Saturday, December 3, 2016

နတ်မှော်စခန်းမှာဆင်စီးပြီးအပန်းဖြေနိုင် ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

နတ်မှော်စခန်းမှာဆင်စီးပြီးအပန်းဖြေနိုင်

ရွှေတောင် ဒီဇင်ဘာ(၃)ရက်နေ့

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့အထွက်(၅)မိုင်
ခန့်အကွာ ပြည်-ရန်ကုန် ကားလမ်းဘေး ကုတင်(၁၀၀)
စစ်ဆေးရုံရှေ့နတ်မှော်စခန်းတွင် ဆင်စီးပြီးအပန်းဖြေရန်
ပြုလုပ်ထားကြောင်း သိရသည်။

အဆိုပါ နတ်မှော်စခန်းတွင် လိမ်မာသော ဆင်ကြီးများဖြင့်
အပန်းဖြေစီးနိုင်အောင် ဆောင်ရွက်ထားပြီး ဆင်အတွက်အ
စာများလည်း ဝယ်ယူကျွေးမွေးနိုင်ကြောင်း၊ဆင်စီးသူများနှင့်
ဆင်စာကျွေးသူများ အန္တရာယ်မရှိစေရန် ကျွမ်းကျင်သောဆင်
ဦးစီးများ အနီးကပ်လိုက်လံစောင့်ရှောက်ပေးကြောင်းနှင့်ဆင်
စီးပြီး ဧရာဝတီမြစ်၏ ညနေဆည်းဆာ အလှတရားများ ကြည့်
ရှု့ခံစားရင် အပန်းဖြေနိုင်အောင် စီစဉ်ဆောင်ရွက်ထားရှိကြောင်း
သိရသည်။

၎င်းနတ်မှော်စခန်းတွင် အသက်(၄၇)နှစ် အရွယ် အေးလုံအမည်
ရှိ ဆင်ကြီးနှင့် အသက်(၄၆)နှစ်အရွယ် သန်းဝင်း အမည်ရှိဆင်အ
ကြီးနှစ်ကောင် အပြင် အသက်(၂)နှစ်ခွဲရှိ ဆင်အသေး တစ်ကောင်
ရှိကြောင်းသိရပြီး ဆင်စာများကို လဲရောင်းချပေးကြောင်း။


နတ်မှော်စခန်းကို နံနက်(၉)နာရီမှ နေ့လည်((၁၂)နာရီအထိ လည်း
ကောင်း၊နံနက်ပိုင်း ဆင်စီးချိန်ကို(၁၀)နာရီခွဲအချိန်မှ(၁၁)နာရီခွဲအထိ
ဖြစ်ပြီး ညနေ (၃)နာရီမှ(၃)နာရီခွဲအချိန်အထိ ဖွင့်လှစ်မှာဖြစ်ပြီး ညနေ
ဆင်စီးချိန်ကို(၄)နာရီမှ(၅)နာရီခွဲအချိန်အထိ စခန်းဖွင့်လှစ်ထားမည်ဖြစ်
ပြီး အပတ်စဉ် တနင်္လာနေ့တစ်ရက် စခန်းပိတ်မည်ဖြစ်ကြောင်းသိရသ
ည်။

စခန်းဝင်ကြေားများကတော့ ပြည်တွင်း (၅၀၀)ကျပ်ဖြစ်ပြီး ပြည်ပမှလာ
ရောက်သူများအတွက်တော့ (၅၀၀၀)ကျပ်ဖြစ်ပါသည်။ဆင်စီးရန်အတွက်
ပြည်တွင်း (၂၀၀၀)ကျပ်ဖြစ်ကာ ပြည်ပဧည့်သည်များကတော့ (၁၀၀၀၀)
ကျပ် သက်မှတ်ထားကြောင်း သတင်းရရှိသည့် အပြင် ဆင်​သရုပ်​ပြကွက်
များနှင့်​ဆင်​ပြခန်းများကို​လေ့လာနိုင်​မည်​ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ











0 comments:

Post a Comment

Facebook Like Page