Monday, December 5, 2016

ပြည်မြို့တွင် လူကုန်ကူးမှုတားဆီးရေးပုဒ်မ-၂၄/၃၁ဖြင့် ပြစ်မှုကျုးလွန်သည်ဟု ထင်ရှားသောတရားခံများကို တ စ်သက်တစ်ကျွန်ပြစ်ဒဏ်နှင့်ထောင်ဒဏ်(၁၂)နှစ်စီအသီး သီးအမိန့်ချခဲ့

Leave a Comment


ပြည်မြို့တွင် လူကုန်ကူးမှုတားဆီးရေးပုဒ်မ-၂၄/၃၁ဖြင့်
ပြစ်မှုကျုးလွန်သည်ဟု ထင်ရှားသောတရားခံများကို တ
စ်သက်ပြစ်ဒဏ်နှင့်ထောင်ဒဏ်(၁၂)နှစ်စီအသီးသီးအမိန့်ချခဲ့

ပြည့်သဲမောင် ပြည် ဒီဇင်ဘာ - ၅ ရက်နေ့
ပထမအမှုဖွင့်တိုင်ကြား.....
ပြည်မြို့၊ ဆံတော်ရပ်နေ ဒေါ်မိုးမိုးက ၂၂-၅-၂၀၁၅ ရက်နေ့
(၁၀း၀၀)နာရီခန့်က မြို့သစ်ရပ်ကွက်၊ ပန်းခြံတွင် ရှိနေစဉ်၎င်း
၏(၁၅)နှစ်အရွယ် သမီးမသဇင်ထွန်းနှင့် သူငယ်ချင်း မဇင်မာ
တို့ ရွာဘဲရပ်၊ ပြည်ရတနာလမ်းသို့ ဟင်းဝယ်ခိုင်းရာမှ ပြန်မလာ
ဘဲ ပျောက်ဆုံးနေ၍ လူပျောက်မှုစုံစမ်း အရေးယူပေးပါရန် ပြည်
မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သော အမှုအား စစ်ဆေးခဲ့ရာ
မှ ပြစ်မှုကျုးလွန်သည်ဟု ထင်ရှားသောတရားခံများကို တစ်သက်
ပြစ်ဒဏ်နှင့်ထောင်ဒဏ်(၁၂)နှစ်စီ အမိန့်ချခဲ့ကြောင်းသတင်းရရှိသ
ည်။

လိမ်လည်လှည့်ဖျား စည်းရုံးခေါ်ဆောင်သွားကြောင်းထွက်ဆို……
မဇင်မာ ပြောချက်အရ ၄င်းနှင့်သဇင်ထွန်း တို့ ပျောက်သွားရင်း
ဦးမြင့်ကြိုင် နှင့် ချောက်မြို့ရှိ စားသောက်ဆိုင်မှာ စားပွဲထိုးအလုပ်
လခပိုရရမယ် အဒေါ်ဆိုင်ရှိတယ်ဟု စည်းရုံးခေါ်ဆောင်သဖြင့် ဦး
မြင့်ကြိုင် နေအိမ်ရောက်ရှိသွားခဲ့ပါသည်။ ညပိုင်းတွင် ဆိုင်ကယ်
ကယ်ရီဖြင့် ခေါ်ဆောင်သွားပြီး မှန်လုံ ကားဖြင့် ချောက်သို့ခေါ်ေ
ဆာင်သွားကြောင်း၊ မမြတ်နိုး မှ ပေါင်းတမော့ဖြစ်သည့် ဂန့်ဂေါမြို့
နယ် မြစ်သာဆည်တံတားဆောက်သည့်နေရာသို့ သဇင်ထွန်း နှင့်
မဇင်မာတို့ကို စည်းရုံးသွေးဆောင်၍ ပြည့်တန်ဆာခေါင်းလက်ဝယ်
သို့ ပို့ဆောင်ကာ လိင်မှုဆိုင်ရာ ခေါင်းပုံဖြတ်ရောင်းချခဲ့သူ ဦးမြင့်ကြိုင်
၊ ခိုင်ဘွားနှင့် ပြည့်တန်တာလုပ်ငန်းလုပ်ကိုင်ခဲ့သူ မမြတ်နိုး တို့လင်မ
ယား၊ ထမင်းချက်အမျိုးသမီးလင်မယား နှင့် ဆိတ်ခြံမှလင်မယားတို့
အားအရေးယူပေးပါရန် ထပ်မံတိုင်ချက်ဖွင့်ခဲ့သည့်အပေါ် ပြည်ခရိုင်တ
ရားရုံးမှ ဆက်လက်စစ်ဆေးခဲ့သည်။

ပြစ်ဒဏ်ချမှတ်……
ထိုသို့ ဆက်လက်စစ်ဆေးခဲ့သဖြင့်(၁) ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊
အနိုင်ထက်ပြုကျင့်ခြင်း၊ (၂) သွေးဆောင်ခေါ်ယူခြင်း ၊(၃) လိမ်လည်ခြင်း၊
(၄) ဘ၀ရပ်တည်ရန်အခက်အခဲကို အလွဲသုံးစားပြုခြင်း၊ (၅) တစ်ဦးတစ်
ယောက်ပေါ် ငွေကြေး အကျိုးအမြတ်လက်ခံယူခြင်းစသည့် ပြစ်မှုများကျုး
လွန်ကြောင်း ထင်ရှားသဖြင့် ပြစ်မှုကျူးလွန်သူပြည်မြို့ ရွာဘဲရပ်ကွက်၊ ဆ
ည်တော်မင်္ဂလာ ဦးစံရွှေ ၏သားတရားခံ မြင့်ကြိုင်အား လူကုန်ကူးကာကွ
ယ်ရေးဥပဒေပုဒ်မ -၂၄/၃၁ အရ ထောင်ဒဏ် တစ်သက်ကျခံစေရန် အ
မိန့်ကိုလည်းကောင်း၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ပွင့်လှသိမ်ကုန်း အရှေ့ပိုင်း
ရပ်နေ ဦးတင်ဖေ ၏သား ခိုင်ဘွား (ခ)ခိုင်ဘွားအောင် ၊ ချောက်မြို့၊ အမှတ်
(၁၅)ရပ်ကွက် မြေနီကုန်းရပ်နေသူများ ဖြစ်သည့် ဦးသိန်းထွန်း ၏သမီးမဇင်
မာဦး(ခ) မမြတ်နိုး၊ ဦးကောင်း ၏သား သိန်းစိုး (ခ) ပြားကြီး၊ ဦးစံပိုက်၏သား
အောင်မောင်းစိန် ၊ ဦးလှမောင် ၏သမီး မကြူကြူဝင်း တို့သည်လည်းလူကုန်
ကူးတားဆီးကာကွယ်ရေးဥပဒေပုဒ်မ-၂၄ အရ ပြစ်မှုထင်ရှားသဖြင့် ထောင်
ဒဏ် (၁၂)နှစ် စီကျခံစေရန်၊ တရားခံ မြင့်ကြိုင် မှ အပ ကျန်တရားခံများ ချုပ်
ရက်ကို ပြစ်ဒဏ်မှ နုတ်ယူခံစားခွင့်ပြုသည်ဟု ဒုတိယခရိုင်တရားသူကြီး (၂)
ပြည်ခရိုင်တရားရုံး(၅-၂-၂၀၁၆ )ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ကြောင်းသတင်း
ရရှိသည်။

မှတ်ချက်။ ။ယခုရေးသားသောသတင်းစာမူသည် ကိုယ်တိုင်ရေးစာမူ
ဖြစ်ပြီး ရေးသားဖော်ပြထားသော သတင်းအချက်အလက်နှင့်ပတ်သက်၍
ဖြစ်ပေါ်လာမည့် ကိစ္စအဝအဝအား တာဝန်သိသိ သစ္စာရှိရှိရင်ဆိုင်ဖြေရှင်း
သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

သတင်း ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

ဓါတ်ပုံ အထူးသတင်းထောက် ဦးသက်အောင်

(မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း)








Read More...

Saturday, December 3, 2016

နတ်မှော်စခန်းမှာဆင်စီးပြီးအပန်းဖြေနိုင် ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

နတ်မှော်စခန်းမှာဆင်စီးပြီးအပန်းဖြေနိုင်

ရွှေတောင် ဒီဇင်ဘာ(၃)ရက်နေ့

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့အထွက်(၅)မိုင်
ခန့်အကွာ ပြည်-ရန်ကုန် ကားလမ်းဘေး ကုတင်(၁၀၀)
စစ်ဆေးရုံရှေ့နတ်မှော်စခန်းတွင် ဆင်စီးပြီးအပန်းဖြေရန်
ပြုလုပ်ထားကြောင်း သိရသည်။

အဆိုပါ နတ်မှော်စခန်းတွင် လိမ်မာသော ဆင်ကြီးများဖြင့်
အပန်းဖြေစီးနိုင်အောင် ဆောင်ရွက်ထားပြီး ဆင်အတွက်အ
စာများလည်း ဝယ်ယူကျွေးမွေးနိုင်ကြောင်း၊ဆင်စီးသူများနှင့်
ဆင်စာကျွေးသူများ အန္တရာယ်မရှိစေရန် ကျွမ်းကျင်သောဆင်
ဦးစီးများ အနီးကပ်လိုက်လံစောင့်ရှောက်ပေးကြောင်းနှင့်ဆင်
စီးပြီး ဧရာဝတီမြစ်၏ ညနေဆည်းဆာ အလှတရားများ ကြည့်
ရှု့ခံစားရင် အပန်းဖြေနိုင်အောင် စီစဉ်ဆောင်ရွက်ထားရှိကြောင်း
သိရသည်။

၎င်းနတ်မှော်စခန်းတွင် အသက်(၄၇)နှစ် အရွယ် အေးလုံအမည်
ရှိ ဆင်ကြီးနှင့် အသက်(၄၆)နှစ်အရွယ် သန်းဝင်း အမည်ရှိဆင်အ
ကြီးနှစ်ကောင် အပြင် အသက်(၂)နှစ်ခွဲရှိ ဆင်အသေး တစ်ကောင်
ရှိကြောင်းသိရပြီး ဆင်စာများကို လဲရောင်းချပေးကြောင်း။


နတ်မှော်စခန်းကို နံနက်(၉)နာရီမှ နေ့လည်((၁၂)နာရီအထိ လည်း
ကောင်း၊နံနက်ပိုင်း ဆင်စီးချိန်ကို(၁၀)နာရီခွဲအချိန်မှ(၁၁)နာရီခွဲအထိ
ဖြစ်ပြီး ညနေ (၃)နာရီမှ(၃)နာရီခွဲအချိန်အထိ ဖွင့်လှစ်မှာဖြစ်ပြီး ညနေ
ဆင်စီးချိန်ကို(၄)နာရီမှ(၅)နာရီခွဲအချိန်အထိ စခန်းဖွင့်လှစ်ထားမည်ဖြစ်
ပြီး အပတ်စဉ် တနင်္လာနေ့တစ်ရက် စခန်းပိတ်မည်ဖြစ်ကြောင်းသိရသ
ည်။

စခန်းဝင်ကြေားများကတော့ ပြည်တွင်း (၅၀၀)ကျပ်ဖြစ်ပြီး ပြည်ပမှလာ
ရောက်သူများအတွက်တော့ (၅၀၀၀)ကျပ်ဖြစ်ပါသည်။ဆင်စီးရန်အတွက်
ပြည်တွင်း (၂၀၀၀)ကျပ်ဖြစ်ကာ ပြည်ပဧည့်သည်များကတော့ (၁၀၀၀၀)
ကျပ် သက်မှတ်ထားကြောင်း သတင်းရရှိသည့် အပြင် ဆင်​သရုပ်​ပြကွက်
များနှင့်​ဆင်​ပြခန်းများကို​လေ့လာနိုင်​မည်​ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ











Read More...

တာဝန်ရှိသူများ အမြန်ဆောင်ရွက်ရန်လို

Leave a Comment

3.12.2016
ပြည်မြို့သတင်းး
ယနေ့ညနေ ၅း၀၀ အချိန် ပြည်မြို့ဗိုလ်ချုပ့်မြင်းစီးကျောက်ရုပ်
အဝိုင်းပတ်နားဘူတာရှေ့အနီးတွင် ပြည်မြို့တွင်းပြေးဆွဲ မြတ်
သီဟလိုင်းကားနှင့်မာဇဒါ လိုင်းကား ၂ ဖွဲ့အဝိုင်းပတ်အနီးယာ
ဉ်များ ၂ ထပ် ၃ ထပ်ရပ်ပြီးခရီးသည်လုတင်ရင်းရိုက်ပွဲဖြစ်ပွားခဲ့
ပါသည်ဒါးများ သံဒုတ်များဖြစ် ရုန်းရင်းဆန်ခတ်မှု့များဖြစ်ကာ
သံဒုတ်များနှင့်ပစ်ပေါက်ကြသဖြစ်လမ်းသွားလမ်းလာပြည်သူ
များအနှောင့်ယှက်များထိတ်လန့်မှု့များဖြစ်ရပါသဖြစ် လိုင်းဥ
က္ကဌ များ မထသ ဥက္ကဌများမှယာဉ်များစည်းကမ်းတကြ ရပ်
နားကြပါရန်စစ်ဆေးအရးယူဆောင်ရွက်ပေးနိုင်ပါရန်တင်ပြ
အပ်ပါသည်။

ဦးသက်အောင်(ဥက္ကဌ)
အထူးသတင်းထောက်
မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း




Read More...

Friday, December 2, 2016

ကမ္ဘာ့ကလေးများနေ့ အထိမ်းမှတ်အဖြစ် ကလေးများကိုယ်တိုင်ပါဝင်သော ငြိမ်းချမ်းရေးပွဲ ပြည်မြို့တွင်ပြုလုပ်

Leave a Comment

ကမ္ဘာ့ကလေးများနေ့ အထိမ်းမှတ်အဖြစ် ကလေးများကိုယ်တိုင်ပါဝင်သော ငြိမ်းချမ်းရေးပွဲ ပြည်မြို့တွင်ပြုလုပ်

သီဟလွင် (မြစ်မခ)
ပြည်၊ ဒီဇင်ဘာ(၁)ရက်။
ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ကမ္ဘာ့အကလေးများနေ့အထိမ်းအမှတ်အဖြစ် ကလေးများ ကိုယ်တိုင် ပါဝင်သော ငြိမ်းချမ်းပွဲအား ပြည်မြို့အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းအတွင်း ဒီဇင်ဘာ (၁)ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။   
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ကလေးများထံ ရင်းနှီးမြုပ်နှံဟူသောခေါင်းစဉ်ဖြင့် ငြိမ်းချမ်းမေတ္တာ(ပြည်)အဖွဲ့မှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးအကြောင်းအရာများနှင့် ဘာသာပေါင်းစုံ အတူတကွငြိမ်းချမ်းစွာ နေထိုင်ရေးတို့အတွက် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ကြောင်း ပွဲကျင်းပပြုလုပ်သူတို့က ဆိုသည်။
“ငြိမ်းချမ်းရေးမရှိရင်ဘာမှလုပ်လို့မရဘူး။ ငြိမ်းချမ်းရေးဟာအဓိကကျပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ လက်တွေ့ ပဲ နံပတ်တစ်ရယူရမှာ ငြိမ်းချမ်းရေးဖြစ်တယ်။ ကလေးတွေဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့ တစ်ကယ့် အနှစ်တွေပဲဖြစ်ပါတယ်။ လက်တွေ့ဖော်ဆောင်မယ့် ဆဲလ်တွေဖြစ်တယ်။ အဲဒီအတွက် ဒီဆဲလ်တွေကိုအချိန်မှီ
ငြိမ်းချမ်းရေးမျိုးစေ့ချပေးဖို့လိုလာပြီဆိုတာကို သိတဲ့အခါမှာ ကျွန်တော်တို့က ကလေးတွေ လက်ထက်မှာ သူတို့  နှလုံးသားထဲမှာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့ သူတို့ရဲ့စိတ်ဓာတ်က ရှိနေမှဖြစ်မယ်။ အဲ့တာကြောင့် ကျွန်တော်တို့က လိုအပ်တယ် အရေးကြီးတယ်ဆိုပြီးလုပ်ရခြင်းဖြစ်ပါတယ်။”ဟု အဆိုပါ ပွဲတွင် ပါဝင် ဖျော်ဖြေခဲ့သူ အဆိုတော် စောဖိုးခွားက ပြောသည်။
ကျောင်းတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ကလေးများ ကိုယ်တိုင်ပါဝင်ခဲ့ပြီး ပြေးခုန်ပစ် အားကစားများ၊ ပျော်ပွဲ ရွှင်ပွဲများ၊ ငြိမ်းချမ်းရေးတေးသရုပ်ဖော်များ၊ တေးသီချင်း သီဆိုဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


Read More...

JAVA Programming Language

Leave a Comment

JAVA

Programming Language
1.နည်းပညာကျောင်းသား/သူများ

2.ကွန်ပျူ တာဆော့ဝဲတစ်ခုကို မိမိကိုယ်တိုင် ဖန်တီးရေးသားလိုသူများ

3.ပရိုဂရမ်မင်း ဘာသာရပ်ကို စိတ်ပါဝင်စား၍ လေ့လာလိုသူများအတွက်

အခြေခံမှစ၍ကျွမ်းကျင်တတ်မြောက်သည်အထိ ခေတ်မှီသင်ရိုးညွှန်းတမ်း

များ နှင့် သင်ကြားပေးနေပါသည်။

ZAWGROUP COMPUTER CENTER

ဆက်သွယ်ရန်။ ။ အမှတ်(၆၆၆)၊ရွှေသာလျှောင်းလမ်း၊ဆံတော်နယ်မြေ၊ပြည်မြို့။
Ph;09 537 6618
 



Read More...

Facebook Like Page