Friday, September 4, 2015

ပြည်မြို့ ဧရာဝတီမြစ် နဝဒေးတံတားအနီးတွင် လှိုင်မေတ္တာခရီးသည်တင်စက်လှေတိမ်းမှောက် လူအသေအပျောက်မရှိဟုဆို

Leave a Comment
သတင်းဓာတ်ပုံ-မိုးမခ(ပြည်)

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နှင့်တစ်ဘက်ကမ်းညောင်ပင်သာ ကျေးရွာသို့ပြေးဆွဲနေသော လှိုင်မေတ္တာခရီသည်တင်စက်လှေ တိမ်းမှောက်မှုကြောင့် စက်လှေမောင်းသူအပါအ၀င် ခရီးသည်(၇)ဦး နေမြုပ်သွားသော်လည်း ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။

စက်တက်ဘာလ (၄)ရက်နေ့ မနက်ဆယ်နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်ချို့ယွင်းမှုကြောင့်ရေစီးနှင့်အတူမျောပါသွားစဉ် န၀ဒေးတံတားအနီး ၀ဲကတော့ဖြစ်နေသောနေရာတွင်စက်လှေမှာ လည်ထွက်သွားကာ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စက်ကရပ်သွားသော ပန်ကာအလုပ်မလုပ်ပဲ ၀ဲထဲရောက်သွားတာဘယ်လိုမှထိမ်းမနိုင်ပဲမှောက်သွားတယ်
ကံကောင်းတာကလှေပေါ်မှာပါလာတဲ့သူတွေအားလုံးကရေကူးတတ်တော့ အသက်အန္တရယ်မထိခိုက်ခဲ့ဘူး”ဟု စက်လှေမောင်းသူ ကိုဇော်မင်းဌေးကပြောသည်။

စက်လှေမောင်းသူနှင့်ခရီးသည်များကို နယ်မြေခံရဲဝန်ထမ်းများနှင့်ရပ်ကွက်ဒေသခံအချို့မှ ၀ိုင်းဝန်းကယ်ဆယ်နိုင်ခဲ့ပြီး စက်လှေကိုဆယ်ယူနိုင်ခဲ့သော်လည်း ပန်ကာတပ်ထားသော အင်ဂျင်စက်မှာ နစ်မြုပ်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“စက်လှေမောင်းသူကိုတော့ ရေယာဉ်မဆင်မခြင် မောင်းနှင့်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၀ အရ အရေးယူသွားမှာပါ ဒီအမှုနဲ့ပတ်သက်ပြီးတော့လည်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်”ဟု န၀ဒေးတံတား တာဝန်ခံ ရဲအုပ်
စံရွှေမြင့်ကပြောသည်။

အဆိုပါအမှုအား ပန်းတောင်းမြို့နယ်ရဲစခန်းမှ တာဝန်ယူကိုင်တွယ်စစ်ဆေးသွားမည်ဖြစ်ပြီး
အမှုဖွင့်အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

သီဟလွင်

Read More...

နေ့စဉ် ပြည်သတင်းအား ဖတ်ရှုနေသည့် မိဘပြည်သူများအား အထူးပန်ကြားချက်

Leave a Comment

ပြည်သတင်း အားနေ့စဉ် ဖတ်ရှုနေ့သည့် မိဘပြည်သူများအတွက် ပြည်ခရိုင်အတွင်းဖြစ်ပွားနေသော သတင်းများအား ယခင်ကထက် ပိုမိုတိကျမှန်ကန်ပြီး အချိန်နှင့်တပြေးညီ တင်ဆက်ပေးသွားတော့မှာဖြစ်ကြောင်း အထူးပန်ကြားအပ်ပါသည်။

ယခုကဲ့သို့ သတင်းများကို ဖေါ်ပြရာတွင် သတင်းဖတ်ရှုသူ မိဘပြည်သူများ ယုံကြည်စိတ်ချမှု အပြည့်ရရှိစေရန် ပြည်မြို့ပေါ်တွင်နေထိုင်ပြီး ပြည်တွင်း၊ ပြည်ပ သတင်းဌာနများတွင် တရားဝင် သတင်းထောက်အဖြစ် လုပ်ကိုင်နေသည့် သတင်းထောက် (၈) ဦးနှင့် Admin တဦးတို့မှ တာဝန်ယူ၊ တာဝန်ခံမှုအပြည့်ဖြင့် အသစ်ပြန်လည်ဖွဲ့စည်း၍ ကြိုးစာတင်ဆက်သွားမှာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

မိဘပြည်သူများအနေနှင့် အစိုးရဌာနဆိုင်ရာများနှင့် တစုံတရာပြဿနာဖြစ်ခဲ့လျှင့်သော်လည်းကောင်း လာဘ်ပေး၊ လာဘ်ယူကိစ္စများအပြင်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးများတွင် အနှောင့်အယှက် အဟန့်အတားများရှိခဲ့ပါက  မိမိတို့ကိုယ်တိုင်ဖြစ်စေ၊ တဆင့်ခံဖြစ်စေ ပြည်သတင်းသို့ ဆက်သွယ်တိုင်ကြားနိုင်ပြီး သတင်းရေးသားမှုနှင့်ပတ်သက်၍ အခကြေးငွေ ပေးစရာမလိုအပ်ကြောင်း အသိပေးအပ်ပါသည်။

ပြည်တွင်း၊ ပြည်ပ သတင်းဌာနများမှ သတင်းထောက်များမှာ ...

၁။ ကိုလေး (New Watch- စောင့်ကြည့်ဂျာနယ်) Ph- 09423722439
၂။ ကိုမင်းညို (DVB- ဒီမိုကရက်တစ်မြန်မာ့အသံ) Ph- 095368590
၃။ ကိုဝေလင်း(ပြည်) (Eleven Media Group) Ph- 0933706052
၎။ ကိုဇော်မင်းထိုက် ( 7 Day daily and weekly) Ph- 0943180250
၅။ ကိုကောင်းမြတ်မင်း ( The Irrawaddy- ဧရာဝတီ) Ph- 09423744712
၆။ ကိုသီဟလွင်(ပြည်) ( မြစ်မခမီဒီယာ) Ph- 09423703914
၇။ ကိုရဲ(ပြည်)  Tomorrow journal Ph-09780390179
၈။ K3(Pyay) (Democracy Today- ဒီမိုကရေစီတူဒေး) Ph- 09973970818 တို့ဖြစ်ပြီး
Admin ကိုပြည့်ဖြိုး (Ph- 0943047862) တို့ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများ၊ သာရေး၊ နာရေးများအား အခကြေးငွေဖြင့် ကြော်ငြာများကို လက်ခံသွားမှာဖြစ်ပြီး၊ လူပျောက်ကြော်ငြာနှင့် ပရဟိတလုပ်ငန်းများအား အခမဲ့ ကြော်ငြာထည့်သွင်းနိုင်သည်။
ကြော်ငြာထည့်လိုသူများအတွက် ဆက်သွယ်ရန်
ကိုကျော်ဝင်းခိုင်(ပြည်သတင်းလူငယ်) Ph- 09973970818/ 09253311019
အားဆက်သွယ်နိုင်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။
Read More...

Thursday, September 3, 2015

နာမည်ကျန်းမာနေဆဲ မောင်ချောနွယ် ၁၃ နှစ်ပြည့် လွမ်းခြင်း

Leave a Comment



 မော်ဒန်ကဗျာဆရာ မောင်ချောနွယ်ကွယ်လွန်ခဲ့တာ ဒီကနေ့ဆိုရင် ၁၃ နှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်ပါတယ်။ တခေတ်တခါက မော်ဒန်ကဗျာလောကမှာ မောင်ချောနွယ်၊ အောင်ချိမ့်၊ ဖော်ဝေးနဲ့ သုခမိန်လှိုင်ဆိုပြီး ခေတ် ပြိုင် နာမည်ကြီး မော်ဒယ်ကဗျာဆရာတွေ ပေါ်ထွန်းခဲ့ပြီး ဆရာမောင်ချောနွယ်ဟာလည်း ဒီကနေ့အထိ မော်ဒန် ကဗျာလောကရဲ့ ဆရာတဆူဖြစ်နေဆဲပါပဲ။

ကဗျာဆရာအများစုကတော့ လူသာကွယ်လွန်ပေမယ့် နာမည်ကျန်းမာနေဆဲဖြစ်တယ်လို့တောင် ကဗျာတွေရေးပြီး တင်စားခဲ့ကြပါတယ်။ သူကွယ်လွန်တဲ့အထိမ်းအမှတ် အောက်မေ့သတိရတဲ့အနေနဲ့ ပြည်ဒေသအနီးတဝိုက်နဲ့ ရပ်နီးရပ်ဝေးက ကဗျာဆရာတွေ စုပေါင်းပြီး အခမ်းအနားတခုကို သူရဲ့ကဗျည်းကျောက်တိုင်စိုက်ထူးထားတဲ့ ပြည်မြို့ ဒက္ခိဏာရုံဘုန်းကြီးကျောင်းမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

“အဓိက ရည်ရွယ်ချက်က ခမ်းခမ်းနားနားမလုပ်ဖြစ်တာလဲကြာပြီ အဲဒါနဲ့ ကဗျာဆရာတွေစုပြီးတော့ ဒီနှစ် ခမ်းခမ်းနားနားလုပ်ကြရအောင်ဆိုပြီး လုပ်ခဲ့ကြတာပါ။ မဖြစ်မနေလုပ်သင့်တဲ့လူတွေ တန်ဖိုးထားရတဲ့သူကို တန်ဖိုးထားတဲ့အနေနဲ့လုပ်တာဖြစ်သလို၊ သူကိုလည်းချစ်သလို သူအနုပညာကိုလည်းချစ်တယ်၊ သူကိုတန်ဖိုးထားလို့ ကျနော်တို့ စိတ်ကူးတူတဲ့ လူတွေစုပြီးလုပ်ကြတာပါ။”လို့ ပွဲစီစဉ်သူတဦးထဲက ကဗျာဆရာ အိမ်ဝေးသူက ဧရာဝတီကို ပြောပါတယ်။

ဆရာမောင်ချောနွယ်ဟာ ရန်ကုန်ဇာတိဆိုပေမယ့် ပြည်မြို့မှာပဲ ကြီးပြင်းခဲ့ရတဲ့အတွက် သူ့ကိုယ်သူလည်း ပြည်သားလို့ ခံယူသလို သူ့နဲ့သူ့ကဗျာတွေကို ချစ်မြတ်နိုးသူတွေဟာလည်း ပြည်သားလို့ပဲ သိထားကြတယ်လို့ ကဗျာဆရာ အိမ်ဝေးသူက ဆက်ရှင်းပြပါတယ်။

“သူ့ကဗျာတွေက ရွတ်ပြမယ်ဆိုရင် မကုန်နိုင်လောက်အောင်များပါတယ်။ ကဗျာတွေ အကုန်လုံးကလည်း ကောင်းပါတယ်။ ကျနော်တို့ပိုပြီး ဂုဏ်ယူရတာကို သူ့ကိုယ်သူ ပြည်သားလို့ ခံယူထားတဲ့အပေါ်မှာ ပိုပြီးတော့ဂုဏ်ယူမိတယ်။ ပြည် ဇာတိလို့ပြောလို့ရတယ်။ ရန်ကုန်မှာမွေးပြီး ပြည်သားလို့ သူ့ကိုယ်သူခံယူတယ်။ ပြည် မြို့မင်းကြီးတောင်ခြေရင်းက အိမ်ကြီးမှာသူနေသွားတာ။ တနိုင်ငံလုံးအတိုင်းအတာကလည်း သူ့ကို ပြည်သားလို့ သတ်မှတ်ကြတယ်။” လို့ ဆရာ အိမ်ဝေးသူက ဆိုပါတယ်။

ဆရာမောင်ချောနွယ်အတွက် ရည်စူးပြီး ဆရာတော် သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူပူဇော်ခဲ့ခြင်းဒိက္ခဏာရုံဘုန်းကြီးကျောင်းမှာပဲ ကဗျာဆရာတွေ၊ ဆရာမောင်ချောနွယ်ကို ချစ်ခင်လေးစားသူတွေက ကဗျာ
ရွတ်ဆိုဂုဏ်ပြုကြခြင်းနဲ့ သူသက်ရှိထင်ရှားရှိခဲ့စဉ်က ပြောခဲ့ဖူးတဲ့ မှတ်သားဖွယ်စကားတွေကိုလည်း ယနေ့ေ ခတ်လူငယ်တွေကို လူကြီးတွေက လက်ဆင့်ကမ်း ပြောကြားခဲ့ကြပါတယ်။

ဓာတ်ပုံများ - ကောင်းမြတ်မင်း/ The Irrawaddy
Read More...

Sunday, August 30, 2015

(၂၉.၈.၂၀၁၅)ရက်နေ့ ပြည်သတင်း အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော မောင်ဆန်းနှစ်ဦး၏တိုင်စာနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း ဖခင်ဖြစ်သူ ဦးအောင်စိုးမှအများသိစေရန် တင်ပြခြင်း

Leave a Comment



(၂၉.၈.၂၀၁၅)ရက်နေ့ ပြည်သတင်း အင်တာနက်စာမျက်နှာတွင်
ဖော်ပြထားသော မောင်ဆန်းနှစ်ဦး၏တိုင်စာနှင့်ပတ်သက်၍
မှန်ကန်မှုမရှိကြောင်း ဖခင်ဖြစ်သူ ဦးအောင်စိုးမှအများသိစေရန်
တင်ပြခြင်း

(၂၉.၈.၂၀၁၅)ရက်နေ့ ပြည်သတင်း အင်တာနက်စာမျက်နှာတွင်
ဖော်ပြထားသော မောင်ဆန်းနှစ်ဦး၏တိုင်စာနှင့်ပတ်သက်၍
မှန်ကန်မှုမရှိကြောင်း၊၄င်းကောင်းမောင်ဆန်းနှစ်ဦးသည်
အရက်သေစာသောက်စားမူးယစ်ပြီး အရက်ကြောင်ကြောင်
နေသူတစ်ဦးဖြစ်ပါသည်။ထိုနေ့က မောင်ဆန်းနှစ်ဦးသည်
အရက်ကြောင်ကြောင်ပြီး လမ်းပေါ်တွင် ဆဲဆိုနေသည့်
အတွက် စခန်းမှူး ရဲအုပ် ဦးအောင်ကျော်မိုးမှ ရဲစခန်းသို့
ခေါ်ယူထိန်းသိမ်းပြီး ကျွန်တော့်အား ဖုန်းဆက်ခေါ်၍
ပြန်လည်အပ်နှံပေးရန် ဆောင်ရွက်ခဲ့ပါသည်။ ကျွန်တော်
၏သားဖြစ်သူ မောင်ဆန်းနှစ်ဦးမှာ အလွန်ဆိုးဝါးလွန်းသည့်
အတွက် ကျွန်တော်မှ မောင်ဆန်းနှစ်ဦးအား ရဲစခန်းသို့
သွားရောက်ခေါ်ယူခြင်းမပြုပဲ နေခဲ့ရာ မောင်ဆန်းနှစ်ဦး၏
အဒေါ်ဖြစ်သူ မခင်ခင်ညို မှစခန်းမှူး ခေါ်ယူထိန်းသိမ်းထား
သော ကျွန်တော့သား မောင်ဆန်းနှစ်ဦးအား ပြန်လည်သွား
ရောက် ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

အင်းမနယ်မြေရဲစခန်းမှူး ဦးအောင်ကျော်မိုးမှ စေတနာဖြင့်
ကျွန်တော်၏သား မောင်ဆန်းနှစ်ဦးအား ပြဿနာ ဖြစ်မည်
စိုး၍ ခေါ်ယူထိန်းသိမ်းခဲ့ပြီး တာဝန်ရှိသူထံ ပြန်လည်အပ်နှံ
ပေးခဲ့ခြင်းသာဖြစ်ပါသည်။ မောင်ဆန်းနှစ်ဦး ထိုနေ့က
ကျွန်တော်အိမ်သို့ပြန်ရောက်သည့်အချိန်တွင် ၄င်းတွင်
မည်သည့်ထိုးကြိတ် ရိုက်နှက်ထားသည့် ဒဏ်ရာမျှ မရှိပါ။
မောင်ဆန်းနှစ်ဦး အရက်ကြောင်ပြီး ပြောသော စကား
များအား အဒေါ်ဖြစ်သူမှ အဟုတ်ထင်ကာ ထိုကဲ့သို့
တိုင်တန်းခြင်းသာ ဖြစ်ပါကြောင်း တိုင်ကြားသူ
မောင်ဆန်းနှစ်ဦး၏ ဖခင်ရင်းဖြစ်သူ ကျွန်တော်
ကိုအောင်စိုးမှ အများပြည်သူ သိရှိနိုင်ရန် တင်ပြ
လိုက်ရခြင်း ဖြစ်ပါသည်။
                                                
 ဦးအောင်စိုး(ဘ)ဦးဘိုကျေး 
၇/သကန(နိုင်)၀၄၇၉၈၂
အင်းမရေပြာ
ပူးတွဲပါ ဖခင်၏မှတ်ပုံတင်၊ဓါတ်ပုံ ၊မူရင်းစာသားများအား
 အောက်တွင်ဖော်ပြထားပြီး အထက်ဖော်ပြပါ အကြောင်း
အရာနှင့်ပတ်သက်၍ နောင်ဖြစ်လာမည့်ကိစ္စအဝဝအား
အပြည့်အဝတာဝန်ယူပါကြောင်း အခြားသက်သေများရှေ့
တွင်ပြောခဲ့သည်။      
     









Read More...

Thursday, August 27, 2015

ဒါကလဲ မပြောပလောက်ပေမဲ့ စောဒကတတ်ရလောက်တဲ့ ပျက်ဆီးနေတဲ့လမ်းကိစ္စ ပြည့်သဲမောင်(ပြည်) 09 - 423671883

Leave a Comment



ဒါကလဲ မပြောပလောက်ပေမဲ့ စောဒကတတ်ရလောက်တဲ့ 
ပျက်ဆီးနေတဲ့လမ်းကိစ္စ

ပြည့်သဲမောင်(ပြည်) 09 - 423671883

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ရှိ မြို့တွင်းလမ်းများသည်သဘာဝဘေး
အန္တရာယ်ကြောင့်လည်းကောင်း၊လမ်းခင်းရာတွင်သတ်မှတ် စံချိန်စံညွှန်းအတိုင်း
ပြန်လည်မပြုပြင်ပဲ မြန်မာ့နည်းမြန်မာ့စတိုင်အတိုင်းဖာထေးနေသည်ကို ပြည်မြို့
သူ ပြည်မြို့သားများနှင့်ရပ်ဝေးရပ်နီးမှမိဘပြည်သူများအမြင် အသိပင်ဖြစ်ပါသည်။

ထိုကဲ့သို့လမ်းများပျက်ဆီးနေသည့် နေရာများအနက်မှအရမ်းဆိုးဝါးနေသောလမ်း
အားစည်ပင်ကော်မတီအဖွဲ့ဝင် ဦးအေးချိုက ယခုလိုထောက်ပြဝေဖန်ထားကာ လမ်း
အားအမြန်ဆုံးပြုပြင်ရန်လိုအပ်ကြောင်း၎င်းကဆိုသည်။

“စစ်ကဲလမ်းနှင့်လမ်းရှည်လမ်းထောင့်က လမ်းချိုင့်ခွက်ကတော်တော်ဆိုးပါတယ်။ဘာလို့
လဲဆိုရင် လမ်းဘေးပုခုံးသားကမြင့်ပြီးလမ်းသားကနိမ့်နေတယ်။ရေဝပ်တယ်၊ချိုင့်ဖြစ်နေ
တယ်။အဲလိုလမ်းကချိုင့်ဖြစ်နေလို့ဒီဘက်ကပ်သွားမယ်ဆိုတော့ တစ်ဖက်ယာဉ်ကြောမှာ
အရောင်းအဝယ်လုပ်တဲ့ကားတွေနဲ့ချိုင့်ခွက်တွေကရှိနေပြန်ရော၊ကျောင်းတက်ကျောင်း
ဆင်းချိန်ဆိုပိုပြီး အခက်အခဲဖြစ်ရတယ်။ဒါကြောင့် ကတ္တရာများများနဲ့စနစ်တကျပြန်လည်
ပြုပြင်စေချင်တယ်”ဟု စည်ပင်ကော်မတီအဖွဲ့ဝင် ဦးအေးချိုကပြောသည်။

အမှန်တကယ်တစ်မြို့လုံးအတိုင်းအတာနဲ့လုပ်မပေးနိုင်တောင် အများဆုံးအသုံးပြုသည့်
လမ်းပိုင်းတွေ ပြည်သူများအခက်အခဲဖြစ်နေတဲ့လမ်းပိုင်းတွေ ပြည်မြို့၏အဓိကမိန်းလမ်း
တွေကိုပြင်စေချင်တယ်။မိုးရွာပြီဆိုရင်လဲပြည်မြို့ရွှေဆံတော်ဘုရားရှေ့လမ်းမပေါ်မှာမြင်မ
ကောင်းအမှိုက်များတင်နေတာကို အများပြည်သူများမြင်တွေ့နေရသည်မှာဘယ်လိုမှငြင်း
လို့မရတဲ့ ကိစ္စတွေပါ။မိုးရာသီတစ်နှစ်ရောက်ပြီဆိုတာနဲ့မြောင်းဖော်ခတွေပေးရတာလဲရှိသ
လိုမပေးရတဲ့နှစ်တွေလဲရှိကောင်းရှိမယ်။

ရေစီးရေလာကောင်းမွန်ရေးဆိုပြီး သတင်းစာတွေမှာလုပ်ဆောင်ချက်တွေပြနေတာကိုလဲဖတ်
ရပါတယ်။တကယ်တမ်းမြေပြင်မှာကတော့မိုးနည်းနည်းမရွာလိုက်နဲ့ လမ်းပေါ်ရေကျော်လာပြီး
အမှိုက်တွေက ထုနဲ့ထေးနဲ့ တက်လာတော့တာပါပဲ။ဒီအချိန်အနေကို ကျွန်တော်တို့ပြည်သူအ
များ မြင်တွေ့နေရတဲ့ကိစ္စမဟုတ်ပါလား ခင်ဗျာ… ဒါကလဲ မပြောပလောက်ပေမဲ့ စောဒက
တတ်ရလောက်တဲ့ ကိစ္စတွေပဲမဟုတ်ပါလား။

အခုနောက်ပိုင်းမှာလမ်းပျက်ရင်ပြုပြင်တာနည်းပါးလာပြီး များသောအားဖြင့် တချို့လမ်းချိုင့်ခွက်
တွေကို မြန်မာ့နည်း မြန်မာ့စတိုင်အတိုင်း ဖာထေးပေး တာကိုတွေ့လာရတယ်။ဒီလိုဆိုတော့လဲ
အထူး ကျေးဇူးတင် ရပြန်ပါရောပေါ့။ကျွန်တော်တို့မြို့သည်ခရိုင်မြို့ဖြစ်တာနဲ့အညီ အနယ်နယ်
အရပ်ရပ်မှမိဘပြည်သူများအရောက်အပေါက်များသော မြို့တစ်မြို့ဆိုရင်လဲမမှားပါဘူးခင်ဗျာ။
ထို့ကြောင့်ပြည်မြို့သို့လာသော ဈေးရောင်းဈေးဝယ်များသလို၊လိုင်းကား ကိုယ်ပိုင်ကားများဟာ
လဲအတော်များလာတာကိုတွေ့ရပါတယ်။အဲဒီလိုများပါးနေတဲ့ကားတွေကို ရပ်နားခွန်ဆိုပြီး စည်ပင်
သာယာယူနီဖောင်းနဲ့ဖြတ်ပိုင်းဖြတ်(၅၀၀)ကျပ်ဆိုတာကိုလဲ၊ကားပိုင်ရှင်များ၊ယာဉ်မောင်းများက
ပေးဆောင်နေရတာကို အများပြည်သူများကိုတွေ့ကြုံနေရတဲ့ကိစ္စပဲမဟုတ်ပါလား ခင်ဗျာ..ဒါကလဲ
မပြောပလောက်ပေမဲ့ စောဒကတတ်ရလောက်တဲ့ ကိစ္စပဲမဟုတ်ပါလား။
 
အဲဒီလိုတစ်မြို့လုံးမှာရှိတဲ့ကားကြီး ကားငယ်အသွယ်သွယ်ကိုပိုက်ဆံတောင်းပြီး ယာဉ်ကျောတွေ
ပိတ်တော့မသိကျိုးကျွံပြုနေတာကိုလဲအများပြည်သူများမသိတာမဟုတ်ပါဘူး။စည်ပင်ပြောတော့ ရင်ထိန်းရဲနဲ့ဆိုင်သလိုလို၊ဟိုအဖွဲ့ဒီအဖွဲ့ ဟိုအကြောင်းဒီအကြောင်းနဲ့တင်ပြီးသွားပြန်ပါရော။
အခြေခံလူတန်းစားတွေအများဆုံးစီးတဲ့ ဆိုင်ကယ်ကျတော့ စနစ်တကျအဖွဲ့ ဖွဲ့ပြီးယာဉ်စီးကမ်း
ထိန်းသိမ်းရေးဆိုကာ နေရာမရှောင်လမ်းလည်ခေါင်မှာဖမ်းတယ်။ကောင်းပါတယ် ပြည်သူတွေ
အသက်အန္တရာယ်အတွက်ကာကွယ်တဲ့အနေနဲ့ဖမ်းတာ။ဒါဆိုရင်အများပြည်သူသွားလာနေတဲ့
လမ်းတွေမှာ ယာဉ်ကျောပိတ်ဆို့တာကရော အဲဒီအဖွဲ့နဲ့မဆိုင်ဘူးလား၊လုပ်မယ် လုပ်မယ်နဲ့ မလုပ်သေးတာအခုထိပါပဲ ၊လမ်းမတော်လမ်းတလျှောက်အဲဒီအဖွဲ့ခေါင်းဆောင် ယကက လူကြီးလမ်းလျှောက်ကြည့်ပါလား ကားတွေ ဘယ်လိုစည်းကမ်းမဲ့ရပ်တယ်။ဌာနဆိုင်ရာ
တံဆိပ်တတ်ထားတဲ့ ကားတွေဘယ်လိုလူပါးဝတယ်ဆိုတာ ပါတွေ့ရ ပါလိမ့်။ဒါကလဲ မပြောပလောက်ပေမဲ့ စောဒကတတ်ရလောက်တဲ့ ကိစ္စပဲမဟုတ်ပါလား။

ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး ဆင်းရဲလို့မှလမ်းဘေးမှာမရှက်မကြောက် ဈေးရောင်းစားရတဲ့
ဈေးသယ်ဆီက နားမြုတ်အောင်နှိုက်သေးတယ်။ကျွန်တော့ဆရာကဆုံးမဘူးတယ် အခွင့်အရေးကို
လက်တစ်ဆုံးပဲနှိုက်တဲ့ နားမြုတ်အောင်မနှိုက်နဲ့တဲ့ အခြေခံလူတန်းစားရောင်းတဲ့ မုန့်ပျစ်စလက်၊
အသုပ်အစရှိတဲ့ဆိုင်တွေဆိုတာမနက်(သို့)ညနေပိုင်းလောက်သာဖွင့်တာပဲ၊အဲဒီဆိုင်တွေဆို ဈေး
ကောက်က(၃၀၀)ကျပ်ပေးရပြီးတော့၊ပလက်ဖောင်းပေါ်ကဆိုင်ဆိုရင် ပလက်ဖောင်းအသုံးပြုခ တစ်လ
(၁၀၀၀၀)ကျပ်ပေးရပြန်သေးတယ်။ဒီလိုဆိုရင်လုပ်ငန်းကြီးလုပ်ပြီးအများပြည်သူပလက်ဖောင်းပေါ်မှာ
အများပြည်သူသွားမရအောင်မိမိဆိုင်အမည်ပါတဲ့ဗင်နိုင်းတွေထောင်၊သံဖရိန်နဲ့ဆိုင်းဘုတ်တွေထောင်ပြီး အများပြည်သူဖြတ်သန်းသွားလာလို့မရလုပ်ထားတာတွေကို စည်ပင်ကအရာရှိများ မြေပြင်မှာဆင်းပြီး တော့ပိုက်ဆံကောက်နေတဲ့ဝန်ထမ်းတွေမမြင်တာလားမမြင်ချင်ဟန်ဆောင်နေကျတာလားဆိုတာ
ပြည်သူတွေဘက်ကမေးစရာဖြစ်လာပါတယ်။ရပ်ကွက်လမ်းကြားထဲမှာမင်္ဂလာဆောင်ဖို့ ပြောတော့
ဟိုအဖွဲ့ခွင့်ပြုမိန့် ဒီအဖွဲ့ခွင့်ပြုမိန်နဲ့မဆိုင်တဲ့အဖွဲ့တွေကိုထောက်ခံစာယူခိုင်းသေးတယ်။မိန်းလမ်းမ
တွေမှာ ယာဉ်အသွားအလာများတဲ့လမ်းတွေမှာ ကကျခုန်ကျ တာတော့လမ်းပိတ်တာမပိတ်တာဂရု
မစိုက်ဘူးပေါ့ ၊ပြည်သူခြင်းအတူတူအခွင့်အရေးဆိုတာလဲ အတူတူဖြစ်ရင်ဘယ်လောက် ကောင်းလိုက်
မလဲဗျာ.. ဒါကလဲ မပြောပလောက်ပေမဲ့ စောဒကတတ်ရလောက်တဲ့ ကိစ္စပဲမဟုတ်ပါလား။

မှတ်ချက်။   ။ ပြည်သူများ၏အသံ အမှန်တရားများကိုးချပြရေးသားထားပါသဖြင့် မိမိတို့ဌာနအနေ
ဖြင့်မကောင်းတာဖယ် ကောင်းတာလွယ်ပြီး ဆက်လက်လုပ်ဆောင်သွားရန်ရည်ရွှယ်ရေးသားဖော်ပြ
အပ်ပါသည်။


 ပြည့်သဲမောင်(ပြည်) 09 - 423671883





Read More...

Facebook Like Page