Monday, February 20, 2017

အနန္တငါးပါး ဦးထိပ်ထားလျှက် ဆရာစိန်ထွန်းတောက်(ခ)ဦးစိန်တိုး ဆရာ၊ဆရာမ များစွာမွေးထုတ်ပေးရာ ထွန်းတောက်ပညာ့ရိပ်သာ PPTT(4)မူလတန်းပြ ဝင်ခွင့်သင်တန်း (၇.၂.၂၀၁၇)တန်းခွဲသစ်စတင်သင်မည်

Leave a Comment
PPTT(၄)မူလတန်းပြ ဝင်ခွင့်သင်တန်း
(၇.၂.၂၀၁၇)တန်းခွဲသစ်စတင်သင်မည်

အနန္တငါးပါး ဦးထိပ်ထားလျှက်
ဆရာစိန်ထွန်းတောက်(ခ)ဦးစိန်တိုး
ဆရာ၊ဆရာမ များစွာမွေးထုတ်ပေးရာ
ထွန်းတောက်ပညာ့ရိပ်သာ
PPTT(4)မူလတန်းပြ ဝင်ခွင့်သင်တန်း
(၇.၂.၂၀၁၇)တန်းခွဲသစ်စတင်သင်မည်
-----------ဆက်သွယ်ရန်----------
အမှတ်(၆၇၄)၊ရေလွှဲပေါက်လမ်း၊နဝင်းရပ်၊ရွှေပလ္လင်မှော်
ဘုရားအနီး၊ပြည်မြို့။
ဖုန်း....09-976327123 / 09-450194863 /09-421744703
09-779945357 /09-777447125


Read More...

Sunday, February 19, 2017

“ဖြိုး”စက်သုံးဆီရောင်းဝယ်ရေးဆိုင်၏ မီးလောင်မှုဖြစ်စဉ်

Leave a Comment

“ဖြိုး”စက်သုံးဆီရောင်းဝယ်ရေးဆိုင်၏ မီးလောင်မှုဖြစ်စဉ်

ပေါက်ခေါင်း ဖေဖော်ဝါရီ(၁၉)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပေါက်ခေါင်းမြို့၊သဖန်းချိုအုပ်စု၊
သဖန်းချိုကျေးရွာ၊ပြည်-ပေါက်ခေါင်းကားလမ်း မိုင်တိုင်အမှတ်(
၁၈/၃)အနီးရှိ “ဖြိုး”စက်သုံးဆီရောင်ဝယ်ရေးဆိုင်တွင် ဖေဖော်
ဝါရီ(၁၈)ရက်နေ့ ညနေ(၄)နာရီ(၂၀)အချိန်ခန့်၌ မီးလောင်မှုဖြစ်
ပွားကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရခြင်းမှာ ဖြိုးမင်းအောင်(ခ)ကိုဖြိုး(၃၇)နှစ်
(ဘ)ဦးမောင်အေး ၊ပေါက်ခေါင်းမြို့နေသူပိုင်ဆိုင်သော အလျား(၁၈)
ပေ၊အနံ(၁၂)ပေ၊အမြင့်(၁၀)ပေ၊သွပ်မိုး၊မြေစိုက်အမျိုးအစား “ဖြိုး”စက်
သုံးဆီရောင်ဝယ်ရေးဆိုင်အတွင်း အလုပ်သမားများဖြစ်ကြသည့် လှိုင်
ကြီး(ခ)လှိုင်ညီညီ၊အောင်ဇော်ဌေး ပေါက်ခေါင်းမြို့နေသူတို့သည် ဆိုင်
ထဲတွင်ရှိသော သုံးဘီးဆိုင်ကယ်ပေါ်ရှိ ဓါတ်ဆီပေပါ(၂)လုံးအတွင်းမှဓါ
တ်ဆီများအား ပလပ်စတစ်ပုံးအတွင်းသို့ လှယ်ထည့်နေစဉ် အပူလွန်ကဲ
ရာမှမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရ
သည်။
ထိုသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာသို့ ပေါက်ခေါင်းမြို့နယ် မီးသတ်
ဦးစီးမှူး ဦးရဲမင်းသန်းနှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ပြည်ခရိုင်မီးသတ်
ဦးစီးမှူးနှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ၊ပေါက်ခေါင်းမြို့၊ ပေါင်းတလည်
မြို့၊ပြည်မြို့ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့များ
ပေါက်းခေါင်းမြို့ရှိပြည်သူလူထုများ ဝိုင်းဝန်း၍ စုပေါင်းမီးငြိမ်းသတ်ခဲ့သ
ဖြင့် ညနေ(၅)နာရီ(၂၀)အချိန်ခန့် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း။

အဆိုပါမီးလောင်ခဲ့မှုကြောင့် စက်သုံးဆီဆိုင်ဝန်းအတွင်းရှိ သုံပင်၊လေးပင်
သိပ်မိုး၊မြေစိုက်(၁)လုံး၊သုံးဘီးဆိုင်ကယ်(၁)စီးနှင့်ဓါတ်ဆီဂါလံ(၁၅၀)ခန့်
ပျက်ဆီးဆုံးရှုံးခဲ့ပြီး စုစုပေါင်းပျက်ဆီးဆုံးရှုံးမှုတန်ဘိုးမှာ(၁၅)သိန်းကျပ်ခန့်
ဖြစ်ပြီး အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်းမရှိသော်လည်းမီး
လောင်မှုကြောင့် လှိုင်ကြီး(ခ)လှိုင်ညီညီတွင် ဝဲဘက်နှင့်ယာဘက်ခြေထော
က်မီးအပူလောင်ဒဏ်ရာရရှိခြင်း၊အောင်ဇော်ဌေးတွင် ဝဲဘက်ယာဘက်ခြေ
ကျင်းဝတ်မီးအပူလောင်ဒဏ်ရာ၊ယာဘက်လက်ကောက်ဝတ်မီးအေပူဒဏ်ရာ
များရရှိခဲ့ကြောင်းသိရသည်။
ထိုေ့ကြောင့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြိုးမင်းအောင်(ခ)ကိုဖြိုး၊လှိုင်ကြီး(ခ)လှိုင်
ညီညီနှင့်အောင်ဇော်ဌေးတို့ အရေးယူပေးပါရန် ဒုရဲအုပ်မျိုးမင်းသိန်းမှတရားလို
ပြုလုပ်တိုင်တန်းခဲ့သဖြင့် ပေါက်ခေါင်းမြို့မရဲစခန်း(ပ)၁၅၃/၂၀၁၇၊ရာဇသတ်ကြီး
ပုဒ်မ ၂၈၅/၃၃၈ ဖြင့်အမှုရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





Read More...

Friday, February 17, 2017

ကားနောက်ဘီးဖြင့် ကြိတ်မိသဖြင့် (၂)နှစ်အရွှယ် ကလေးငယ်တစ်ဦး သေဆုံး

Leave a Comment

ကားနောက်ဘီးဖြင့် ကြိတ်မိသဖြင့် (၂)နှစ်အရွှယ်
ကလေးငယ်တစ်ဦး သေဆုံး

ပေါင်းတလည် ဖေဖော်ဝါရီ (၁၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတလည်နယ်မြေရဲစခန်း
အပိုင် ပြည်-ပေါက်ခေါင်းကားလမ်းတွင် ဖေဖော်ဝါရီ(၁၇)ရက်
နေ့ နံနက်(၈)နာရီ (၄၅)မိနစ်အချိန်ခန့် ယာဉ်မတော်တဆမှုဖြစ်
ပွားရာ (၂)နှစ်အရွှယ် ကလေးငယ်တစ်ဦးပွဲချင်းပြီး သေဆုံးခဲ့မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်-ပေါက်ခေါင်းကားလမ်း မိုင်တိုင်အမှတ်(၇/၇)နှင့်
(၈)အကြား ပေါင်းတလည်မြို့  အရှေ့ပိုင်းရပ်ကွက် စာတိုက်ရှေ့
တွင် မမိုးမိုးကြည်(၃၈)နှစ် လွန်တပတ်ကျေးရွာ ပေါက်ခေါင်းမြို့
နေသူမှ သမီးဖြစ်သူ မသက်ထက်အောင်(၂)နှစ် (ဘ) ဦးတင်ရှိန်
အားNORIKO အမျိုးအစား ကြက်သွေးရောင် မစီးစက်ဘီးလက်
ကိုင်တွင် ထိုင်ခုံချိတ်လျှက်တင်ပြီး ပေါက်ခေါင်းဘက်မှ ပြည်ဘက်
သို့ လမ်းယာဘက်ခြမ်းမှ စီးနင်းလာစဉ် လားရာတူနောက်မှ
ဦးတင်ထွဋ် မောင်းနှင်လာသော BGO 8A/.........CANTERအ
မျိုးအစား အဖြူရောင်ယာဉ်မှ ကျော်တက်မောင်းနှင်စဉ် မမိုးမိုး
ကြည် စီးနင်းလာသောစက်ဘီးမှာ မော်တော်ယာဉ်ဘက်သို့လဲ
ကျသွားခဲ့စဉ် ယာဉ်၏နောက်ဘီးဖြင့် ကြိတ်မိသဖြင့် မသက်ထ
က်အောင်တွင် ဦးခေါင်းနောက်စေ့ပွင့်ထွက်ကာ အခင်းဖြစ်နေ
ရာ၌ သေဆုံးခဲ့ပြီး မိခင်ဖြစ်သူ မမိုးမိုးကြည်တွင် ယာလက်မနှင့်
လက်ညိုးကြား ကွဲအက်ဒဏ်ရာရရှိသဖြင့် ဆေးရုံတက်ရောက်
ကုသမှုခံယူနေရကြောင်း ပေါင်းတလည်နယ်မြေရဲစခန်းမှ သိရ
သည်။
ထို့ကြောင့်ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဦးတင်ထဋ်(၄၃)
နှစ်(ဘ)ဦးအောင်မြင့် ဘုရားလမ်း မြောက်ပိုင်းရပ်ကွက် ပေါင်း
တလည်မြို့နေသူအား ဥပဒေအရ အရေးယူပေးပါရန် ဒုရဲအုပ်
ထွန်းထွန်းဦးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပေါင်းတလည်
နယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ -၃၀၄-က/
၃၃၈ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုအားရဲအုပ် ဇင်မင်းဦး
မှလက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

ဓါတ်ပုံ တိုး ဝေဦး


Read More...

Tuesday, February 14, 2017

ကလေးများအတွက်နွေရာသီအင်္ဂလိပ်စာ

Leave a Comment


ကလေးများအတွက်နွေရာသီအင်္ဂလိပ်စာ

## အချိန် နှင့် နေ့ရက်ကိုသိချင်ရင် ?
     မတ်လ(6)ရက်နေ့ (10:00) မှ (11:30) Am
                            (1:00)   မှ (2:30)  Pm
## ဘယ်အရွယ်တက်လိုရလဲ ?
      (5;6;7;8)တန်းရှိသူများတက်ရောက်နိုင်ပါသည်။

@@ ရည်ရွယ်ချက်
       အင်္ဂလိပ်စာသင်ရတဲ့ ရည်ရွယ်ချက်သည် အရေး အဖတ်
       အပြော အကြားတို့ကို သင်ကြားရခြင်းဖြစ်ပါသည်။ထို့အ
       အတွက် ဤကျောင်းတွင် ၄င်း 4 skills လုံးကိုသင်ကြား
       ပေးမှာဖြစ်တဲ့အတွက် အင်္ဂလိပ်စာဘာသာစကားကို သင်
       ယူတဲ့အခါ ကလေးများပျော်ရွှင်နှစ်သက်လာစေရမည်။

%% လူကြီးများအတွက် အတန်းသစ်ကို မတ်လ(4)ရက်နေ့နှင့်
       (6)ရက်နေ့ အတန်းသစ်များဖွင့်လှစ်မည်။
##   သင်တန်းချိန်
         (SAT to SUN )
         (8:00) မှ (9:30) Am
         (4:30) မှ (6:00) Pm
       
          (MON to THUR)
          (5:00) မှ (6:30) Pm


အင်္ဂလိပ်စာတကယ် ကျွမ်းကျင်တတ်မြောက်လိုပါသလား
ဆရာ ဦးကျော်ဆန်းကျောင်းသို့လာခဲ့ပါ။

မြန်မာနိုင်ငံ၌အင်္ဂလိပ်စာဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု
လိုအပ်ချက်ကြီးမားနေပါသည်။ကျောင်းသားများအနေနှင့်Speaking
နှင့် Listening Skills တွေသာမက Reading နှင့် Writing Skills
တွေကိုပါ ပိုင်နိုင်ထားရန်လိုပါသည်။

 နိုင်ငံကျော်အင်္ဂလိပ်ဆရာကြီး

များဖြစ်ကျသော ဦးခင်မောင်လတ် ဆရာကြီး ဦးသိန်းမောင်(ထင်

လင်း)တို့၏တပည့် ဆရာကြီး ဦးမြကြိုင် ထံတွင်(၉)နှစ်တိုင်တိုင်

ပညာနို့ရည်သောက်ခဲ့သူ ဦးကျော်ဆန်း B.A (Psy),TKT(UK),Dip.In English(YUFL)မှENGLISH


တက်ရောက်သင်ကြားနိုင်သော Levels များ

Basic (4 Skills )
Intermediate,
Advanced

Level Basic Level (၃) လ Intermediate Level (၃) လ တစ်

##သင်တန်းကြေးကို သိချင်ပါသလား?

တစ်တန်းအတွက်လစဉ် လခ(၇၀၀၀)ထောင်ကျပ် ပေးရုံဖြင့်ကျန်အတန်းများ
ကို အခမဲ့တက်ရောက်ခွင့်ရှိသည်။

##ကျောင်းချိန်နှင့်ပတ်သက်ပြီး အခက်ခဲဖြစ်နေလား?

ကျောင်းသားများ အချိန်မရွေး
ဆက်သွယ်နိုင်ရန် သင်ခန်းစာများကို ပတ်လည်စနစ်ဖြင့်စီစဉ်
ထားပါသည်။သီးသန့်ဝိုင်းများ ကိုလည်း စီစဉ်ဆောင်ရွက်ပေးပါသည်။

##သင်တန်းအချိန်များ သိချင်ရင်တော့!

% (Monday to Thursday)%

Reading - 7:00 to 8:00 am

Basic Leveel - 8:00to 9:30 am

                  - 5:00 to 6:30 pm

                   - 6;30 to 8:00 Pm

Intermediate Level-3;30 to5;00 Pm

(Saturday to Sunday)
Basic Leveel -8:00 to 9:30 Am
                  -4:30 to 6:00 Pm

General English-2;30 to 3;30 pm

 Intermediate Leveel-6;00 to7;30 pm

Advanced level-3:30 to 4:30 pm
 ဖြစ်ပြီးသင်တန်းတည်နေရာမှာ..................

အမှတ်(၃၄)၊ခရမ်းကုန်းထိပ်၊ရွှေတစ်ချောင်းလမ်း၊ပြည်မြို့၊
ပဲခူးတိုင်းဒေသကြီး

ဆက်သွယ်ရန် ဖုန်းနံပါတ် 09 43131 214 /09 973626165








Read More...

ကိုယ့်ဘက်က တာဝန်မကျေဘူးလို့ခံစားရတဲ့ သတင်းမဟုတ်တဲ့......ပီတီဖြစ်စရာ စာတစ်ပုဒ်

Leave a Comment
ကိုယ့်ဘက်က တာဝန်မကျေဘူးလို့ခံစားရတဲ့
သတင်းမဟုတ်တဲ့......ပီတီဖြစ်စရာ စာတစ်ပုဒ်

ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့မှာ လွန်ခဲ့တဲ့ရက် အနည်းငယ်က
အလွန်ဝမ်းသာပီတီဖြစ်စရာ သတင်းတစ်ပုဒ်ကို မတင်လိုက်ရ
တဲ့အတွက် ကို့ကိုယ်ကို တာဝန်မကျေဘူးလို့ ခံစားရတဲ့အတွက်
အခု ပြည်မြို့သူ/ပြည်မြို့သား ထပ်တူဝမ်းသာစေချင်လို့ ဖော်ပြ
လိုက်ပါတယ်။

အဲဒါကတော့ ဘာလဲဆိုရင် ပြည်မြို့ ဆံတော်ရပ်ကွက် ၊ဆံတော်
အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲ(၂) တပ်စု(၅)အတွက် မီးငြိမ်းသတ်
ယာဉ်တစ်စီးရောက်ရှိလာပါတယ်။ အလှူ ရှင်ကတော့ ရန်ကုန်-
ပြည် ကရဝိတ် သင်္ကန်းတိုက် မိသားစုမှ လှူ ဒါန်းခဲ့တာဖြစ်ပြီး ယ
ခင် မီးသတ်ယာဉ်မှာ အချိန်ကာလကြာမြင့်တာနဲ့အမျှ အင်ဂျင်ပိုင်း
ဆိုင်ရာများ ပျက်ဆီးလာခြင်း ၊ ခိုင်းလာခဲ့သည့် သက်တမ်းအလျှော
က်မီးလောင်ပြင်သို့ လက်ပူတိုက်ထွက်နေရသည့်အခြေအနေသို့
ရောက်ရှိနေပြီဖြစ်သည့်အတွက် ယခုလိုမီးသတ်ယာဉ်တစ်စီးအား
လှူ ဒါန်းရခြင်းဖြစ်ပါတယ်။

အလှူ ရှင်တွေအနေနဲ့ကတော့ အမှန်တကယ် ကိုယ်ကြိုးမဖက်ဘဲ
ရပ်ကွက်နေ ပြည်သူများအတွက် စေတနာ ၊ ဝါသနာ ၊အနစ်နာဆို
တဲ့ နာ(၃)နာကိုယ်လက်ကိုင်ထားဆောင်ရွက်နေတဲ့ အဖွဲ့အတွက်
လိုအပ်နေတဲ့ မီးသတ်ကားလှူ ဒါန်းမှုအပေါ် သတင်းပိုင်းမှာကျယ်
ကျယ်ပြန့်ပြန့် မဖြစ်စေချင်သော်လည်း စာရေးသူပြည်သားတစ်ေ
ယာက်အနေနဲ့ တာဝန်မကျေသလိုခံစားရသည်ကတစ်ကြောင်း၊
ကိုယ်ပိုင်ကားမစီးနိုင်ပေမဲ့ ကိုယ်ပိုင်ရသကဲ့ဝမ်းသာပီတီဖြစ်ရသည်
ကတစ်ကြောင်း ထိုသို့သော အကြောင်းကြောင်းလေးများကြောင့်
ယခုကဲ့သို့ရေးသားဖော်ပြသည့်အပေါ် အလှူ ရှင်များအနေဖြင့်တပ်
ဖွဲ့အပေါ် အမြင်မမှားစေရန် မေတ္တာရပ်ခံရင်း သတင်းမဟုတ်တဲ့
ပီတီဖြစ်စရာ စာတစ်ပုဒ်ကိုဖော်ပြလိုက်ရပါတယ်ခင်ဗျာ......

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

Facebook Like Page