Thursday, December 5, 2013

ပြည်မြို့တွင်(၇)ကြိမ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပပြုလုပ်ခဲ့

Leave a Comment

ပြည်မြို့တွင်(၇)ကြိမ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပပြုလုပ်ခဲ့
*******************************************

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ န၀ဒေးနယ်မြေအတွင်းရှိ
ဘုရင်နောင်လမ်းမကြီးဘေးရှိ (ခမ်းရတနာ..ဘုန်းတော်ကြီးသင်ပညာရေး
ကျောင်းတွင် 2.11.2013 ရက်နေ့ ည(၆း၃၀)အချိန်ခန့်တွင် ရှမ်းနှစ်သစ်ကူး
ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

အဆိုပါရှမ်းနှစ်သစ်ကူးပွဲတော်ကို ပြည်မြို့တွင်(၇)ကြိမ်မြောက်ကျင်းပခဲ့တာဖြစ်ပြီး
ယခုနှစ်မှာတော့ ရန်ကုန်မြို့မှ ရှမ်းဆရာကြီးများ နှင့် အနယ်နယ်အရပ်ရပ်မှ ရှမ်း
ဆရာကြီးများပါတက်ရောက်ခဲ့ပြီး ရှမ်းတိုင်းရင်းသူ/သား များသာမကပဲ အခြား
တိုင်းရင်းသားများနှင့် နိုင်ငံခြားခရီးသွားဧည့်သည်တော်များ ဖိတ်ကြားထားသူများ
တက်ရောက်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

အဆိုပါရှမ်းနှစ်သစ်ကူးပွဲတော်တွင် ရှမ်းစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့မှ နာယကကြီး
စောနွဲ့ကျော်သူ(ခန္တီး) နှင့် ပြည်မြို့နယ် ရှမ်းစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌကြီး
စောအိုဆိုင်း တို့လည်း အဆိုပါပွဲသို့တက်ရောက်ခဲ့ပြီး ပြည်မြို့တွင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်ပေါင်း
(၂၀၀)ကျော်ရှိကြောင်း နှင့် တစ်ဦး နှင့်တစ်ဦးမချိတ်ဆက်မိသေးသူများလည်းရှိသေးကြောင်း
ယခုပွဲတွင်လည်း ရှမ်းရိုးရာ ဓါးသိုင်းအကများ၊ရိုးရာယိမ်းများ၊ရိုးရာတေးသီချင်းများဖြင့်
ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပြီး မီးဗုံးပျံလွတ်ခြင်း၊မီးဖိုဝိုင်းရင်ကပြဖျော်ဖြေခြင်းများကိုပါ
ကျင်းပပြုလုပ်သွားမှာပါ နောင်နှစ်တွေမှာလည်း ယခုထက်ကောင်းမွန်သောအစီအစဉ်များဖြင့်
ကျင်းပပြုလုပ်သွားမည်ဟု ရှမ်းစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ မှ ဆိုင်းလှကျော် မှပြည်သတင်းသို့
ပြောကြားသွားသည်။

နောက်ဆက်တွဲသတင်း
*****************
ဝေဘူတောရကျောင်း(ပြည်)တွင်မီးလောင်မှုဖြစ်ပွား======================== ဝေဘူဝိပဿနာဓမ္မရိပ်သာ(ပြည်)တွင် (2.12.2013) ည (12:00)နာရီ အချိန်ခန့်က ခမ်းရတနာသာသနာပြုပရဟိတကျောင်းမှ ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပရာ၌ မီးပုံးပျံတင်လွှတ်ရာ ဝေဘူတောရကျောင်းရှိ အမျိုးသားယောဂီကျောင်းဆောင်ပေါ်သို့ ကျရောက်ခါ အမျိုးသားယောဂီဆောင်နှင့် တစ်ဦးနေသောကိုရင်ကြီး၏ ကျောင်ဆောင်တစ်ဆောင်တို့ မီးလောင်ကျွမ်းသွားကြောင်း သိရပါသည်။ အဆိုပါ မီးလောင်မှုငြိမ်းသတ်ရာကိုလည်း ပြည်မြို့ပေါ်ရှိ မီးသတ်ယဉ်(၁၂)စီးခန့်လာရောက်ငြိမ်းသတ်သွားသည်ဟု အနီးရှိနေထိုင်သူများထံမှသိရပါသည်။...

ပြည်သတင်း https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ် https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ https://www.facebook.com/groups/670687089615364

www.pyaynews.blogspot.com

(အင်တာနက် လိုင်းမကောင်းသောကြောင့် ပုံမတင်ပြနိုင်ခဲ့ပါ)....


Read More...

Wednesday, December 4, 2013

ထုတ်ပြန်ထားသော စည်းကမ်းများအတိုင်း သရေခေတ္တရာဇုန် တင်းကျပ်စွာ စစ်ဆေးမည်

Leave a Comment

ပြည်၊ ဒီဇင်ဘာ ၃

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ရန် ကြိုးစားနေသော ပြည်မြို့ အနောက်ဘက်ရှိ သရေခေတ္တရာဇုန် နယ်မြေအတွင်း ၂၀၁၄ ခုနှစ် ဇွန်လမှစ၍ ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက် များအတိုင်း တင်းကျပ်စွာ စစ်ဆေးဆောင် ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ထံမှ စုံစမ်း သိရှိရသည်။
ယင်းသို့ စစ်ဆေးရာတွင် ရှေးဟောင်းဇုန်အတွင်း တည်းခိုခန်း၊ ဟိုတယ်၊ ခေတ်မီ စားသောက်ဆိုင် များနှင့် စက်မှုလုပ်ငန်းများ အပြင် ကျေးရွာများရှိ နေအိမ်များမှာ ဇုန်နှင့် လိုက်လျောညီထွေ မရှိသည့် နေအိမ်များ၊ မိရိုးဖလာ အိမ်ဆောက်သည့် ပုံစံမျိုးများ မဟုတ်ပါက ဌာနက ကန့်ကွက်မည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (သရေခေတ္တရာဇုန် နယ်မြေ) တာဝန်ရှိသူက ပြောကြားသည်။

"ဒေသခံတွေ လိုက်နာနိုင်တဲ့ စည်းကမ်းချက် တွေပါပဲ။ ဇုန်တွင်းမှာရှိတဲ့ ကျေးရွာ ဧရိယာပြင်ပမှာ အဆောက်အအုံ လုံးဝ ဆောက်ခွင့်မရှိဘူး။ ရွာထဲမှာ ဆောက်မယ်ဆိုရင် ရှေးဟောင်း အဆောက်အအုံ မြင်ကွင်းတွေကို ကွယ်စေနိုင်တဲ့ ပေ ၃၀ အထက် အိမ်ဆောက်လို့ မရဘူး။ ယူနက်စကို စာရင်းဝင်သွားပြီး စည်းကမ်း မလိုက်နာရင် ပြန်အဖြုတ် ခံရနိုင်တယ်" ဟု ၄င်းက ဆက်လက်ရှင်းပြသည်။
ဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းများအရ အိမ်သာတူး၊ ရေတွင်းတူးခြင်း မှစ၍ အိမ်ဆောက်ခြင်း၊ ပြုပြင်ခြင်းများကို အကြောင်းကြားရ သည့်အတွက် ဒေသခံ လူအချို့မှာ သဘောမကျ ကြကြောင်း၊ လက်ရှိတွင် ဌာနမှ ဒေသခံများနှင့် ထိပ်တိုက် တွေ့ဆုံခြင်းမရှိဘဲ စည်းရုံးရေးသာ ဆောင်ရွက်နေကြောင်း ဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် ရှေးဟောင်းဇုန် အတွင်းနေ ကျေးရွာဒေသခံများကို ပညာပေး စည်းရုံးလျက်ရှိပြီး နောက်နှစ် ဇွန်လတွင် ပညာပေး စည်းရုံးခြင်းကာလမှာ လုံလောက်ပြီဟု ယူဆရသည့် အပြင် ကမ္ဘာ့ အမွေအနှစ် စာရင်း ဝင်သွားပါကလည်း ယူနက်စကိုက တောက်လျှောက် စစ်ဆေးမှုများ ပြုလုပ်နေမည် ဖြစ်သည့်အတွက် ဒေသခံများမှာ စည်းကမ်းချက်များကို လိုက်နာရန် လိုအပ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (သရေခေတ္တရာ ဇုန်နယ်မြေ) တာဝန်ရှိသူက ပြောကြားသည်။
တစ်ရက်လျှင် ခရီးသွားဧည့်သည့် ပျမ်းမျှ ၅၀ ခန့် လာရောက် ကြည့်ရှုနေသော သရေခေတ္တရာ ဇုန်နှင့် ပြတိုက်တွင် ယခုလမှ စတင်ပြီး ဇုန်တွင်း လှည့်ပတ်ကြည့်ရှု လိုသည့် ခရီးသွားများ အတွက် နွားလှည်းဂိတ် သီးသန့်ထားရှိထားပြီ ဖြစ်သည်။

The Voice
Pyay City
Read More...

ky Net ၇ုပ်သံလိုင်း၊ေ၇ွှသံလွင် ကုမ္ပဏီမှ မီးသတ်ယာဉ် တစ်စီး ပေးအပ်လှူတန်း

Leave a Comment

Sky Net ၇ုပ်သံလိုင်း၊ေ၇ွှသံလွင် ကုမ္ပဏီ မှ ပြည်မြို့ အ၇န်
မီးသတ်တပ်ဖွဲ့ အိုးတန်း(၂) မီးသတ်စခန်းအား မီးသတ်ယာဉ်
တစ်စီး ပေးအပ်လှူတန်း

ဒီဇင်ဘာ (၄)၇က်

၇န်ကုန်မြို့ Sky Net ၇ုပ်သံလိုင်း၊ေ၇ွှသံလွင် ကုမ္ပဏီမှ ပြည်မြို့
ကျောင်းကြီးအိုးတန်း ၇ပ်ကွက် အတွင်း၇ှိ့ အ၇န်မီးသတ်တပ်ဖွဲ့
တပ်ခွဲ(၁)၊ တပ်စု(၂)၊ အိုးတန်း မီးသတ်စခန်းအား အများပြည်
သူ၊ မီးဘေးအန္တ၇ယ်မှ ကင်းဝေးစေေ၇း အတွက် ၇ည်၇ွယ်၍
လူနေအိမ် အထပ်မြင့်များထိ မီးငြိမ်းသတ်နိုင်သောေ ခတ်မှီ
CANTER မီးသတ်ယာဉ် တစ်စီး လွှဲပြောင်းပေးအပ် လှူတန်းပွဲ
ကိုယ် ယနေ့ ည နေ၄း၃၀ က အိုးတန်း(၂)အ၇န်မီးသတ် စခန်း
ေ၇ှ့တွင် ပြု လုပ်ခဲ့သည်။

အဆိုပါ CANTER မီးသတ်ယာဉ် ပေးအပ်လှူတန်ပွဲ အား ၇န်ကုန်
မှလိုက်ပါလာသောေ၇ွှသံလွင် ကုမ္ပဏီမှ တာဝန်၇ှိသူများ ၊ ပြည်
ခ၇ိုင် မီးသတ် ဦးစီးမှူး ဦးဝင်းညွန့်၊ အ၇န်မီးသတ် တပ်ဖွဲ့ ဒုတိယ
တပ်၇င်းမှူး ဦးအုန်းလွင်၊ နယ်မြေခံ တပ်ခွဲမှူး ဦးဝှေ့ လော စသည့်
အ၇န်မီးသတ် တပ်ဖွဲ့ ဝင်များ နှင့် ၇ပ်ကွက် အတွင်း၇ှိ့ ၇ပ်မိ၇ပ်ဖများ
တက်ေ၇ာက်ခဲ့ကြပါတယ် သတင်းစဉ်။

မြို့နယ် အ၇န် မီးသတ် တပ်ဖွဲ့ 
တပ်၇င်း၇ုံး၊ ပြည်မြို့။
Kyaw Gyi
Read More...

ဈေးသည်အချို့မှ ချေးငွေရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းခံ

Leave a Comment
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်စည်ပင်သာယာပိုင် ပြည်မြို့မဈေးကြီးတွင်
 ဈေးရောင်းချနေသော ဈေးသည်အချို့မှ ချေးငွေရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းခံ

ပြည်မြို့ စည်ပင်သာယာပိုင် ဈေးကြီးတွင် ဈေးရောင်းချနေသော ဈေးသည်များမှ ရိုသေစွာတင်ပြအပ်ပါသည်။ နိုင်ငံတော်မှ ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက်(၁၀)
ဦးအဖွဲ့ဖွဲ့ပြီး တစ်ဦးလျှင်ငွေ(၅၀၀၀၀၀ိ/)ကျပ်နှုန်းဖြင့်စည်ပင်သာယာဝန်ကြီးဌာနမှ
ချေးငွေများချပေးပြီး တစ်နေ့လျှင် ငွေ(၅၇၅၀ိ/)ကျပ်ဖြင့် ရက်ပေါင်း (၉၂)ရက်
ပြန်လည်ပေးဆပ်ခိုင်းခဲ့ပါသည်။ ကျနော်ကျမတို့မှ ချေးငွေများကို မှန်မှန်ကန်ကန်
ပေးသွင်းခဲ့ကြပါသည်။


ထိုသို့ပေးဆပ်၍ ငွေများအကြေပေးပြီး၍ ထပ်မံနောက်ထပ် ချေးငွေ ချေးသောအခါ ချေးငွေများထပ်၍
မပေးတော့ကြောင်း ပြောကြားလာသဖြင့် ကျနော်ကျမတို့ ဈေးသူဈေးသားများမှာ
တစ်နေ့လုပ်မှတစ်နေ့စားရသည့်သူများဖြစ်သည့်အပြင် နောက်ရမည့်ချေးငွေများနှင့် အချိန်ကိုက်စီမံပြုလုပ်ထားသည့် လုပ်ငန်းနှင့်ကတိများပါ ပျက်တော့မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ၄င်းအခက်အခဲများကို အဘသမ္မတကြီးမှ ဖြေရှင်းပေးမှသာလျှင်
ကျနော်ကျမတို့ ဆင်းရဲသားလူတန်းစားများဘ၀မှ လွတ်မြောက်နိုင်မည်ဖြစ်ပါသည်။
ချေးငွေများ ပြန်လည်ချပေးပါက အဆင်ပြေချောမွေ့မည်
ဖြစ်ကြောင်းကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့မဈေးကြီးတွင်
ဈေးရောင်းချနေသော ကျနော်ကျမတို့မှ ရိုသေစွာ တင်ပြအပ်ပါသည်ဟု
ဈေးသူဈေးသား (၇)ဦးမှ လက်မှတ်ထိုးတင်ပြထားကြောင်း သိရပါသည်။

ပြည့်သဲမောင်(ပြည်)
Read More...

အိမ်လုံးချင်းငှားမည်

Leave a Comment

အိမ်အကျယ် ၂၀×၄၀ ၊ခြံအကျယ်၄၀×၆၀ ၁ ထပ်တိုက်ရေ ၊ မီး အပြည့်စုံပါသည်။

 နေရာ..ကိုးသောင်း တိုးချဲ့(၂)လမ်း ၊ဆက်သွယ်ရန် ၀၉၅၀၂၀၀၆၉ ပါ။

ကုမဏီလုပ်ငန်း လုပ်ကိုင်မည်ဆိုလျှင်အဆင်ပြေပါသည်။

ဆက်သွယ်မေးမြန်းရန် - ၀၉ ၅၀၂၀၀၆၉
Read More...

Facebook Like Page