Saturday, March 4, 2017

ပြည်လူငယ့်ရိပ်မြုံ (Pyay Youth’s Center)ဖြစ်မြောက်ရေး အလှူငွေ ပေးအပ်လက်ခံပွဲကျင်းပ

Leave a Comment



ပြည်လူငယ့်ရိပ်မြုံ (Pyay Youth’s Center)ဖြစ်မြောက်ရေး အလှူငွေ
ပေးအပ်လက်ခံပွဲကျင်းပ

ပြည် မတ်လ(၅)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့ရှိပြည်လူငယ့်ရိပ်မြုံ (Pyay Youth’s Center)
ဖြစ်မြောက်ရေး အလှူငွေပေးအပ်လက်ခံပွဲအခမ်းအနားအား ပြည်မြို့ ၊ရွာဘဲရပ်ကွက်
သီရိခေတ္တရာခန်းမ၌ မတ်လ(၃)ရက်နေ့ နံနက်(၁၀)နာရီတွင် ကျင်းပခဲ့ကြောင်းသိရ
သည်။
အခမ်းအနားတွင် ပြည်လူငယ့်ရိပ်မြုံ (Pyay Youth’s Center)ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်
ချက်နှင့် လုပ်ငန်းစဉ်များအား ပြည်လူငယ့်ရိပ်မြုံဖြစ်မြောက်ရေးအဖွဲ့ကိုယ်စား အဖွဲ့၏အ
စီစဉ်ညှိုနှိုင်းဆောင်ရွက်ရေးမှူး ကိုစောသီဟမှရှင်းလင်းပြောကြားခြင်း၊ ပဲခူးတိုင်းဒေသကြီး
လွှတ်တော်လွှတ်တော် ဒုဥက္ကဌ ဦးကြည်ဝင်းမှ အမှာစကားပြောကြားခြင်း၊ပဲခူးတိုင်းဒေသ
ကြီး အမှတ်(၈)မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်မှ
အမှာစကားပြေည်ကြားခြင်း၊ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်မှအမှာ စကားပြောကြားခြင်းတို့ဆောင်ရွက်ခဲ့ကျပြီး တက်ရောက်လာသော ဂုဏ်သရေရှိလူကြီးမင်း
များနှင့်အဖွဲ့အသီးသီးမှအလှူငွေများပေးအပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ပြည်လူငယ့်ရိပ်မြုံသည် ဒေသသအတွင်းရှိလူငယ်များ အရည်အသွေး ပြည့်ဝစေရန် စွမ်း
ဆောင်ရည်မြှင့်သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊အလုပ်အကိုင်အခွင့်အလမ်းအတွက် အသ
က်မွေးပညာရပ်ဆိုင်ရာ သင်တန်းများစီစဉ်ပေးခြင်း ၊ ပညာသင်ဆုနှင့်ဘဝတက်လမ်းဆိုင်ရာ
သတင်းအချက်အလက်များ မျှဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းတို့ လုပ်ဆောင်သွား
မှာဖြစ်ပြီး လူထုယုံကြည် အားကိုးရသော ဂုဏ်သိက္ခာပြည့်ဝသည့် အဖွဲ့အစည်းအဖြစ် ရေ
ရှည်ရပ်တည်နိုင်အောင် ဆောင်ရွက်သွားမည်ဟုလည်းသိရသည်။

အဆိုပါလူငယ့်ရိပ်မြုံဖြစ်မြောက်ရေး အလှူငွေပေးအပ်ပွဲသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်
လွှတ်တော် ဒုဥက္ကဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ ၊ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေး
မှူးနှင့်ဘဏ်အသီးသီးရှိအလှူရှင်များ၊ အခြားအလှူရှင်များ၊ပရဟိတအဖွဲ့များတက်ရောက်ခဲ့
ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



0 comments:

Post a Comment

Facebook Like Page