Friday, February 24, 2017

အချက်ပြမီးမပြဘဲချိုးကွေ့သည့်ကားနှင့် ယာဉ်နောက်ကိုကပ်လိုက်သည့်ဆိုင်ကယ်တို့ တိုက်မှုဖြစ်

Leave a Comment
အချက်ပြမီးမပြဘဲချိုးကွေ့သည့်ကားနှင့်

ယာဉ်နောက်ကိုကပ်လိုက်သည့်ဆိုင်ကယ်တို့ တိုက်မှုဖြစ်

ရွှေတောင် ဖေဖော်ဝါရီ(၂၄)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ် ၊ရန်ကုန်-ပြည်
ကားလမ်းမပေါ် ပုရပိုဒ်တန်းရွာတွင် ဖေဖော်ဝါရီ(၂၃)ရက်နေ့ ညနေ
(၅)နာရီ (၃၀)အချိန်ခန့် ဆိုင်ကယ်နှင့်ကား ယာဉ်တိုက်မှုဖြစ်ပွားခဲ့
ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား
ကြောင်းသတင်းအရ ရွှေတောင်မြို့မရဲစခန်းမှ ဒုရဲအုပ်ဇော်သန်းထိုက်
နှင့်အဖွဲ့သည် သွားရောက်စစ်ဆေးခဲ့သည်ဆို၏။

ထိုသို့သွားရောက်စစ်ဆေးရာ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်
အမှတ်(၁၇၂/၃)နှင့်(၁၇၂/၄)အကြား ပုရပိုဒ်တန်းရွာတွင် ပြည်
ဘက်မှရန်ကုန်ဘက်သို့ ဝေယံ(၂၃)နှစ်၊(ဘ)ဦးကျော်နိုင်ဝင်း ၊ပု
တီးကုန်းမြို့နေသူ မောင်းနှင်ပြီးယာဉ်ပေါ်တွင် သက်ကို၊အောင်
ဆွေဦး၊ကျော်မင်းထက် တို့လိုက်ပါလာသည့် YGN 1E……..နံ
ပါတ်ပြားပါ TOHKATSO အမျိုးအစား အပြာနုရောင်ယာဉ်မှာလမ်း
၏ ယာဘက်ခြမ်းသို့ အချပြမီးမပြဘဲ ရုတ်တရက်ချိုးကွေ့လိုက်စဉ်
နောက်မှ မောင်မောင်စိုး(၄၄)နှစ်၊(ဘ)ဦးငွေစိုး ပြည်မြို့နေသူ မောင်း
နှင်လာသည့် နံပါတ်ပြားမပါ Luojla-125 အနက်ရောင်ဆိုင်ကယ်
မှာ အရှိန်မထိန်းနိုင်ဘဲ ယာဉ်၏ဝဲဘက်ခြမ်းနောက်မြီးအား လမ်းမ
အလယ်တွင်ဝင်ရောက်တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ မောင်
မောင်စိုးတွင် ဝဲဘက်ဒူးခေါင်း ပေါက်ပြဲဒဏ်ရာ ၊ဗိုက်အောင့်/ခေါင်း
မူးဒဏ်ရာ ၊ဝဲဘက်ပေါင်/ခါးနာကျင်ဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ်ပေါ်ပါ
လာသူများမှာ ဒဏ်ရာရရှိမှုမရှိကြောင်းသိရရသည်။

ထိုသို့ ဆိုင်ကယ်နှင့်ယာဉ်တိုက်မှုဖြစ်ပွားပြီး TOHKATSO အမျိုးအစား
အပြာနုရောင်ယာဉ်မှာ လမ်း၏ ယာဘက်ခြမ်းရှိ KTV ဆိုင်ဝန်းထဲသို့
မောင်းနှင်ထွက်ပြေးခဲ့ပြီး ဆိုင်၏နောက်ခြံစည်းရိုးအနီးတွင် ကားအား
ရပ်တန့်ထားခဲ့ပြီး ကားမောင်နှင်သူမှာထွက်ပြေသွားခဲ့သည်။

ထို့ကြောင့်ဖြစ်စဉ်နှင့် ပတ်သက်၍ အချက်ပြမီးမပြဘဲ နောက်ယာဉ်ကြော
မရှင်းမီတစ်ဖက်ယာဉ်ကြောသို့ ချိုးကွေ့မောင်းနှင်သော မောင်ဝေယံနှင့် ဆိုင်ကယ်အားရှေ့ယာဉ်၏နောက်မှကပ်လျှက်မောင်းနှင်သူ မောင်မောင်စိုး 
တို့အား ဥပဒေအရအရေးယူပေးပါရန် ဒုရဲအုပ် ဇော်သန်းထိုက်မှတရားလို
ပြုလုပ်တိုင်တန်းသဖြင့် ရွှေတောင်မြို့မရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၇ ၊ ရာဇ
သတ်ကြီးပုဒ်မ ၃၃၈/၂၀၂ ဖြင့်အမှုဖွင့်ခဲ့ပြီး အမှုအား ဒုရဲအုပ်သန်းထိုက်မှ
လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

မှတ်ချက်။ ။ 1 ….အဆိုပါကားသည် KTV ဆိုင်မှပိုင်သော ကားမဟုတ်
ခြင်း ၊ 2..KTV ဆိုင်ထဲမှထွက်လာပြီး ယာဉ်တိုက်မှုဖြစ်တာ မဟုတ်ခြင်း ၊ 3
… အမှုဖြစ်စဉ်သည်၎င်းကောင်းဆိုင်နှင့် မသက်ဆိုင်သည့်အတွက်သတင်း
ကျင့်ဝတ်အရ KTV ဟုသာဖော်ပြခြင်း ဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာရှိ၍ ဆိုင်
အမည်ဖျောက်ထားခြင်းမဟုတ်ကြောင်းနှင့်ကားနံပတ်မဖော်ပြခြင်းကိုလဲဂျာ
နယ်နှင့်နေ့စဉ်သတင်းစာ ဖတ်ဖူးသူတိုင်းနားလည်လိမ့်မည်ထင်ပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

Thursday, February 23, 2017

“Ayeyarwaddy Rock Night Music Show ”

Leave a Comment



“Ayeyarwaddy Rock Night Music Show ”

ပြည်မြို့တွင် ကျင်းပပြုလုပ်မည့် Ayeyarwaddy Rock Night Music Show
ကို (၁၈.၃.၂၀၁၇)ရက်နေ့ ညနေ(၆)နာရီအချိန် ပြည်မြို့ မင်္ဂလာရွှေပြည်အားက
စားကွင်း၌ ကျပ်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Ayeyarwaddy Rock Night Music Show တွင်ပါဝင်သီဆိုဖျော်ဖြေ
မည့်အဆိုတော်များကတော့  “Rock ’’ တွေရဲ့အသဲကျော်ကြီး ဇော်ဝင်းထွဠ်၊ကော်
နီ ၊ ဖြူဖြူကျော်သိန်း ၊ ဂျီလတ် ၊ ဝေလ တို့ဖြစ်တယ်လို့ သိရပါတယ်။

လက်မှတ်များကိုတော့ ဖေဖော်ဝါရီ(၂၃)ရက်နေ့ ဒီနေ့မှာ ကြိုတင်လက်မှတ်များရောင်း
ချနေပြီး ၊ ကြိုတင်လက်မှတ်ရောင်းချသည့်နေရာတွေက သပြေ-မိုဘိုင်းနှင့်တေးသံသွင်း
လမ်းမတော် ၊ YES ကော်ဖီဆိုင် ဆိုင်(၁) ရွှေတစ်ချောင်းလမ်း ၊ ဆိုင်(၂)ကမ်းနားလမ်း ၊
Professor Fashion Shop ဗိုလ်ချုပ်လမ်း ၊ ရှားမီး-မုန့်တိုက် အဝေးပြေးကားဂိတ်အနီး ၊
Dim Sum House Pyay လမ်းမတော်လမ်း ၊ စွမ်းပြည့် - Online Shop ဗိုလ်ချုပ်လမ်း ၊
စသည့်နေရာများမှာ ရောင်းချပေးနေကြောင်းသိရသည်။

လက်မှတ်ဈေးနှုန်း အမျိုးအစား(၃)မျိုးခွဲခြားရောင်းချပြီး Free Standing -8000 kyats ၊
VIP – 25000 kyats ၊ Limited Edition – 30000 kyats ဖြင့်ရောင်ချသွားမည်ဖြစ်ကြောင်း
သိရှိရသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ






Read More...

ပစ္စတိုတစ်လက် ၊ကျည်တစ်တောင့် ၊ ဆန်တစ်ပြည် သရ၀ဏ်(ပြည်)

Leave a Comment

ပစ္စတိုတစ်လက် ၊ကျည်တစ်တောင့် ၊ ဆန်တစ်ပြည်
သရ၀ဏ်(ပြည်)
လူသတ်မှုတစ်ခုတွင် တရားခံ၏ဖော်ပြချက်အရ အခင်းဖြစ်ပွားရာတွင်အသုံးပြုခဲ့သော ပစ္စတိုသေနတ်နှင့်ငါးလုံးပြူးသေနတ်များကို ထိုင်းနိုင်ငံမယ်ဆိုင်ဘက်ကမ်းမှသွားရောက်ဝယ်ယူခဲ့ကြောင်းသိရသည် ။ သေနတ်တစ်လက်အတွက်ကျပ် ၂၅ သိန်းခန့် ပေးရကြောင်းသိရသည် ။ ကျည်ဆန်အတွက်လဲငွေပေးခဲ့ရဦးမည် ။ ကျည်တစ်တောင့်လျှင်အောက်ထစ် မြန်မာငွေ တစ်ထောင်ကျပ်လောက်တော့ပေးရမည် ။ မှောင်ခိုဈေးမို့ ဈေးကြီးပေးရခြင်းဖြစ်မည် ။ သို့ မဟုတ် သေနတ်ရလာသောနေရာကိုမပြောချင်သဖြင့် မှောင်ခိုဈေးကွက်ကိုလွှဲချခြင်းလည်းဖြစ်နိုင်သည် ။အော်သေနတ်တစ်လက်ဟာ သိန်းအစိတ် (၂၅ သိန်း)တန်ပါလားဟုကျွန်တော်တွေးနေမိသည် ။ အစိုးရက တရားဝင်လက်နက်စက်ရုံဖြင့်ထုတ်လုပ်သောသေနတ်တစ်လက်သည်ဘယ်လောက် ကျသင့်မှာပါလိမ့် ။ မှောင်ခိုဈေးကွက် ထက်တော့သက်သာမည်ဖြစ်သည် ။ ကျည်ဆန်တွေ ၊အမြောက်တွေ ၊ လောင်ချာတွေ ၊ မြေမြုပ်မိုင်းတွေ ၊ တိုက်လေယာဉ်တွေ ။ ဒါတွေအတွက်ငွေကတော့အတော်ကုန်မည့်သဘောရှိသည် ။ ဘယ်ရွေ့ ဘယ်မျှကုန်သည်ဟူ၍တော့ ကျွန်တော်တို့လည်း ဘတ်ဂျက်အသေးစိတ်မကြည့်ရသဖြင့် သိနိုင်ခြင်းမရှိ ။ ၀န်ကြီးဌာနများ၏ အသုံးစာရိတ်နှင့်ပြည်ပကြွေးမြီအသေးစိတ်ကိုသိလိုလျှင်သက်ဆိုင်ရာဝန်ကြီးဌာနကိုသာတိုက်ရိုက်မေးပါရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်မှာလာဖြေသွားသည် ။ စစ်ပွဲတွေကြောင့် ငွေတွေဘယ်လောက်ကုန်နေပြီလဲဟူသောမေးခွန်းမျိုးကား လွှတ်တော်တွင်မေးရဲကြမည်မထင် ။ မေးခဲ့လျှင်လည်း လွှတ်တော်ဥက္ကဌကြီးက ခွင့်ပြုမည်မထင် ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကရော လက်နက်တွေ ဘယ်ကရသလဲဆိုတာစိတ်ဝင်စားဖို့ ကောင်းသည် ။ သူတို့လဲ မှောင်ခိုဈေးကွက်ကပဲဝယ်သလား ။ ဒါမှမဟုတ် လက်နက်နှင့် ကျွန်းသစ်လဲတာလား ၊ လက်နက်နှင့် ကျောက်စိမ်းတုံးတွေလဲသလား ၊ လက်နက်နှင့်မူးယစ်ဆေးဝါးတွေလဲသလား ။ သေနတ်တစ်လက်ကို သိန်းအစိတ်နဲ့ပဲဝယ်ရတာလား ။ သူ့ထက်ပို၍ဈေးကြီးသလား ။တပ်သားတစ်ယောက်ကို သိန်းအစိတ်သုံးဆယ်ခန့်တန်သောလက်နက်တပ်ဆင်ထားလျှင် တပ်သားတစ်ထောင်ရှိသောအဖွဲ့ တွင်လက်နက်အတွက်ချည်း သိန်း နှစ်သောင်းခွဲရှိပေလိမ့်မည် ။လူတစ်ယောက်ကိုသိန်းအစိတ် ။ လူတွေသိန်းနှင့်ချီလာလျင် သိန်းတွေသိန်းချီကုန်ကျပေလိမ့်မည် ။ မြေမြှုပ်မိုင်းတို့  ၊ RPG ဗုံးသီးတို့  ၊လောင်ချာတို့  ၊ လက်ပစ်ဗုံးတို့  ၊ လက်နက်ကြီး တို့ ပါထည့်တွက်လျှင် ကုန်ကျငွေကနှစ်ဘက်စလုံးကြောက်ခမန်းလိလိဖြစ်သည် ။ လူနှစ်ဆယ်စီပါသောအဖွဲ့ တစ်ဖွဲ့ နာရီဝက်ခန့်ပစ်ခတ်တိုက်ခိုက်ကြသောကုန်ကျစားရိတ်သည် စာသင်ကျောင်းကောင်းကောင်းတစ်ကျောင်းဆောက်လို့ရသည် ။ တိုက်ပွဲကြီးတစ်ပွဲ၏ကုန်ကျစားရိတ်သည် ဆေးရုံကောင်းကောင်း တစ်ခုဆောက်လို့ရသည် ။ ကျည်ဆန်တစ်တောင့်သည်ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်မိသားစုတွေအတွက် ဆန်တစ်ပြည်ရနိုင်သည် ။မြန်မာနိုင်ငံတွင် တနေ့တစ်နေ့ ထမင်းနပ်မှန်အောင် မနည်းကိုရှာဖွေစားသောက်နေရသောသူများစွာရှိသည် ။မနက်စာစားပြီးလျှင်ညစာဘယ်တော့စားရမည်ဆိုတာမရေရာသော ဘ၀တွေများစွာရှိသည် ။
ဥရောပတွင်နေထိုင်ပြီး မြန်မာဧည့်သည်များကို ဧည့်လမ်းညွှန်လိုက်ပြနေသော သူငယ်ချင်းတစ်ယောက်ကပြောဖူးသည် ။ မြန်မာပြည်မှဥရောပသို့ လူတစ်ယောက်လျှင် ဒေါ်လာ ငါးထောင် ၊ ခြောက်ထောင် ၊တစ်သောင်းအထိ အကုန်ခံကာ လာလည်ကြသော ဒိတ်ဒိတ်ကျဲခရိုနီသူဌေးများအကြောင်းဖြစ်သည် ။ ထိုသူများသည် နာမည်ကြီးသူဌေးကြီးတွေဖြစ်သော်လည်း ခရီးစဉ်အတွင်းအချိန်လေးစားခြင်းမရှိ ၊ ကားထဲမှာအမှိုက်တွေဖွချင်လည်းဖွသွားသည်တဲ့ ။ နိုင်ငံခြားထုံးစံ ဘောက်ဆူး ( Tip ) ပေးဖို့ကျတော့လည်း မသိချင်ယောင်ဆောင်နေကြသည်တဲ့ ။ ဘယ်သူ့ ကိုမှမသထာတဲ့  ။ သူတို့အတွက်ကျ သိန်း အစိတ် ၊ သိန်းသုံးဆယ်တန်သော လက်ကိုင်အိတ်များကိုပင် ဆယ်လုံးခန့် ပက်ကနဲဝယ်ကြပါသတဲ့ ။ အပေါ်ယံအသုံးအဆောင်ရုပ်ဝတ္တုတွေအပေါ်မှာ အင်မတန်တပ်မက်ကြလေသတဲ့ ။သူတို့ခရီးဆောင်အိပ်ကိုသယ်ဖို့ပင် ဥရောပသို့ လူတစ်ယောက်သပ်သပ် ခေါ်လာပါသတဲ့။ အော်ဗဟုသုတရပြန်သည် ။ သစ်တွေခုတ်ကာချမ်းသာလာသောသူဌေးတစ်ယောက်၊ကျောက်တွေတူးကာချမ်းသာလာသည့်သူဌေးတစ်ယောက်သည် သိန်းအစိတ်တန် လက်ကိုင်အိပ်ကိုလည်း ဆယ်လုံးမက၀ယ်ချင်ဝယ်ပေမည် ။ဝယ်နိုင်သည့်ပိုက်ဆံရှိပေတာကိုး။ အိတ်တစ်လုံးသိန်းအစိတ် ၊ သေနတ်တစ်လက်သိန်းအစိတ် ၊ ဆန်တစ်ပြည်ကိုတော့ ငွေတစ်ထောင်သာရှိသည် ။ထိုတစ်ထောင်တန်ဆန်တစ်ပြည်ကို ၀၀လင်လင် လိုသလောက်မစားနိုင်သောသူတွေ မြန်မာပြည်မှာ ဒုနဲ့ဒေးရှိနေသည် ။ သစ်ပင်တွေဗုံးကနဲဗုံးကနဲလဲကျသွား၊ သေနတ်ကျည်ဆန်တွေ တဒိုင်းဒိုင်းပစ်ကြသည်ကို ဆန်မရှိသောဆန်အိုးဟောင်းလောင်းအား၊ ပါးစပ်ဟောင်းလောင်း ဗိုက်ဟောင်းလောင်းဖြင့်ကြည့်နေရသော ကလေးများ ၊ ကလေးမိခင်များ၊သက်ကြီးရွယ်အိုများကိုသနားဖို့ကောင်းသည် ။ လက်ကိုင်အိတ်တစ်လုံးလောက်လျော့ဝယ်ပြီး ကလေးတွေစားဖို့ဆန်တွေပေးကြပါလား ၊ သေနတ်တစ်လက်လောက်လျှော့လိုက်ပြီး အဟာရရှိမယ့်အစားအစာလေးတွေဝေငှလိုက်ပါလား ။ ကျည်ဆန်တစ်တောင့်စီလျှော့ပစ်ကြပြီး ဆန်တစ်ပြည်စီဝေပေးလိုက်ကြပါလား ။ လက်ကိုင်အိတ်နဲ့သေနတ်မရှိတော့ရောလောကကြီးက လှပနေတာပဲမဟုတ်လား ။ လူသတ်လက်နက်တွေနေရာမှာ စားစရာဆန်တွေ ဆီတွေ၊ကျောင်းစာအုပ်တွေ ၊ ကစားစရာတွေ ၊ဆေးဝါးတွေ၊ ပျော်ရွှင်ချမ်းမြေ့ခြင်းတွေရောက်ပါစေသော်(၀်) ။
သရ၀ဏ်(ပြည်)
Read More...

Tuesday, February 21, 2017

လေးဆူဓါတ်ပျော် ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဖူးမျှော်နိုင်ရန် ပြန်လည်မျှဝေ

Leave a Comment
လေးဆူဓါတ်ပျော် ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးအား
ဖူးမျှော်နိုင်ရန် ပြန်လည်မျှဝေ
ဓါတ်ပုံ ကိုညီ





Read More...

ပြည်မြို့ရှိ NSM Computer & Mobile မှ 2016 နှစ်ကုန်အထူး Promotion အနေဖြင့် ကျပ်တစ်သိန်းဖိုးနှင့်အထက်ဝယ်ယူသူတိုင်းအား ကံစမ်းမဲဖောက်ပေးမည့် အစီအစဉ်

Leave a Comment

ပြည်မြို့ရှိ NSM Computer & Mobile မှ 
2016 နှစ်ကုန်အထူး Promotion အနေဖြင့် 
ကျပ်တစ်သိန်းဖိုးနှင့်အထက်ဝယ်ယူသူတိုင်းအား
ကံစမ်းမဲဖောက်ပေးမည့် အစီအစဉ်.....

ပြည်မြို့ မီးရထားတိုက်တန်း၊တပ်လမ်းမောင်းကွေ့နှင့်မြို့သစ်အဝင်
လမ်း၊ဂိတ်ကြီးဝင်းအနီးတွင် ဖွင့်လှစ်ထားသော  NSM Computer
& Mobileမှ2016 နှစ်ကုန်အထူး Promotion အနေဖြင့် (၁.၁၂.
၂၀၁၆)မှ(၂၀.၂.၂၀၁၇) ထိ ကျပ်(၁)သိန်းဖိုးအထက်ဝယ်ယူအား
ပေးသူ မိဘပြည်သူများအတွက် ကံစမ်းမဲဖောက်ပေးမည့် အစီအ
စဉ်အား (၂၂.၂.၂၀၁၇)ရက်နေ့ ညနေ(၄)နာရီမှည(၇)နာရီခွဲအ
ချိန်ထိ ပြည်မြို့ မီးရထားတိုက်တန်း၊တပ်လမ်းမောင်းကွေ့တွင်
ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

အဆိုပါ ကံထူးရှင်များအား  ပထမဆု -  Honda Wave100
(2016) လိုင်စင်ပါပြီး ဆိုင်ကယ်(၁)စီး ၊ ဒုတိယဆု- Acer La
ptop (i3) (၁)လုံး ၊ တတိယဆု- Samsung Galaxy Alpha
(၁)လုံး အပြင် နှစ်သိမ့်ဆု(၃၀)ကတော့ Ooredoo Smart 
12S (၁၀)လုံး ၊ Ooredoo G 9 Keypad(၁၀)လုံး ၊ Powe 
bank(၁၀)ခုအား မဲဖောက်ပေးမှာဖြစ်ပါသည်။

ထို့အပြင် ဖျော်ဖြေရေးအစီအစဉ်များဖြစ်သော သီချင်သီဆိုဖျော်
ဖြေခြင်း ၊ Dancer အကအလှများဖြင့်ဖျော်ဖြေခြင်း ၊D-J ၊Game
ကစားခြင်း အပြင်လာရောက်ကြည့်ရှုအားပေးသူများအတွက် T 
Shart လက်ဆောင်အထည်(၁၀၀)ကိုလဲ မေတ္တာလက်ဆောင်
ပေးမှာဖြစ်ပါတယ်။ကံစမ်းမဲဖောက်မည့်ရက်တွင်လည်း ဗလာမ
ပါကံစမ်းမဲ အစီအစဉ်များလည်း စီစဉ်ထားရှိပါတယ်လို့ သတင်း
ကောင်းပါးအပ်ပါတယ်ခင်ဗျာ။

ဆက်လက်၍  (၁.၃.၂၀၁၇)ရက် မှ (၃၀.၄.၂၀၁၇)အထိ NSM 
Computer & Mobile မှပစ္စည်းဝယ်ယူအားပေးသူများအား ထပ်
မံ ကံစမ်းမဲဖောက်ပေးမည့်အစီအစဉ်များ ရှိပါကြောင်း အထူးသ
တင်းကောင်းပါးအပ်ပါတယ်ခင်ဗျ..........

 အခန်းအမှတ်(၃/၄)၊မီးရထားတိုက်တန်း၊တပ်လမ်းမောင်းကွေ့၊
ပြည်မြို့ ။ဆိုင် (၁)....ဖုန်း - ၀၅၃-၂၅၅၉၇ /၀၉ -၇၃၆၃၀၆၆၆ /
၀၉-၄၃၁၃၄၉၀၄ /၀၉ -၅၃၁၀၅၄၉ ။


Read More...

Facebook Like Page