Saturday, March 4, 2017

ပြည်လူငယ့်ရိပ်မြုံ (Pyay Youth’s Center)ဖြစ်မြောက်ရေး အလှူငွေ ပေးအပ်လက်ခံပွဲကျင်းပ

Leave a Comment



ပြည်လူငယ့်ရိပ်မြုံ (Pyay Youth’s Center)ဖြစ်မြောက်ရေး အလှူငွေ
ပေးအပ်လက်ခံပွဲကျင်းပ

ပြည် မတ်လ(၅)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့ရှိပြည်လူငယ့်ရိပ်မြုံ (Pyay Youth’s Center)
ဖြစ်မြောက်ရေး အလှူငွေပေးအပ်လက်ခံပွဲအခမ်းအနားအား ပြည်မြို့ ၊ရွာဘဲရပ်ကွက်
သီရိခေတ္တရာခန်းမ၌ မတ်လ(၃)ရက်နေ့ နံနက်(၁၀)နာရီတွင် ကျင်းပခဲ့ကြောင်းသိရ
သည်။
အခမ်းအနားတွင် ပြည်လူငယ့်ရိပ်မြုံ (Pyay Youth’s Center)ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်
ချက်နှင့် လုပ်ငန်းစဉ်များအား ပြည်လူငယ့်ရိပ်မြုံဖြစ်မြောက်ရေးအဖွဲ့ကိုယ်စား အဖွဲ့၏အ
စီစဉ်ညှိုနှိုင်းဆောင်ရွက်ရေးမှူး ကိုစောသီဟမှရှင်းလင်းပြောကြားခြင်း၊ ပဲခူးတိုင်းဒေသကြီး
လွှတ်တော်လွှတ်တော် ဒုဥက္ကဌ ဦးကြည်ဝင်းမှ အမှာစကားပြောကြားခြင်း၊ပဲခူးတိုင်းဒေသ
ကြီး အမှတ်(၈)မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်မှ
အမှာစကားပြေည်ကြားခြင်း၊ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်မှအမှာ စကားပြောကြားခြင်းတို့ဆောင်ရွက်ခဲ့ကျပြီး တက်ရောက်လာသော ဂုဏ်သရေရှိလူကြီးမင်း
များနှင့်အဖွဲ့အသီးသီးမှအလှူငွေများပေးအပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ပြည်လူငယ့်ရိပ်မြုံသည် ဒေသသအတွင်းရှိလူငယ်များ အရည်အသွေး ပြည့်ဝစေရန် စွမ်း
ဆောင်ရည်မြှင့်သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊အလုပ်အကိုင်အခွင့်အလမ်းအတွက် အသ
က်မွေးပညာရပ်ဆိုင်ရာ သင်တန်းများစီစဉ်ပေးခြင်း ၊ ပညာသင်ဆုနှင့်ဘဝတက်လမ်းဆိုင်ရာ
သတင်းအချက်အလက်များ မျှဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းတို့ လုပ်ဆောင်သွား
မှာဖြစ်ပြီး လူထုယုံကြည် အားကိုးရသော ဂုဏ်သိက္ခာပြည့်ဝသည့် အဖွဲ့အစည်းအဖြစ် ရေ
ရှည်ရပ်တည်နိုင်အောင် ဆောင်ရွက်သွားမည်ဟုလည်းသိရသည်။

အဆိုပါလူငယ့်ရိပ်မြုံဖြစ်မြောက်ရေး အလှူငွေပေးအပ်ပွဲသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်
လွှတ်တော် ဒုဥက္ကဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ ၊ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေး
မှူးနှင့်ဘဏ်အသီးသီးရှိအလှူရှင်များ၊ အခြားအလှူရှင်များ၊ပရဟိတအဖွဲ့များတက်ရောက်ခဲ့
ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

Friday, March 3, 2017

PGDMA(18) ဘွဲ့ရ အလယ်တန်းပြ ဝင်ခွင့်သင်တန်း(၁.၃.၂၀၁၇)ရက်နေ့ သင်တန်းဖွင့်မည်

Leave a Comment

PGDMA(18) ဘွဲ့ရ အလယ်တန်းပြ
ဝင်ခွင့်သင်တန်း(၁.၃.၂၀၁၇)ရက်နေ့
သင်တန်းဖွင့်မည်

အနန္တငါးပါး ဦးထိပ်ထားလျှက်
ဆရာစိန်ထွန်းတောက်(ခ)ဦးစိန်တိုး
ဆရာ၊ဆရာမ များစွာမွေးထုတ်ပေးရာ
ထွန်းတောက်ပညာ့ရိပ်သာ
PGDAM(18) ဘွဲ့ရ အလယ်တန်းပြ ဝင်ခွင့်
သင်တန်း(၁.၃.၂၀၁၇)ရက်နေ့ သင်တန်းဖွင့်
မည်။

စာမေးပွဲဖြေရက်(၄.၄.၂၀၁၇)ရက်နေ့

-----------ဆက်သွယ်ရန်----------
အမှတ်(၆၇၄)၊ရေလွှဲပေါက်လမ်း၊နဝင်းရပ်၊ရွှေပလ္လင်မှော်
ဘုရားအနီး၊ပြည်မြို့။
ဖုန်း....09-976327123 / 09-450194863 /
09-421744703/09-779945357 /09-777447125

Read More...

Thursday, March 2, 2017

ပြည်လူငယ့်ရိပ်မြုံ(Pyay Younth's Center)ဖြစ်မြောက် ရေး အလှူငွေပေးအပ်လက်ခံပွဲ

Leave a Comment

ပြည်လူငယ့်ရိပ်မြုံ(Pyay Younth's Center)ဖြစ်မြောက်
ရေး အလှူငွေပေးအပ်လက်ခံပွဲ အခမ်းအနားအား ပြည်
မြို့ ရွာဘဲရပ်ကွက် သီရိခေတ္တရာခန်းမ၌ မတ်လ(၃)ရက်
နေ့ နံနက်(၁၀)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းဓါတ်ပုံ ပြည့်သဲမောင်(ပြည်)09-4236 71883




Read More...

သတင်းထောက်များအား ဖိတ်ကြားအပ်ပါသည်

Leave a Comment

သတင်းထောက်များအား ဖိတ်ကြားအပ်ပါသည်

ပန်းတောင်းမြို့ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး၏
ထီးတော်သို့ စိန်ဖူးတော် ငှက်မြတ်နားတော် ပင့်ဆောင်
ခြင်းနှင့်ရွှေသင်္ကန်းကပ်လှူပူဇော်မူ စုပေါင်းရေစက်ချအ
လှူတော်မင်္ဂလာအား သတင်းဌာနအသီးသီးမှ သတင်း
ထောက်များကို ပြည်သတင်းမှတင့်ထပ်မံဖိတ်ကြားပေး
ခြင်းဖြစ်ပါသည်။

အခမ်းအနားအား မတ်လ(၅)ရက်နေ့ နံနက်(၉)နာရီအ
ချိန် သန္တိသုခဓမ္မာရုံ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး
ရင်ပြင်တော်တွင်းပြုလုပ်မည်ဖြစ်ကြောင်း ဖိတ်ကြားအပ်
ပါသည်။

ပြည်သတင်း

Read More...

Wednesday, March 1, 2017

ပထမနှစ်ကျောင်းသား ကြိုးဆွဲချသေဆုံးမှု ပြည်မြို့တွင် ဖြစ်ပွား

Leave a Comment

ပထမနှစ်ကျောင်းသား ကြိုးဆွဲချသေဆုံးမှု ပြည်မြို့တွင် ဖြစ်ပွား

ပြည်  မေလ       ၁   ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့ ၊ရွာဘဲနယ်မြေ ၊ကိုးသောင်း
ပဒေသာရပ်တွင် မေလ(၁)ရက်နေ့ နံနက်(၉)နာရီ (၃၀) အချိန်ခန့်က
ပထမနှစ်ကျောင်းသား တစ်ဦးကြိုးဆွဲချသေဆုံးခဲ့ကြောင်း သတင်းရရှိ
သည်။

အဆိုပါ သေဆုံးသူမှာ ညီမင်းမြတ်(ခ)ဖိုးသား(၁၉)နှစ်၊(ဘ)ဦးယုဆွေ
ပြည်တက္ကသိုလ်မှ ပထမနှစ် ဓာတုဗေဒ၊DAY ကျောင်းသားတစ်ဦးဖြစ်ပြီး
၁ခ-၂၆၅ (၂)နှစ်ကျ အပြင်ဖြေ ကိုသောင်းပဒေသာရပ်တွင် နေထိုင်သူဖြစ်
ကြောင်းသိရပြီး ၄င်း၏နေအိမ် နှစ်ထပ်ပျဉ်ကာ၊ပျဉ်ခင်း၊သွပ်မိုး အပေါ်ထပ်
ထုတ်တန်း အရှည်(၃)ပေ၊(၇)လက်မခန့်ရှိ ရှုးဖိနပ်နိုင်လွန်ကြိုးစနှစ်ဖက်အား
ထုတ်တန်းတွင်ချည်နှေင်လျက် ခြေထောက်နှင့်ကြမ်းခင်း အနည်းငယ်ခန့်လွတ်
၍ ကြိုးဆွဲချသေဆုံးနေကြောင်း နေအိမ်ခေါင်းရင်းဘက်ကပ်လျက်နေသူ ထွန်း
မိုးမှ ၄င်း၏ဖုန်းပြုပြင်ရန် အကူအညီတောင်းခံရန်အတွက် နေအိမ်ပေါ်သို့တက်
လာစဉ်တွေ့ရှိရာ ရဲစခန်းသို့အကြောင်းကြားခဲ့သည်ဟု ဆို၏။

သေဆုံးရခြင်းနှင့်ပတ်သက်၍ စုံစမ်းရာ ညီမင်းမြတ်(ခ)ဖိုးသားသည် မိခင်ဖြစ်သူ
ဒေါ်ရီရီဝင်း၊ ညီမဖြစ်သူ  မ……၊မ……တို့နှင့်အတူနေထိုင်ပြီး ဖခင်ဖြစ်သူ ဦးယုဆွေ
မှ လွန်ခဲ့သော(၃)လခန့်က ကွယ်လွန်သွားခဲ့ပြီး စိတ်ထိခိုက်နေရခြင်း၊မိသားစုကိစ္စ
နှင့်ပတ်သက်၍ စိတ်ထိခိုက်နေရခြင်းတို့ရှိသည်ဟု စုံစမ်းသိရှိရသည်။

ထို့ကြောင့် ညီမင်းမြတ်(ခ)ဖိုးသား သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ဓမ္မတာအတိုင်း
သေဆုံးခြင်း  ဟုတ်/မဟုတ်စစ်ဆေးပေးရန် ဒုရဲအုပ် ထူးသူရမောင်မှ တိုင်တန်းခဲ့
သဖြင့် သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၇ ဖြင့်အမှုဖွင့်ကာ အမှုအား ဒုရဲမှူး တင်ကို
မှလက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883


ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

Read More...

Facebook Like Page