ရေကြီးနစ်မြုပ်စဉ်ဖြုတ်သိမ်းထား သည့်
မီတာများပြန်လည်တပ်ဆင်ရာမှာ အခကြေးငွေများတောင်းခံ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်
ပြည်မြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေဆီမှ
လျှပ်စစ်မီတာတွေပြန်လည်တပ်ဆင်ရာ မှာအခကြေးငွေတောင်းခံမှုတွေပြုလု ပ်ခဲ့ကြောင်းသိရသည်။
ပြည်မြို့နယ်အတွင်းရှိရေကြီး
ရေနစ်မြုပ်ခဲ့သည့် အိမ်တေမှာ ၊ပြည်မြို့နယ်လျှပ်စစ်
အင်ဂျင်နီယာရုံးက၊မီတာတွေဖြုတ် သိမ်းထားခဲ့ရာ၊ပြီးခဲ့တဲ့၊သြဂု တ်လ(၁၀)ရက်နေ့မှာ၊ရေကြသွားပြီ ဖြစ်တာကြောင့်၊လျှပ်စစ်
မိတာတွေ၊ပြန်လည်တပ်စဉ်ပေးခဲ့ပါ တယ်၊ထိုသို့မီတာများပြန်လည်တပ် ဆင်ရာမှာ
အခကြေးငွေတောင်းခံမှုတွေရှိသောေ ကြာင့်၊န၀င်းဝါရုံရပ်ကွပ်၊ကယ် ဆယ်ရေးစခန်းမှ ၊ပရဟိတအဖွဲ့တွေဦးဆောင်ပြီး၊မြို့နယ်လျှပ်စစ်ရုံးသို့သွားရောက် တိုင်ကြားခဲ့ကြောင်းသိရသည်။
“သူတို့ကမိတာလာတက်ပြီးတော့လူကြီးရှိလားလို့မေးတယ်၊၊ဘာလို့လဲဆို တော့၊လက်ဖက်ရည်ဖိုးပေးရမယ်လို့ေ ပြာတယ်၊ဘယ်လောက်လဲလို့ပြောတော့( ၅၀၀၀)ပဲပေးပါလို့ဆိုပြီး၊တောင်း လို့ပေးလိုက်ရတယ်။ဒုက္ခတွေကျမတို့ ရောက်နေတာကို
တောင်းယူခဲ့ကြတာ။သူတို့တောင်းေ တာ့ဘယ်ငြင်းရဲမလည်း။မီတာခသွားေ ဆာင်လို့
တစ်ရက်လေးများမစွန်းနဲ့ ဒဏ်ငွေ
၂၀၀၀ိပေးဆောင်ရတယ်။ရေကျလို့ဝမ်း သာနေတာ။အခုမီတာပြန်တပ်ဆင်ခလာတော င်းနေတာတော့မဖြစ်သင့်ဘူးထင်တယ်။ ”
ဟု လှလှဝင်းမှ သမဂ္ဂဂျာနယ်သို့ပြောသည်။
“လူတွေဒုက္ခရောက်နေကြလို့
လူတန်းစားအစုံတွေကတောင် လာလှူနေကြရတာ။သူတို့ကအခုလို ငွေတောင်းခံနေတာ
လုံးဝဖြစ်သင့်ဘူး။အဲဒါကြောင့် အခုလျှစ်စစ်ရုံးကိုလာမေးကြတာပါ။ ကိုဋ္ဌေးဝင်းအိမ်
နဲ့၊မနုတို့အိမ်တော့ပေးလိုက် ရတယ်လို့သိရတယ်။ရေကြီးလို့သူတို့ တာဝန်ရှိလို့၊ဖြုတ်လိုက်တာ။အခု သူတို့ကပဲပြန်တက်ပေးရမှာဖြစ်ပါ တယ်။”
ဟု အေးမြသာယာရပ်ကွက် ရာအိမ်မှူး ဦးမောင်မောင်မှ သမဂ္ဂဂျာနယ်သို့ပြောသည်။
“သူတို့ကရုံးက၀န်ထမ်းတွေဖြစ်ပါ။ တိုင်းလျှပ်စစ်ကနေလျှပ်စစ်စီမံ ဥပဒေအတိုင်းအရေးယူသွားမှာပါ။
သူတို့ကိုဘာငွေကျေးမှတောင်းခံခိုင်းတာမရှိဘူး၊ပေးရင်တောင်မယူ ရဘူးလို့ ပြောထားတယ်။အခုသူတို့ကို
လှမ်း ခေါ်နေတာကိုသူတို့ကဖုန်းပိတ်ထား တယ်။အခုတောင်းခံတဲ့ဝန်ထမ်းတွေကိုလဲ၊ဥပဒေအတိုင်းအရေးယူသွားမှာပါ ။”
ဟု ဦးကျော်မင်းထွေး(SAE)ပြည်မြို့ နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သမဂ္ဂဂျာနယ်သို့ပြောသည်။
ပြည်မြို့တွင် ဇူလိုင်-၂၈ ရက်နေ့မှ ရေတက်လာခဲ့ပြီး၊သြဂုတ်လ(၁)ရက်ေ န့မှာ၊ရေနစ်မြုပ်သည့်
အိမ်တွေမှ မီတာအလုံး(၃၀)ကိုလျှပ်စစ်ဋ္ဌာ နကဖြုတ်ယူသိမ်းစည်းထားခဲ့ပြီး၊ သြဂုတ်လ(၁၁)ရက်နေ့တွင်ပြန်လည် တပ်စဉ်ပေးခဲ့ရာ
အဆိုပါ တပ်ဆင်ရာတွင် ယခုလို အခကြေးငွေတောင်းခံခြင်းဖြစ်သည်။ ၊ယခု လိုလက်ဖက်ရည်ဖိုးဆိုပြီးတောင်း ခံတာတွေရှိလာသောကြောင့်၊၀ါရုံ ရပ်ကွပ်ကယ်ဆယ်ရေးစခန်းမှအဖွဲ့ ဝင်တွေမှ
ငွေပေးလိုက်ရတဲ့၊သူတွေခေါ်ယူပြီး ၊မြို့နယ်လျှပ်စစ်ရုံးကိုလာရော က်မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။
0 comments:
Post a Comment