Monday, December 5, 2016

ပြည်မြို့တွင် လူကုန်ကူးမှုတားဆီးရေးပုဒ်မ-၂၄/၃၁ဖြင့် ပြစ်မှုကျုးလွန်သည်ဟု ထင်ရှားသောတရားခံများကို တ စ်သက်တစ်ကျွန်ပြစ်ဒဏ်နှင့်ထောင်ဒဏ်(၁၂)နှစ်စီအသီး သီးအမိန့်ချခဲ့

Leave a Comment


ပြည်မြို့တွင် လူကုန်ကူးမှုတားဆီးရေးပုဒ်မ-၂၄/၃၁ဖြင့်
ပြစ်မှုကျုးလွန်သည်ဟု ထင်ရှားသောတရားခံများကို တ
စ်သက်ပြစ်ဒဏ်နှင့်ထောင်ဒဏ်(၁၂)နှစ်စီအသီးသီးအမိန့်ချခဲ့

ပြည့်သဲမောင် ပြည် ဒီဇင်ဘာ - ၅ ရက်နေ့
ပထမအမှုဖွင့်တိုင်ကြား.....
ပြည်မြို့၊ ဆံတော်ရပ်နေ ဒေါ်မိုးမိုးက ၂၂-၅-၂၀၁၅ ရက်နေ့
(၁၀း၀၀)နာရီခန့်က မြို့သစ်ရပ်ကွက်၊ ပန်းခြံတွင် ရှိနေစဉ်၎င်း
၏(၁၅)နှစ်အရွယ် သမီးမသဇင်ထွန်းနှင့် သူငယ်ချင်း မဇင်မာ
တို့ ရွာဘဲရပ်၊ ပြည်ရတနာလမ်းသို့ ဟင်းဝယ်ခိုင်းရာမှ ပြန်မလာ
ဘဲ ပျောက်ဆုံးနေ၍ လူပျောက်မှုစုံစမ်း အရေးယူပေးပါရန် ပြည်
မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သော အမှုအား စစ်ဆေးခဲ့ရာ
မှ ပြစ်မှုကျုးလွန်သည်ဟု ထင်ရှားသောတရားခံများကို တစ်သက်
ပြစ်ဒဏ်နှင့်ထောင်ဒဏ်(၁၂)နှစ်စီ အမိန့်ချခဲ့ကြောင်းသတင်းရရှိသ
ည်။

လိမ်လည်လှည့်ဖျား စည်းရုံးခေါ်ဆောင်သွားကြောင်းထွက်ဆို……
မဇင်မာ ပြောချက်အရ ၄င်းနှင့်သဇင်ထွန်း တို့ ပျောက်သွားရင်း
ဦးမြင့်ကြိုင် နှင့် ချောက်မြို့ရှိ စားသောက်ဆိုင်မှာ စားပွဲထိုးအလုပ်
လခပိုရရမယ် အဒေါ်ဆိုင်ရှိတယ်ဟု စည်းရုံးခေါ်ဆောင်သဖြင့် ဦး
မြင့်ကြိုင် နေအိမ်ရောက်ရှိသွားခဲ့ပါသည်။ ညပိုင်းတွင် ဆိုင်ကယ်
ကယ်ရီဖြင့် ခေါ်ဆောင်သွားပြီး မှန်လုံ ကားဖြင့် ချောက်သို့ခေါ်ေ
ဆာင်သွားကြောင်း၊ မမြတ်နိုး မှ ပေါင်းတမော့ဖြစ်သည့် ဂန့်ဂေါမြို့
နယ် မြစ်သာဆည်တံတားဆောက်သည့်နေရာသို့ သဇင်ထွန်း နှင့်
မဇင်မာတို့ကို စည်းရုံးသွေးဆောင်၍ ပြည့်တန်ဆာခေါင်းလက်ဝယ်
သို့ ပို့ဆောင်ကာ လိင်မှုဆိုင်ရာ ခေါင်းပုံဖြတ်ရောင်းချခဲ့သူ ဦးမြင့်ကြိုင်
၊ ခိုင်ဘွားနှင့် ပြည့်တန်တာလုပ်ငန်းလုပ်ကိုင်ခဲ့သူ မမြတ်နိုး တို့လင်မ
ယား၊ ထမင်းချက်အမျိုးသမီးလင်မယား နှင့် ဆိတ်ခြံမှလင်မယားတို့
အားအရေးယူပေးပါရန် ထပ်မံတိုင်ချက်ဖွင့်ခဲ့သည့်အပေါ် ပြည်ခရိုင်တ
ရားရုံးမှ ဆက်လက်စစ်ဆေးခဲ့သည်။

ပြစ်ဒဏ်ချမှတ်……
ထိုသို့ ဆက်လက်စစ်ဆေးခဲ့သဖြင့်(၁) ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊
အနိုင်ထက်ပြုကျင့်ခြင်း၊ (၂) သွေးဆောင်ခေါ်ယူခြင်း ၊(၃) လိမ်လည်ခြင်း၊
(၄) ဘ၀ရပ်တည်ရန်အခက်အခဲကို အလွဲသုံးစားပြုခြင်း၊ (၅) တစ်ဦးတစ်
ယောက်ပေါ် ငွေကြေး အကျိုးအမြတ်လက်ခံယူခြင်းစသည့် ပြစ်မှုများကျုး
လွန်ကြောင်း ထင်ရှားသဖြင့် ပြစ်မှုကျူးလွန်သူပြည်မြို့ ရွာဘဲရပ်ကွက်၊ ဆ
ည်တော်မင်္ဂလာ ဦးစံရွှေ ၏သားတရားခံ မြင့်ကြိုင်အား လူကုန်ကူးကာကွ
ယ်ရေးဥပဒေပုဒ်မ -၂၄/၃၁ အရ ထောင်ဒဏ် တစ်သက်ကျခံစေရန် အ
မိန့်ကိုလည်းကောင်း၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ပွင့်လှသိမ်ကုန်း အရှေ့ပိုင်း
ရပ်နေ ဦးတင်ဖေ ၏သား ခိုင်ဘွား (ခ)ခိုင်ဘွားအောင် ၊ ချောက်မြို့၊ အမှတ်
(၁၅)ရပ်ကွက် မြေနီကုန်းရပ်နေသူများ ဖြစ်သည့် ဦးသိန်းထွန်း ၏သမီးမဇင်
မာဦး(ခ) မမြတ်နိုး၊ ဦးကောင်း ၏သား သိန်းစိုး (ခ) ပြားကြီး၊ ဦးစံပိုက်၏သား
အောင်မောင်းစိန် ၊ ဦးလှမောင် ၏သမီး မကြူကြူဝင်း တို့သည်လည်းလူကုန်
ကူးတားဆီးကာကွယ်ရေးဥပဒေပုဒ်မ-၂၄ အရ ပြစ်မှုထင်ရှားသဖြင့် ထောင်
ဒဏ် (၁၂)နှစ် စီကျခံစေရန်၊ တရားခံ မြင့်ကြိုင် မှ အပ ကျန်တရားခံများ ချုပ်
ရက်ကို ပြစ်ဒဏ်မှ နုတ်ယူခံစားခွင့်ပြုသည်ဟု ဒုတိယခရိုင်တရားသူကြီး (၂)
ပြည်ခရိုင်တရားရုံး(၅-၂-၂၀၁၆ )ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ကြောင်းသတင်း
ရရှိသည်။

မှတ်ချက်။ ။ယခုရေးသားသောသတင်းစာမူသည် ကိုယ်တိုင်ရေးစာမူ
ဖြစ်ပြီး ရေးသားဖော်ပြထားသော သတင်းအချက်အလက်နှင့်ပတ်သက်၍
ဖြစ်ပေါ်လာမည့် ကိစ္စအဝအဝအား တာဝန်သိသိ သစ္စာရှိရှိရင်ဆိုင်ဖြေရှင်း
သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

သတင်း ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

ဓါတ်ပုံ အထူးသတင်းထောက် ဦးသက်အောင်

(မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း)








0 comments:

Post a Comment

Facebook Like Page