Tuesday, February 4, 2014

မင်္ဂလာဆောင်မှပြန်လာသောအမျိုးသမီးနှစ်ဦးရေဆိုးချောင်းထဲဆိုင်ကယ်ထိုးကျတိမ်းမှောက်သေဆုံး ပြည့်သဲမောင်(ပြည်)

Leave a Comment


မင်္ဂလာဆောင်မှပြန်လာသောအမျိုးသမီးနှစ်ဦးရေဆိုးချောင်းထဲဆိုင်ကယ်ထိုးကျတိမ်းမှောက်သေဆုံး

 ပြည့်သဲမောင်(ပြည်)

 ဖေဖော်ဝါရီလ(၂)ရက်နေ့ကပဲခူးတိုင်းပြည်ခရိုင်ပြည်မြို့နယ်တီတွတ်-၀က်ထီးကန်ကားလမ်းမိုင်တိုင် အမှတ်(၁၁)အနီးတွင်ဆိုင်ကယ်တစ်စီးရေဆိုးချောင်းထဲထိုးကျခဲ့ပြီးဆိုင်ကယ်ပေါ်တွင်စီးနင်းလိုက်ပါ လာသောအမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်းပြည်မြို့အမှတ်(၃)ရဲစခန်းမှသိရပါသည်။ အဆိုပါအမျိုးသမီးနှစ်ဦးသည်ဝက်ထီးကန်မြို့နေညီအစ်မ၀မ်းကွဲတော်စပ်သူများဖြစ်ကြပြီးပြည်မြို့ရှိ မင်္ဂလာဆောင်တစ်ခုမှအပြန်၎င်းတို့စီးနင်းလာသောKenboအနက်ရောင်110ဆိုင်ကယ်သည်အရှိန်မ ထိန်းနိုင်ဘဲမိန်းမရဲရေဆိုချောင်းအတွင်းထိုးကျခဲ့ကြောင်းပြည်မြို့အမှတ်(၃)စခန်းမှသိရသည်။ ဆိုင်ကယ်မောင်းသူယာဉ်မောင်းအမျိုးသမီးမှာရေဆိုးချောင်းကွန်ကရစ်ပြွန်ခေါင်းနှင့်မျက်နှာရိုက်မိကာ ယာနားရွက်ပြတ်ယာနားသွေးထွက်ဒဏ်ရာများရရှိကာသေဆုံးခဲ့သည်။ဆိုင်ကယ်နောက်လိုက်အမျိုး သမီးမှာမျက်နှာပြင်ပွန်းပဲ့ဒဏ်ရာသွေးထွက်ဒဏ်ရာများရရှိကာရေဆိုးချောင်းအတွင်းရေနစ်မြုပ်သေဆုံးခဲ့ကြောင်းအမှတ်(၃)ရဲစခန်းမှတ်တမ်းအရသိရပါသည်။ ဖြစ်စဉ်နှင့်ပတ်သတ်၍ပြည်မြို့အမှတ်(၃)ရဲစခန်းမှူးရဲအုပ်စိုးလှိုင်ဦးက“အဲဒီမှာကွေ့ရောင်ရောင်လေးနဲ့ပြွန်ပေါက်ရှိတယ်။မိန်းကလေးတွေဆိုတော့ကွေ့ကိုမကွေ့တတ်ဘဲအရှိန်ပါပြီးပြွန်ပေါက်ထဲပြုတ်ကျသွား တာ။အောက်မှာလည်းရေနည်းနည်းရှိတယ်”ဟုပြောပါသည်။ အကြောင်းအရာကိစ္စနှင့်ပတ်သတ်၍ဆိုင်ကယ်ယာဉ်မောင်းသေဆုံးသူမ…………………အား ပြည်မြို့အမှတ်(၃)ရဲစခန်းတွင်(ပ)၂/၂၀၁၄ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃၀၄-ကဖြင့်အမှုဖွင့် ဆောင်ရွက်ထားကြောင်းအမှတ်(၃)ရဲစခန်းမှတ်တမ်းအရသိရပါသည်။
Read More...

နယ်လှည့်ပါးရိုက်နေတယ်ပြောခဲ့သည့်ဝန်ကြီးဦးအုန်းမြင့်ကိုပြည်မြို့တွင်ဆန္ဒပြသပိတ်မှောက် ပြည့်သဲမောင်(ပြည်)

Leave a Comment

နယ်လှည့်ပါးရိုက်နေတယ်ပြောခဲ့သည့်ဝန်ကြီးဦးအုန်းမြင့်ကိုပြည်မြို့တွင်ဆန္ဒပြသပိတ်မှောက် ပြည့်သဲမောင်(ပြည်) မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဌါနပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်၏နယ်လှည့်ပါးရိုက်နေတယ်ဟုပြောခဲ့သောစကားအားမကျေနပ်သည့်အတွက်ပဲခူးတိုင်းပြည်ခရိုင်ပြည်မြို့၌တရားလွှတ်တော်ရှေ့နေဦးမြင့်အေးကဖေဖော်ဝါရီ(၄)ရက်နေ့တွင်တစ်ဦးတည်းလမ်းလျှောက်ချီတက်ကာဆန္ဒပြသပိတ်မှောက်ခဲ့ကြောင်းသိရပါသည်။ ထိုနေ့နံနက်(၉)နာရီအချိန်တွင်ရှေ့နေဦးမြင့်အေးသည်တပ်လမ်းရှိ၎င်း၏နေအိမ်မှလမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်မှုကိုစတင်ခဲ့ပြီးလမ်းရှည်လမ်းနှင့်လမ်းမတော်လမ်းမှတဆင့်မြင်းစီးကျောက်ရုပ်ရှေ့သို့ချီတက်ခဲ့သည်။မြင်းစီးကျောက်ရုပ်မှ၎င်း၏နေအိမ်သို့ပြန်ခဲ့ပြီးဆန္ဒထုတ်ဖော်သပိတ်မှောက်မှုကိုရပ်နားခဲ့သည်။ ဦးမြင့်အေးသည်ဆန္ဒဖော်ထုတ်ရာတွင်“ပြည်ထောင်စုဝန်ကြီးအုန်းမြင့်နယ်လှည့်ပြီးပြည်သူကိုပါးမရိုက် ပါနဲ့ကျုပ်တစ်ယောက်တည်းကိုသူတို့ကိုယ်စားပါးရိုက်လိုက်ပါအချက်သန်းခြောက်ဆယ်ရိုက်ပါအားရင် ကျုပ်ကိုပါးလာရိုက်ပါပါးကောင်းလို့လက်ဝါးတောင်းတာပါ”စာသားပါဗီနိုင်းပိုစတာတစ်ခုကိုကိုင်ဆောင်ခဲ့သည်။ တရားလွှတ်တော်ရှေ့နေဦးမြင့်အေးကလမ်းလျှောက်ဆန္ဒဖော်ထုတ်ရခြင်းသည်ပြည်ထောင်စုအဆင့်ရှိ ၀န်ကြီးတစ်ဦးမှပြည်သူလူထုကိုမပြောသင့်မပြောထိုက်သည့်စကားများပြောဆိုသည့်အတွက်ဝန်ကြီး အဖြစ်အသိအမှတ်မပြုဘဲသပိတ်မှောက်လိုက်ခြင်းဖြစ်ကြောင်းပြောပါသည်။ “ပြည်ထောင်စုအဆင့်ရှိတဲ့ဝန်ကြီးတစ်ယောက်အနေနဲ့ပြည်သူလူထုကိုဒါမျိုးမပြောသင့်ဘူး။ကျွန်တော့်အနေနဲ့မကျေနပ်တဲ့အတွက်သူ့ကိုဝန်ကြီးအဖြစ်အသိအမှတ်မပြုတော့ဘူး။သပိတ်မှောက်လိုက်ပြီ။သပိတ်မှောက်တယ်ဆိုတာသူ့ကိုဂရုမစိုက်တော့ဘူး။အသိအမှတ်လည်းမပြုတော့ဘူး”ဟုသူကဆိုသည်။ ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင်သည်ပြည်သူလူထုကိုပြန်လည်တောင်းပန်သင့်ပြီးလွှတ်တော်ကလည်းအဆိုပါဝန်ကြီးကိုခေါ်ယူဆုံးမသင့်ကြောင်းတရားလွှတ်တော်ရှေ့နေဦးမြင့်အေးကပြောပါသည်။ “ပြည်ထောင်စုလွှတ်တော်ကပညာပေးသင့်တယ်။ခေါ်ယူဆုံးမသင့်တယ်။နောက်ပြည်သူလူထုကိုဒီလိုမပြောပါနဲ့ဆိုတာကို။ပြည်သူလူထုကိုလည်းသူ့အနေနဲ့ပြန်ပြီးတောင်းပန်သင့်တယ်။အဲဒါမျိုးဖြစ်စေချင် တယ်။”ဟုတရားလွှတ်တော်ရှေ့နေဦးမြင့်အေးကဆိုသည်။ ဆန္ဒထုတ်ဖော်ခြင်းကိုတားမြစ်သော်လည်းဆက်လက်ဆောင်ရွက်သည့်အတွက်ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြည်(၁)ရဲစခန်းမှူးဒုရဲအုပ်မျိုးဝင်းကပြောပါသည်။ “တရားဝင်ဥပဒေအရခွင့်ပြုချက်တင်ပြီးမှဆန္ဒပြဘို့တားဆီးတာကိုသူကသူ့သဘောအတိုင်းဆက်လုပ်သွားမယ်ဆိုတော့ကျွန်တော်တို့ကဥပဒေအတိုင်းဘဲအရေးယူဆောင်ရွက်သွားရမှာပေါ့”ဟုသူက ဆိုသည်။ ဆန္ဒဖော်ထုတ်ဖော်မှုအကြောင်းအရာကိစ္စနှင့်ပတ်သတ်၍ပြည်မြို့အမှတ်(၁)ရဲစခန်းတွင်တရားလွှတ် တော်ရှေ့နေဦးမြင့်အေးကို(ပ)၃၇/၂၀၁၄စီတန်းလှည့်လည်ခွင့်ဥပဒေပုဒ်မ(၁၈)ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရပါသည်။ လက်ရှိအချိန်တွင်တရားလွှတ်တော်ရှေ့နေဦးမြင့်အေးသည်လေလွင့်ကလေးများကူညီစောင့်ရှောက်ရေးဂရုဏာလက်များကွန်ယက်ကိုတည်ထောင်ကာလူမှုရေးလုပ်ငန်းများဆောင်ရွက်နေသူဖြစ်သည်။သူသည်၁၉၇၄ခုနှစ်ဦးသန့်အရေးအခင်း၌တက္ကသိုလ်ကျောင်းသားဘ၀ဖြင့်ထောင်(၂)နှစ်၊၂၀၀၇ခုနှစ်ရွှေဝါရောင်တော်လှန်ရေး၌သင်္ကန်းဝတ်ဖြင့်ထောင်(၂)နှစ်ကျခံခဲ့ရသူဖြစ်သည်။
Read More...

အိမ်ရောင်းမည်

Leave a Comment
24'×60'အကျယ်အဝန်း တစ်ထပ် အုတ်ပတ်ကားတိုက်။လူအသင့်နေနိုင်
ကသဲတန်းလမ်း။ပြည်မြို့။ မင်းလှ လက်ပံတန်းကားဂိတ်အနီး။
သိန်း ၆၅၀ိ/- (ညှိနှိုင်း)

22'×70'အကျယ်အဝန်း နှစ်ထပ် အုတ်ပတ်ကားတိုက်။လူအသင့်နေနိုင်
ကသဲတန်းလမ်း။ ပြည်မြို့။ မင်းလှ လက်ပံတန်းကားဂိတ်အနီး။
သိန်း ၇၅၀ိ/- (ညှိနှိုင်း)
ဆက်သွယ်ရန် -09531 1488
-09430 49088
-053 26455

**(ပတ်ဝန်းကျင် သန့်)**
အိမ်ခြံမြေ အကျိုးတော်ဆောင်များလည်း ဆက်သွယ်နိုင်ပါသည်။
Read More...

ရထားလာစဉ် ဆိုင်ကယ်ဖြတ်မောင်းသူ ရထားတိုက်၍သေဆုံး

Leave a Comment
နေပြည်တော်၊ ဖေဖော်ဝါရီ ၎

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ထိန်အင်းရွာအနီး မီးရထားလမ်း၌ ရထားတိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ပြည်မြို့မှထွက်ခွာလာသည့် စက်ခေါင်းမောင်း ဦးခင်မောင်သန်းမောင်းနှင်လာသော တွဲ(၂)တွဲပါ စက်ခေါင်းအမှတ်RBE ၅၀၄၇၊ အမှတ်(၁၁၀)အဆန်ရထားသည် တီတွတ်ရွာနှင့် ဒုရင်္ဂဗိုလ် ကျေးရွာကြား ထိန်အင်းရွာအနီး ပြည်-နေပြည်တော်မီးရထားလမ်း၊ မိုင်တိုင်အမှတ်(၁၇၁/၁၃-၁၄)ကြား၊ အောင်ညီသာရွာ-ထိန်အင်းရွာကြား မီးရထားလမ်း၌ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ၀က်ထီးကန် ကျေးရွာနေ ဌေးနိုင်(၂၁)နှစ်မောင်းနှင်လာသည့် ၃၃ယ/xxxx ကန်ဘို(၁၁၀)ဆိုင်ကယ်အား တိုက်မိခဲ့သဖြင့် ဌေးနိုင်တွင် ဦးခါင်းကွဲ၊ နဖူးပေါက်ပြဲ၊ နားနှစ်ဘက်သွေးထွက်ဒဏ်ရာများရရှိ သေဆုံးသွား၍ ဌေးနိုင်အား ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Read More...

ပြည်မြို့နယ် စည်ပင်အဖွဲ့ လျာထားငွေ တိုးတက်မှုမရှိ၍ ဘီးခွန် ကွင်းဆင်းကောက်

Leave a Comment
The Voice ပြည်၊ ဖေဖော်ဝါရီ ၂

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဘီးခွန်ဘတ်ဂျက် လျာထားငွေ တိုးတက်မှု မရှိသဖြင့် မြို့တွင်း ယာဉ်စည်ကားသည့် နေရာများတွင် ကွင်းဆင်း အခွန်ကောက်ခံလျက် ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့က သိရှိရသည်။

ဘီးခွန်များကို ယခင်က ကညနရုံးတွင် လိုင်စင်၊သက်တမ်းတိုး ပြုလုပ်သည့် ယာဉ်များကို ကောက်ခံ ခဲ့သော်လည်း ယခင်နှစ်ကုန်ကစပြီး မြို့ထဲယာဉ် စည်ကားသည့် နေရာများတွင် စတင်ကောက်ခံခြင်း ဖြစ်ပြီး ပြည်မြို့နယ် အတွင်း ကျေးလက် မြို့ပြများရှိ ဆိုင်ကယ်နှင့် မော်တော်ယာဉ် များကို ကောက်ခံနေခြင်းဖြစ်ကာ ဆိုင်ကယ် တစ်စီးလျှင် ကျပ်ငွေ ၂၀၀၀၊ မော်တော်ယာဉ် တစ်စီးလျှင် ကျပ်ငွေ ၅၀၀၀ မှ ၁၂၀၀၀ ထိ ပေးဆောင်ရကြောင်း ၎င်းက ရှင်းပြသည်။

“ဒီနှစ် ဘီးခွန်အတွက် လျာထားငွေ သိန်း ၂၂၀ က တိုးတက်မှု မရှိတဲ့အတွက် မြို့ထဲက ယာဉ်အသွားအလာ များတဲ့နေရာမှာ ဆိုင်ကယ်၊ ကားဘီးခွန်တွေကို ကောက်နေတယ်။ အများအားဖြင့် တစ်ပတ်ကို နှစ်ခါလောက် ကောက်တယ်။ အမှန်က ယာဉ်ရှိတဲ့လူတိုင်းက စည်ပင်ကိုလာပြီး အခွန်ဆောင်ရမှာပါ။ မဆောင်သေးတဲ့ ယာဉ်တွေရှိနေတော့ ကောက်နေရဦးမှာပဲ” ဟု စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးက ဆိုသည်။

“ဘီးခွန်ကောက်တယ်ဆိုတာ သိတောင် မသိဘူးဗျ၊ ကောက်တဲ့အဖွဲ့နဲ့ တွေ့ရင်တော့လည်း ဆောင်ရမှာပေါ့။ တကူးတကတော့ ရုံးကို သွားဆောင်ဖြစ်မှာ မဟုတ်ဘူး” ဟု ပြည်မြို့ပေါ်မှ မော်တော်ဆိုင်ကယ် မောင်းနှင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

ဘီးခွန်ဆောင်ရသူများကို ပြေစာ၊ ကတ်ပြားများ ထုတ်ပေးနေပြီး တစ်နှစ်အတွင်း နှစ်ခါဆောင်ရပါက မြို့နယ်စည် ပင်ရုံးသို့ ပြေစာပြပြီး ထပ်မံပေးခဲ့ရသည့် ငွေကို ပြန်လည် ထုတ်ယူနိုင်ကြောင်း ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
Read More...

Facebook Like Page