Friday, September 4, 2015

ပြည်မြို့ ဧရာဝတီမြစ် နဝဒေးတံတားအနီးတွင် လှိုင်မေတ္တာခရီးသည်တင်စက်လှေတိမ်းမှောက် လူအသေအပျောက်မရှိဟုဆို

Leave a Comment
သတင်းဓာတ်ပုံ-မိုးမခ(ပြည်)

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နှင့်တစ်ဘက်ကမ်းညောင်ပင်သာ ကျေးရွာသို့ပြေးဆွဲနေသော လှိုင်မေတ္တာခရီသည်တင်စက်လှေ တိမ်းမှောက်မှုကြောင့် စက်လှေမောင်းသူအပါအ၀င် ခရီးသည်(၇)ဦး နေမြုပ်သွားသော်လည်း ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။

စက်တက်ဘာလ (၄)ရက်နေ့ မနက်ဆယ်နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်ချို့ယွင်းမှုကြောင့်ရေစီးနှင့်အတူမျောပါသွားစဉ် န၀ဒေးတံတားအနီး ၀ဲကတော့ဖြစ်နေသောနေရာတွင်စက်လှေမှာ လည်ထွက်သွားကာ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စက်ကရပ်သွားသော ပန်ကာအလုပ်မလုပ်ပဲ ၀ဲထဲရောက်သွားတာဘယ်လိုမှထိမ်းမနိုင်ပဲမှောက်သွားတယ်
ကံကောင်းတာကလှေပေါ်မှာပါလာတဲ့သူတွေအားလုံးကရေကူးတတ်တော့ အသက်အန္တရယ်မထိခိုက်ခဲ့ဘူး”ဟု စက်လှေမောင်းသူ ကိုဇော်မင်းဌေးကပြောသည်။

စက်လှေမောင်းသူနှင့်ခရီးသည်များကို နယ်မြေခံရဲဝန်ထမ်းများနှင့်ရပ်ကွက်ဒေသခံအချို့မှ ၀ိုင်းဝန်းကယ်ဆယ်နိုင်ခဲ့ပြီး စက်လှေကိုဆယ်ယူနိုင်ခဲ့သော်လည်း ပန်ကာတပ်ထားသော အင်ဂျင်စက်မှာ နစ်မြုပ်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“စက်လှေမောင်းသူကိုတော့ ရေယာဉ်မဆင်မခြင် မောင်းနှင့်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၀ အရ အရေးယူသွားမှာပါ ဒီအမှုနဲ့ပတ်သက်ပြီးတော့လည်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်”ဟု န၀ဒေးတံတား တာဝန်ခံ ရဲအုပ်
စံရွှေမြင့်ကပြောသည်။

အဆိုပါအမှုအား ပန်းတောင်းမြို့နယ်ရဲစခန်းမှ တာဝန်ယူကိုင်တွယ်စစ်ဆေးသွားမည်ဖြစ်ပြီး
အမှုဖွင့်အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

သီဟလွင်

0 comments:

Post a Comment

Facebook Like Page