Tuesday, October 27, 2015

အလွတ်တန်း ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲ ပြည်မြို့တွင်ကျင်းပ

Leave a Comment



ဇော်မင်းထိုက်

မြန်မာနိုင်ငံတစ်ဝန်းရှိ အ လွတ်တန်းစားပွဲတင် တင်းနစ်အားကစားသမားများ ဖိတ်ခေါ်ပြိုင်ပွဲကို ပြည်မြို့ရှိ ထျန့်ဟိုကုန်းစားပွဲတင် တင်းနစ်အသင်းမှ ဦးဆောင်ကာ ကမ်းနားလမ်းရှိ ဧရာဦးခန်းမတွင် အောက်တိုဘာ ၂၄ ရက်နှင့် ၂၅ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘အခုပွဲမှာ နိုင်ငံအဆင့်အား ကစားသမားတွေလည်းပါတယ်။ ရည်ရွယ်ချက်ကတော့ စားပွဲတင် တင်းနစ်အားကစားတိုးတက်လာ စေပြီး ပိုမိုကျယ်ပြန့်လာစေဖို့ရယ်၊ ဒီလို ပြိုင်ပွဲတွေကနေ နိုင်ငံ့ဂုဏ် ဆောင်နိုင်တဲ့ အားကစားသမား တွေပေါ်ထွက်လာစေဖို့ ရည်ရွယ် ကျင်းပပေးရခြင်းဖြစ်ပါတယ်’’ဟု ထျန့်ဟိုကုန်းစားပွဲတင်တင်းနစ် အသင်းမှ ဦးမျိုးလင်းက ပြော သည်။

ပြိုင်ပွဲတွင် မန္တလေး၊ ဟင်္သာ တ၊ တောင်ကြီး၊ မိတ္ထီလာ၊ မြစ် ကြီးနား၊ အုတ်ဖို၊ မအူပင်၊ ကျိုက် လတ်၊ မော်လမြိုင် စသည့်မြို့များ မှ အားကစားအသင်း ၂၈ သင်း၊ အားကစားသမား ၉၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံ အလွတ်တန်း ဖိတ်ခေါ်စားပွဲတင် တင်းနစ်ပြိုင်ပွဲ ကို ပြည်မြို့တွင် ကျင်းပလာခဲ့ သည်မှာ လေးနှစ်ရှိပြီဖြစ်ပြီး လာ ရောက်ယှဉ်ပြိုင်ကြသော အား ကစားသမားများ နေထိုင်စား သောက်ရေးနှင့် ဆုကြေးငွေအား ထျန့်ဟိုကုန်းစားပွဲတင် တင်းနစ်အသင်းနှင့် မြို့မိမြို့ဖတို့က ပံ့ပိုးကူ ညီဆောင်ရွက်ပေးခြင်းဖြစ်သည်။

ယခုပြိုင်ပွဲအတွက် ပထမဆုကျပ်သုံးသိန်း၊ ဒုတိယဆု ကျပ်နှစ်သိန်းနှင့် တတိယဆုနှစ်ဆုသည် ပူးတွဲဆုဖြစ်ပြီး တစ်ဆုလျှင်ကျပ်တစ်သိန်းစီ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။


0 comments:

Post a Comment

Facebook Like Page