Saturday, August 2, 2014

ပြည်​မြို့နယ်​ အရန်​မီးသတ်​တပ်​ဖွဲ့မှ ဇူလှိုင်​လအတွင်း အများပြည်သူ အကျိုးပြုလုပ်​ငန်းများလုပ်​​ဆောင်​ခဲ့မှု သတင်းအကျဉ်းနှင့်​ မှတ်​တမ်းဓါတ်​ပုံများ

Leave a Comment
ပြည်​မြို့နယ်​ အရန်​မီးသတ်​တပ်​ဖွဲ့မှ ဇူလှိုင်​လအတွင်း အများပြည်သူ အကျိုးပြုလုပ်​ငန်းများလုပ်​​ဆောင်​ခဲ့မှု သတင်းအကျဉ်းနှင့်​ မှတ်​တမ်းဓါတ်​ပုံများ *******************************************************




 ပြည်​မြို့နယ်​ အရန်​မီးသတ်​တပ်​ဖွဲ့ တပ်​ရင်းရုံး
ပြည်​မြို့နယ်​ အရန်​မီးသတ်​ ဒုတိယတပ်​ရင်းမှုး၏လမ်း ညွန်​မှု၊ အနီးကပ်​ကွက်​ကဲမှု တပ်​ဖွဲ့ဝင်​များရဲ့စိတ်​​စေတ နာ​ကောင်းတို့ဖြင့်​ အများပြည်​သူအကျိုးပြုလုပ်​ငန်း - ကယ်​ဆယ်​​ရေး လုပ်​ငန်း​တွေမှာ မီးငြိမ်းသတ်​​ရေးက လွဲပြီး ကယ်​ဆယ်​​ရေးပစ္စည်း မပြည့်​စုံတဲ့ကြားကဇူလှိုင် လအတွင်း ကူညီ၊ရှင်းလင်း၊ ကယ်​ဆယ်​ခဲ့သည်​များ....
ပြည်​မြို့နယ်​အရန်​မီးသတ်​ တပ်​ဖွဲ့ ဇူလှိုင်​လ (၅) ည (၇း၃၀)နာရီဝန်​ကျင်​...... ************************************** ၆၆၀၀၀ဗို့ အားရှိ့ 11 kv ဓါတ်​အားကြိုး ​ အောင်းဆန်း ပြည်​သာယာ ကွက်​သစ်​ အတွင်း လူသွားလမ်း​ပေါ် ၀ါယာ​ရှော့ဖြစ်​ မီး​လောင်​ပြတ်​ကျ သ​န္ဒေနှင့်​ အရန်​ မီး သတ်​တပ်​ဖွဲ့ဝင်​များ ​ရောက်​ရှိ့ ငြိမ်းသတ်​ လုံခြုံ​ရေးယူ
ဇူလှိုင်​လ(၁၄)ရက်​ ပြည်​မြို့နယ်​အရန်​မီးသတ်တပ်​ဖွဲ့​ ****************************************************** ပြည်​အရန်​မီးသတ်​ တပ်​စု(၅၀) ခရမ်းကုန်းတပ်​ဖွဲ့ သည်​ မိမိ​ နယ်​​မြေ ဖြစ်​​သော ခရမ်းကုန်းရပ်​ကွက်​ အချို့​နေရာ များတွင်​ ​မြောင်း​ရေလျှံ၍ လူသွားလမ်းအားေ ရများဖုံး အုပ်​လာသဖြင့်​ ရေကြီး​ရေလျှံခြင်းမရှိရ​အောင်​နေ့လည်​ (၂)နာရီမှ စတင်​ကာ​ ​ရေ​မြောင်းများအားည​နေ(၆)နာရီ ထိ တပ်​ခွဲမှုး၊တပ်​စုမှုးတို့ ဦးေ​ဆောင်​ကာ ​ ရှင်​လင်း​ ဆောင်​ရွက်...
ဇူလှိုင်​လ(၁၇)ရက်​ ပြည်​မြို့နယ်​ အရန်​မီးသတ်​တပ်​ဖွဲ့ ******************************************************* ပြည်​မြို့ ရုံးလမ်းနှင့်​ ကုန်​သည်​လမ်း​ထောင့်​လမ်း​ဘေး တွင်​ဖွင့်​ထားသည့်​စက်​ဘီးပြင်​ဆိုင်​ အနီးတွင်​ရှိ့ ​သော သက်​တမ်းရင့်​ ခ​ရေပင်​သည်​ နံနက်​ (၉း၀၀)၀န်းကျင်​ တွင်​ အမြစ်​မှလန်​ကာ ကတ္တရာလမ်း​ပေါ်သို့လဲကျလာ သဖြင့်​ သ​န္ဒေ၊အ ရန်​မီးသတ်​နှင့်​စည်​ပင်​ ပူး​ပေါင်းရှင်း လင်​ဖယ်​ရှား...
ဇူလှိုင်​(၁၈)ရက် ပြည်​မြို့နယ်​အရန်​မီးသတ်​တပ်​ဖွဲ့​ ****************************************************​ အရန်​မီးသတ်​တပ်​ဖွဲ့ဝင်​ တစ်​ဦးဖြစ်​​သော တပ်​ခွဲ(၅) တပ်​စု(၂၂) တပ်​ကြပ်​​ကျော်​စိုးဦး (၃၇)နှစ်​နာ​ရေးဖြစ်​ သဖြင့်​ ကျန်​ရစ်​သူ ဇနီး မတင်​တင်​ချိုအား နာရေး ​ထောက်​ပံငွေ (တစ်​သိန်း)ကျပ်​အားဒုတိယတပ်​ရင်း မှုးနှင့်​အဖွဲ့မှ ကျန်​ရစ်​သူဇနီးအား​ပေးအပ်​..
ဇူလှိုင်လ(၂၃)ရက် ပြည်​မြို့နယ်​အရန်​မီးသတ်​တပ်​ဖွဲ့​ ****************************************************** ပြည်​မြို့ ​ကန်းနားလမ်း ခေတ္တရာ ဧရာပန်းခြံအတွင်း ရှိ့  စိန်းပန်းပင်​သည်​ ​နေ့လည်​(၁း၄၀)နာရီ ၀န်းကျင်​ ခန့်​တွင်​ လူသွားလူလာများ​သော ကတ္တရာလမ်း​ပေါ် သို့လဲကျလာ သဖြင့်​ သ​န္ဒေ ၊အရန်​မီးသတ်​တပ်​ဖွဲ့ဝင်​ များ သွား​ရောက်​ရှင်းလင်း​ဆောင်​ရွက်​ခဲ့သည်​။
ဇူလှိုင်​လ (၂၄)ရက် ပြည်​မြို့နယ်​ အရန်​မီးသတ်​ တပ်​ဖွဲ့​ ********************************************************* ပြည်​မြို့ န၀​ဒေးရပ်​ကွက်​ ​အောင်​​တော်​မှုဘုရားအနီး ရှိ့ ဦး​အောင်​နု(ခ)ဦးနု​ဆွေ ပိုင်​ ငါးပိစက်​ရုံတွင်​ ည​နေ (၄း၃၀) နာရီ ၀န်​ကျင်​ခန့်​မှာ အဆိုပါစက်​ရုံရှိ့  လုပ်​ သား​ တစ်​ဦးဖြစ်​​သော ကိုသန့်​ဇင်​ထွန်း (ဘ) ဦး​အေး ထွန်းအသက်​(၂၉)နှစ်​သည်​ငါးပိနယ်​၍ကြိတ်​စက်​အ တွင်း ထိုးသွင်း​နေစဉ်​ ညာဘက်​လက်​မှာ အရှိန်​လွန်​ ကာကျွန်​၀င်​သွားသဖြင့်​လက်​​ချောင်းငါး​ချောင်းအပါ ၀င်လက်​​ကောင်​၀တ်​ထိစက်​အတွင်းညှပ်​မိ​နေသည့်​ ဖြစ်​စဉ်​ဖြစ်​ပွါးခဲ့သည်​။ အဆိုပါဖြစ်​ရပ်​အား စက်​ရုံအ တွင်း​ဖြေရှင်း​နေရာ မရသည့်​အဆုံး မိုး​မေတ္တာ လူမှု ​ရေးအဖွဲ့Ambulance နှင့်​​ဆေးအဖွဲ့အား ည​နေ (၅း ၄၅)၀န်းကျင်​တွင်​ဆက်​သွယ်​ အ​ကြောင်းကြားခဲ့သ ည်​၊ထိုမှတဆင့်​ ရှာ​ဖွေကယ်​ဆယ်​​ရေးအတွက်​ မီး သတ်​တပ်​ဖွဲ့(သ​န္ဒေ)၊ အရန်​မီးသတ်​(တပ်​ရင်းရုံး)တို့ အား ဆက်​လက်​ အ​ကြောင်းကြားရာ မိနစ်​ပိုင်း အ တွင်း​ရောက်​ရှိ​နေရာယူကာ အဆိုပါညှပ်​​နေ​သော လက်​အား ကြိတ်​စက်​အတွင်းမှ အမြန်​ဆုံးဖယ်​ ထု တ်​ရန်​အတွက်​ မီးသတ်​တပ်​ဖွဲ့ဝင်​များ မိုး​မေတ္တာ​ မှ ​ဆေးအဖွဲ့​များ မိဘ​​ဂုဏ်​ရည်​​မော်​​တော်​ကား work shop မှ ကိုကုလားကြီး နှင့်​အဖွဲတို့ ၀ိုင်းဝန်​ကြိုးစား ကြရာ ည (၈း၃၅)နာရီ တွင်​ စက်​ထဲမှ ညှပ်​​နေ​သော လက်​အား ​အောင်​မြင်​စွာအပြင်​သို့ထုတ်​နိုင်​ခဲ့သည်
အထက်​ပါ သတင်းများကို အကျယ်​တပွင့်​ဖတ်ချင်​ သူများ ​လေ့လာ​ဝေဖန်​ အကြံပြုလိုသူများ အား.. Online လိပ်​စာ မှာ......... Blogger..pyayvolunterfirefighter Facebook Page; ပြည်​အရန်​မီးသတ်​တပ်​ရင်းရုံး ​ ​ကျော်​ကြီး တပ်​စုမှုး (တပ်​ရင်းရုံး Online)





Read More...

ပြည်အရောင်းအ၀ယ်.....

Leave a Comment

ပြည်မြို့ အောင်ဆန်း ပြည်သာယာရပ်ကွက် ကိုသောင်း/ခရမ်းကုန်း/စံပယ်လမ်း အတွင်းရှိ
အိမ်အမှတ်.(၇၅)..ပတ်ကား(၂)ထပ်တိုက်...အလျား...(၁၀၈)ပေ နှင့် အနံ...(၇၅)ပေ ရှိ အိမ်နှင့် ခြံရောင်းပါမည်။ ရေစက်ငုတ်(ရေ)/မီး အပြည့်အစုံပါရှိပါမယ်...

ခေါ်ဈေး.....သိန်း(၁၃၀၀)ခေါ်ထားပါတယ် စိတ်ဝင်စားတယ်ဆိုရင် လူကိုယ်တိုင်လာရောက် အသေးစိတ်
လေ့လာညှိနိုင်းနိုင်ပါတယ် အလျော့အတင်းရှိပါမယ်....

ဆက်သွယ်ရန်.....0943056927 / 09423660369 ကိုဆက်သွယ်လိုက်ပါ...



Read More...

အဘဆိုသူများသို့............

Leave a Comment
အဘဆိုသူများသို့
**********
အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့သူကို
"သူရဲကောင်း" လို့ခေါ်တယ်.....
ဒါဆို ဗိုလ်ချုပ်ကို အာဇာနည်လို့ ဘာကြောင့်ခေါ်သတာလဲ။

ရှင်းပါတယ် အများအကျိုးအတွက် ဆောင်ရွက်ရင်း
အသက်ပေးခဲ့လို့ အာဇာနည်လို့ ခေါ်ရတာပေါ့။
လူတိုင်းကသေရမှာဘဲ မသေခင်ဘာထားခဲ့မှာလည်း...

ဗိုလ်ချုပ်ကတော့ လွတ်လပ်ရေးကို ထားခဲ့တယ်....
လူကြီးမင်းတို့ကရော...??????????
လက်ထဲမှာ အာဏာရှိနေတုန်း ပြည်သူအတွက်သာသုံးလိုက်ပါ။

တခြားသူတွေက မပြင်သေးရင် ကိုယ်ကစပြင်လိုက်ပေါ့..
ထပ်ပြောအုံးမယ် နာမည်ဆိုးနဲ့ သေမှာလား...????????
ဗိုလ်ချုပ်အောင်ဆန်းလို သေမှာလား...?????????

ကိုယ့်ဘာသာကို ရွေးလို့ရပါတယ်ဗျာ။....

ကျောင်းတော်သား(ပြည်)

*****************************************

သည်းအူလှိုက်လှဲ - တမ်းတမြဲ
*********************

အာဇာနည်များ ခေါင်းချသွားတာ
နှစ်အားတွက်စစ် ခြောက်ဆယ်ခုနှစ်တိုင်
မမေ့နိုင်ဘူး ဇူလိုင်ဆယ့်ကိုး
ကြမ္မာညှိုး၍ စွေဖြိုးမျက်ရည် ကျရပြီ။....

သွေးခင်းသောလမ်း သူလျှောက်လှမ်း၍
ဆင့်ကဲဝန်တာ ပေးခဲ့ရှာပြီ
နောင်လာနောက်သား သွေးချင်းများတို့
စွမ်းအားရှိသမျှ ကြိုးပမ်းကြဖို့။.....

အဘဗိုလ်ချုပ် မှာခဲ့တယ်
လူကသာသေ နာမည်မသေဘူး
တို့တွေတုယူ သူလိုလူကို
သည်းအူလှိုက်လှဲ တမ်းတမြဲမို့။....

ရင်ထဲလှိုက်လှိုက် ဦးညွှတ်လိုက်သည်
သောင်းထိုက်ဘ၀ဂ်
သိစေသား............................

ညွှန့်ဆွေ(ရွှေတံခါး)ပြည်

********************************

ွှအဖေ
******

အဖေ...........
သူများတွေမေးကုန်ကြသည်...
ကြာပြီဆိုပေမယ့်လည်း...
စိတ်ထဲမှာ စွဲနင့်...
လွဲသင့်လို့ လွဲခဲ့တာလား...
မခွဲသင့်ဘဲ ခွဲခဲ့ရတာလား...
ဘာများလည်း မသိခဲ့ရပြီ.....။

အဖေ............
ကြယ်လေးတွေကို မေးကြည့်မလား...
ဝင်ရိုးစွန်းကို ပြေးကြည့်ရမလား...
ပင်လယ်ကြီးကို ငေးကြည့်ရမလား...
ကဗျာလေးတွေပဲ ရေးကြည့်ရမလား...
တအားကို ရှုပ်ထွေးတဲ့လောကကြီးမှာ...
အထီးကျန်စွာ ရယ်မောတတ်ခဲ့ပြီ.....။

အဖေ..........
ရာသီတွေအလိုလိုပြောင်း...
ဟောင်းသွားတဲ့ သက္ကရာဇ်တွေ...
မိုးတွေကစွေ နှင်းတွေလည်းဝေ...
သြော်............အဖေရယ်...
တကယ်လို့သာ အဖေရှိရင်ဆိုတဲ့အတွေး...
ငိုမဲ့မဲ့ မျက်နှာပေးနဲ့...
ကဗျာတွေ ဖွဲ့တတ်ခဲ့ပြီ....................။

မေဂျူလိုင်(P.U)
Read More...

Friday, August 1, 2014

ပြည်မြို့တွင် စွန့်ပစ်အမှိုက်အလှူခံပုံးများ တိုးချမည်ဟု ဂရုဏာလက်များကွန်ယက် လေလွင့်ကလေးများကူညီစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ ပြောကြား ပြည့်သဲမောင်(ပြည်)

Leave a Comment




ပြည်မြို့တွင် စွန့်ပစ်အမှိုက်အလှူခံပုံးများ တိုးချမည်ဟု ဂရုဏာလက်များကွန်ယက်
လေလွင့်ကလေးများကူညီစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ ပြောကြား

ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဂရုဏာလက်များကွန်ယက်လေလွင့်ကလေးများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြန်လည်အသုံးပြုနိုင်သောစွန့်ပစ်အမှိုက်များကို
အလှူခံသည့် အလှူခံပုံးများကိုတိုးမြင့်ချထားမည်ဖြစ်ကြောင်း အဆိုပါကွန်ယက်
၏ ဥက္ကဌ ကိုပုံည ကပြောသည်။


ပြည်မြို့အတွင်းလူစည်ကားရာနေရာများဖြစ်သည့် မြို့ပေါ်ရပ်ကွက်ထိပ်လမ်းဆုံလမ်း
ဂွနေရာများ ၊ အဝေးပြေးကားဂိတ်ဝန်း ၊ရွှေဆံတော်စေတီ ၊ ဘုရားကြီးစေတီ ၊
ပြည်တက္ကသိုလ်ကျောင်းရှေ့စသည့်နေရာများတွင် အလှူခံအမှိုက်ပုံး(၂၁)ဘုံး
ချထားပြီးဖြစ်ကြောင်းလည်း ကိုပုံညကပြောသည်။
စွန့်ပစ်အမှိုက်များ ရောင်းချရာမှ တစ်လလျှင်ဝင်ငွေကျပ်သုံးသိန်းကျော်ရရှိပြီး
လေလွင့်ကလေးငယ် (၇)ဦးကို တစ်နေ့(၁၅၀၀)ကျပ်ဖြင့်အလုပ်ပေးထားနိုင်ကြောင်း
လည်း ၄င်းကဆက်ပြောသည်။

၂၀၁၃ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဂရုဏာလက်များကွန်ယက်သည်
ပြန်လည်အသုံးပြုနိုင်သော စွန့်ပစ်အမှိုက်များဖြစ်သည့် ရေသန့်ဗူး ၊
အချိုရည်ဗူး ၊ ဗီယာဗူး ၊ ပုလင်းခွံ ၊ ပလတ်စတစ် ကော်ဗူး ၊ ကော်ခွက် ၊
သတင်းစာ ဂျာနယ် အဟောင်းများ ၊ ဗလာစာအုပ်အမျိုးမျိုး တို့ ကို
ပြည်မြို့အတွင်း အမှိုက်ပုံးများချအလှူခံခဲ့သည်။

“ဘုံးသုံးဆယ်လောက်ထိ တိုးချထားဖို့ရှိမယ်။ လက်ဖက်ရည်ဆိုင်တွေကလဲ
လှူဖို့ချင်တယ်လို့ပြောတယ်။ စားသောက်ဆိုင် ၊ လက်ဖက်ရည်ဆိုင် ၊
ဘီယာဆိုင်တွေ အကုန်လုံးနဲ့ ချိတ်ဆက်ပြီးအလှူခံသွားမယ်”
ဟုဂရုဏာလက်များကွန်ယက် လေလွင့်ကလေးများကူညီစောင့်ရှောက်ရေးအဖွဲ့
ဥက္ကဌကိုပုံညကဆိုသည်။

“ ပစ္စည်းလိုက်သိမ်း အမျိုးအစားခွဲပေးတဲ့ ကလေးတွေကို အဲဒီဝင်ငွေတွေနဲ့
လုပ်အားခ ပြန်ပေးတယ်။ ကလေးတွေအပြင်မှာလိုက်ကောက်စရာမလိုတော့ဘူး။
ကျောင်းမှာ အလုပ်ရှိတယ်ဆိုတော့ ပတ်ဝန်းကျင်အဟောင်းကိုပြန်မရောက်တော့
ဘူးပေါ့ “ ဟု၎င်းကဆိုသည်။

လားရှိုး ၊ ပခုက္ကူ ၊ မကွေး ၊ ရန်ကုန် မြို့များတွင်လည်း လူမှုအဖွဲ့များက
ပြန်အသုံးပြုနိုင်သော စွန့်ပစ်အမှိုက်များကိုအလှူခံပြီးလူမှုရေးလုပ်ငန်း
များလုပ်ဆောင်လျှက်ရှိသည်။

မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီးစာမူနှင့်
ပတ်သက်လာမည့်ကိစ္စအဝဝကိုယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း
ဝန်ခံကတိပြုပါသည်။


သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)
Read More...

တိုင်းလျှပ်စစ်ရုံးမှတာဝန်ရှိသူများနှင့်လျှပ်စစ်ဝန်ထမ်းအားလုံးကို အများပြည်သူ ကျောင်းသား ကျောင်းသူများ ကိုယ်စားအထူး(အထူး)ကျေးဇူးတင်ကြောင်း ပြည့်သဲမောင်(ပြည်)

Leave a Comment




တိုင်းလျှပ်စစ်ရုံးမှတာဝန်ရှိသူများနှင့်လျှပ်စစ်ဝန်ထမ်းအားလုံးကို အများပြည်သူ
ကျောင်းသား ကျောင်းသူများ ကိုယ်စားအထူး(အထူး)ကျေးဇူးတင်ကြောင်း

ပြည့်သဲမောင်(ပြည်)
ဇူလိုင်(၃၁)ရက်နေ့က “အများပြည်သူ ကျောင်းသား ကျောင်းသူများ
အန္တရာယ်ရှိနိုင်သော ဓါတ်တိုင်အားအစားထိုးလဲပေးပါရန်’’ ရွှေတစ်ချောင်း
လမ်းနှင့်အုန်းတောလမ်းထောင့် တက္ကသိုလ်ရှေ့တိုးပြည်သျှံ စတိုးဆိုင်ရှေ့
(ဖော်ပြပါ ပုံပါ) ဓါတ်တိုင်သည်အောက်ခြေတွင်သံချေးများစားကာ လေတိုက်
ခတ်ပြီးမိုးရွှာသွန်းချိန်တွင်ကျောင်းသား ကျောင်းသူများနှင့်အများပြည်သူများအ
တွက် အန္တရာယ်ရှိကြောင်း၊တိုင်းလျှပ်စစ်ရုံးမှတာဝန်ရှိသူများနှင့်မြို့နယ်လျှပ်စစ်ရုံးမှ
တာဝန်ရှိသူများ ၄င်းကောင်းအောက်ခြေသံချေးစားနေသောဓါတ်တိုင်နေရာတွင်
အခြားကောင်းသော ဓါတ်တိုင်ပြောင်းလဲအစားထိုးပေးပါရန် ကျောင်းသားကျောင်း
သူများနှင့်အများပြည်သူများကိုယ်စားအပြုသဘောဆောင်၍အွန်လိုင်းမှအကြောင်း
ကြားပေးခဲ့ပါသည်။

ထိုသို့ ပြည်သူများ၏ကိုယ်စား အကြောင်းကြားပေးသော ပြည်သူ့အသံအား အလေးထားဆောင်ရွက်သည့်အနေဖြင့် တိုင်းလျှပ်စစ်ရုံးမှ သြဂုတ်(၁)ရက်နေ့
နေ့လည်တွင် ကျောင်းသား ကျောင်းသူများနှင့်အများပြည်သူများအန္တရာယ်
မဖြစ်အောင်ဆောင်ရွက်နေပါသည်။

ထို့ကြောင့်ပြည်သူ့အသံကိုအလေးထားသော တိုင်းလျှပ်စစ်ရုံးမှတာဝန်ရှိသူများနှင့် လျှပ်စစ်ဝန်ထမ်းအားလုံးအားအထူး(အထူး)ကျေးဇူးတင်ကြောင်းအများပြည်သူ ကျောင်း
သား ကျောင်းသူများကိုယ်စားမှတ်တမ်းတင်အပ်ပါသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)


Read More...

Facebook Like Page