံးအတွင်းပိုင်း ပွန်းပဲ့ဒဏ်ရာများဖြင့် ပြည်
သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးနေလင်း(ခ) နေလင်းနိုင် သေဆုံးရခြင်းမှဓမ္မတာ
အတိုင်း သေဆုံးရခြင်း ဟုတ်/မဟုတ် သေမှုသေခင်းရေးဖွင့်ဆောင်ရွက်ပေး
ပါရန် ရဲအုပ် လှဝင်း မှတိုင်တိုင်တန်းချက်အရ ၍ ပြည်မြို့မရဲစခန်း သေမှုသေ
ခင်းအမှတ်စဉ် ၆/၂၀၁၇ ဖြင့် ရေးဖွင့်ဆောင်ရွက်ထားရှိကာ အမှုအား ဒုရဲမှူး
တင်ကို မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
ဓါတ်ပုံ ရာပြည့်


0 comments:

Post a Comment

Facebook Like Page