Sunday, April 2, 2017

ဖန်တီးရှင် လယ်ယာသုံးစက်ပစ္စည်းတင်ဆောင်ထားသည့်(၁၀)ဘီးကား နေအိမ်ထဲဝင်

Leave a Comment

ဖန်တီးရှင် လယ်ယာသုံးစက်ပစ္စည်းတင်ဆောင်ထားသည့်(၁၀)ဘီးကား
နေအိမ်ထဲဝင်
 
ရွှေတောင် ဧပြီ (၂)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊နွားမယံအုပ်စု၊
ပုရပိုဒ်တန်းရွာအနီးတွင် ရပ်ထားသော(၁၀)ဘီးယာဉ်တစ်စီးဂီယာ
ပြုတ်၍ ဧပြီ(၁)ရက်နေ့ နေ့လည်(၁)နာရီ (၃၀)မိနစ်အချိန်ခန့်နေ
အိမ်ထဲသို့ဝင်သွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရွှေတောင်မြို့နယ်၊ရန်ကုန်-ပြည်ကားလမ်း၊မိုင်တိုင်
အမှတ်(၁၇၃/၄)နှင့်(၁၇၃/၅)အကြား၊နွားမယံအုပ်စု၊ပုရပိုဒ်တန်း
ရွာအနီးတွင် အောင်ကို(၂၄)နှစ်၊အင်းမကျေးရွာ၊ပန်းတနော်မြို့
နယ်နေသူမောင်းနှင်ပြီး ဝဏ္ဏ(၂၆)နှစ်၊ရွှေပြည်သာမြို့နယ်၊ရန်
ကုန်တိုင်းဒေသကြီးနေသူလိုက်ပါလာသော YGN 3B/………
နံပါတ်အနက်(ဖြူ/နီ)ရောင် (၁၀)ဘီးယာဉ်အား “ဖန်တီးရှင်”
လယ်ယာသုံစက်ပစ္စည်းတင်ဆောင်ပြီး ရန်ကုန်-ပြည်လမ်းမ
ကြီး အရှေ့ဘက်ခြမ်း ဖန်တီးရှင်(ယိုးဒယားလယ်ယာသုံးစက်
ပစ္စည်းအရောင်ဆိုင်ရှေ့တွင်ရပ်ထားခဲ့ပြီး ယာဉ်မောင်းနှင့်ယာ
ဉ်နောက်လိုက်တို့မှာ ဖန်တီးရှင်ဆိုင်ထဲသို့ဝင်ရောက်ကာ ကား
ခထုတ်ယူနေစဉ် ရပ်ထားသောကားမှာ ဂီယာပြုတ်၍ လမ်းအ
နောက်ဘက်ခြမ်းသို့ လိမ့်သွားပြီးလမ်းအနောက်ဘက်ခြမ်းရှိ
ဦးအောင်သောင်း ၊ပုရပိုဒ်တန်းကျေးရွာနေသူ၏ နေအိမ်ဈေး
ဆိုင်အားဝင်ရောက်တိုက်မိပြီး နေအိမ်ဈေးဆိုင် ပျက်ဆီးဆုံး
ရှုံးမှုတန်ဘိုး(၈) သိန်းခန့်နှင့်မော်တော်ယာဉ်မှာ(၅)သိန်းခန့်
ဆုံးရှုံးခဲ့ကြောင်းသိရသည်။

ထို့ကြောင့်ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း အောင်ကိုအား
အရေးယူပေးပါရန် ဒုရဲအုပ် ဇော်သန်းထိုက်က တရားလိုပြုလုပ်
တိုင်တန်းခဲ့သဖြင့် ရွှေတောင်မြို့မရဲစခန်းယာဉ်(ပ)၂၃/၂၀၁၇၊
ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့်အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုအား
ဒုရဲအုပ် ဇော်သန်းထိုက်မှလက်ခံစစ်ဆေးလျှက်ရှိကြောင်း သိရ
သည်။
ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


0 comments:

Post a Comment

Facebook Like Page