Wednesday, December 4, 2013

ဈေးသည်အချို့မှ ချေးငွေရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းခံ

Leave a Comment
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်စည်ပင်သာယာပိုင် ပြည်မြို့မဈေးကြီးတွင်
 ဈေးရောင်းချနေသော ဈေးသည်အချို့မှ ချေးငွေရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းခံ

ပြည်မြို့ စည်ပင်သာယာပိုင် ဈေးကြီးတွင် ဈေးရောင်းချနေသော ဈေးသည်များမှ ရိုသေစွာတင်ပြအပ်ပါသည်။ နိုင်ငံတော်မှ ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက်(၁၀)
ဦးအဖွဲ့ဖွဲ့ပြီး တစ်ဦးလျှင်ငွေ(၅၀၀၀၀၀ိ/)ကျပ်နှုန်းဖြင့်စည်ပင်သာယာဝန်ကြီးဌာနမှ
ချေးငွေများချပေးပြီး တစ်နေ့လျှင် ငွေ(၅၇၅၀ိ/)ကျပ်ဖြင့် ရက်ပေါင်း (၉၂)ရက်
ပြန်လည်ပေးဆပ်ခိုင်းခဲ့ပါသည်။ ကျနော်ကျမတို့မှ ချေးငွေများကို မှန်မှန်ကန်ကန်
ပေးသွင်းခဲ့ကြပါသည်။


ထိုသို့ပေးဆပ်၍ ငွေများအကြေပေးပြီး၍ ထပ်မံနောက်ထပ် ချေးငွေ ချေးသောအခါ ချေးငွေများထပ်၍
မပေးတော့ကြောင်း ပြောကြားလာသဖြင့် ကျနော်ကျမတို့ ဈေးသူဈေးသားများမှာ
တစ်နေ့လုပ်မှတစ်နေ့စားရသည့်သူများဖြစ်သည့်အပြင် နောက်ရမည့်ချေးငွေများနှင့် အချိန်ကိုက်စီမံပြုလုပ်ထားသည့် လုပ်ငန်းနှင့်ကတိများပါ ပျက်တော့မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ၄င်းအခက်အခဲများကို အဘသမ္မတကြီးမှ ဖြေရှင်းပေးမှသာလျှင်
ကျနော်ကျမတို့ ဆင်းရဲသားလူတန်းစားများဘ၀မှ လွတ်မြောက်နိုင်မည်ဖြစ်ပါသည်။
ချေးငွေများ ပြန်လည်ချပေးပါက အဆင်ပြေချောမွေ့မည်
ဖြစ်ကြောင်းကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့မဈေးကြီးတွင်
ဈေးရောင်းချနေသော ကျနော်ကျမတို့မှ ရိုသေစွာ တင်ပြအပ်ပါသည်ဟု
ဈေးသူဈေးသား (၇)ဦးမှ လက်မှတ်ထိုးတင်ပြထားကြောင်း သိရပါသည်။

ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page