ပြည်မြို့နယ်အတွင်းစာသင်ကျောင်း (၁၇)ကျောင်းခေတ္တပိတ်ထား
အချိန်ပိုခေါ်ယူစနစ်ဖြင့်ဆက်လက် သင်ကြားသွားမည်
ပဲခူးတိုင်းဒေသကြီး
ပြည်ခရိုင် ပြည်မြို့နယ်အတွင်းမှာရှိသည့် စာသင်ကျောင်းပေါင်း(၁၇)ကျောင်းေ ကျာ်အား ခေတ္တယာယီပိတ်ထားရကြောင်းသိရသည်။
သြဂုတ်လ(၂)ရက်နေ့မှစတင်ကာ ပြည်မြို့နယ်အတွင်းရှိ ကုန်းသလင်း၊လခွဲ-ဇလုံ၊မူလွန်- န၀င်း၊မြရွာ၊မူလွန်-ဗြဟော်၊အမက- ချောင်းနားတန်း၊အမက-သဲဖြူ၊အမက- ရှမ်းကုန်း၊အမက-ရှမ်းစု၊အမက-အေ နာက်လက်ခုပ်ပင်၊အမက-ဇီးဖြူကုန်း ၊အမက-ရွှေကူ(၂)၊အမက-ဇရစ်ချောင်၊ အမက-ဆင်စု၊အမက-ပန်းတင်
စသည့်ရပ်ကွက်ကျေးရွာအတွင်းမှ စာသင်ကျောင်းများအား ရေကြီးရေလျှံမှူများနှင့်ပတ်သက် ၍
ပိတ်ထားရကြောင်းသိရသည်။ ရွှေကူ(၁)၊ရွှေကူ(၂)၊၀ါရုံ စာသင်ကျောင်းများတွင်လည်း ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထား ရသောကြောင့်
စာသင်ကြားနိုင်မှုမရှိသေးကြောင်း သိရသည်။
“ကျောင်းတွေကတော့
ကယ်ဆယ်ရေးစခန်းနဲ့ ရေဘေးကိစ္စတွေကြောင့်ပိတ်ထားရတယ် ။လောလောဆယ်တော့ ဒီတစ်ပတ်အတွင်းပိတ်ထားမယ်။ေ ရကလည်းကျလာပြီဆိုတော့လာမဲ့သော ကြာနေ့အထိပဲပိတ်ထားမယ်။စာတွေနော က်ကျသွားတဲ့အတွက်
အချိန်ပိုခေါ်သင်ကြားမယ်။ကျောင်း ရက်ရှည်ပိတ်ရက်ဖြစ်တဲ့ သတင်းကျွတ်လိုနေ့မျိုးတွေမှာ
အစားပြန်လည်သင်ကြားရေးစနစ်ကိုကျ င့်သုံးသွားမယ်။ ”ဟု မြို့နယ်ပညာရေးမှူး ဦးငြိမ်းမြင့်ကသြဂုတ်လ ၁၀-ရက်နေ့တွင် သမဂ္ဂဂျာနယ်သို့ ပြောကြားခဲ့သည်။
ပြည်မြို့အတွင်း
ဇူလိုင်-၂၈ ရက်နေ့မှစတင်ကာ အဆက်မပျက်ရွာသွန်းမိုးများနှင့် ဧရာဝတီဖြစ်ရေတိုးလာမှုများကြောင့် 
ပြည်မြို့အတွင်းမြေနိမ့်ပိုင်း ရပ်ကွက်တချို့နှင့် ကျေးရွာတွေမှာရေကြီးရေလျှံရေနစ် မြုပ်မှုများဖြစ်ပေါ်ခဲ့သည်။ထိုေ ရနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး
အဆိုပါရပ်ကွက်ကျေးရွာအတွင်းရှိ စာသင်ကျောင်းများကို ဆက်လက်ပိတ်ထားရကြောင်းသိရသည်။ထို့အပြင်
မြို့တွင်းရေ၀င်ရောက်မှုမရှိသည့် စာသင်ကျောင်းများတွင်လည်း ရေနစ်မြုပ်သည့်နေရာဒေသရပ်ကွပ်ေ ကျးရွာအတွင်းမှ
ကျောင်းသားကျောင်းသူများအား စာသင်ကြားမှုများရပ်တန့်ထားကျော င်းသိရပြီး ရေမ၀င်ရောက်သည့်နေရာများမှကျော င်းသား/သူများ
စာဆက်လက်သင်နေကြောင်းသိရသည်။
“ ကလေးတွေအတွက်ပညာရေးနောက်ကျနေခဲ့ ရပြီ။ဒါပေမယ့်
အစားထိုးပြန်လည်သင်ကြားမှုမှာ အချိန်ပိုခေါ်တာတွေ ကျောင်းပိတ်ရက်တွေမှာဆက်လက်သင် ကြားတာတွေမဖြစ်စေချင်ဘူး။စာမေး ပွဲရက်တွေနောက်ဆုက်လိုက်ရင်ပို အဆင်ပြေလိမ့်မယ်။မိသားစုရေနစ်ေ နတဲ့ကျောင်းသားကလေးတွေရင်ထဲမှာ
ခံစားချက်တွေရှိနေကြတယ်။ကလေးတစ် ယောက်ရဲ့ရုန်းနိုင်မှုစွမ်းအားဦးနှောက်ထက်ပိုခိုင်းလို့မရဘူး။ စာပေးပွဲရက်တွေနောက်ဆုတ်တာကလေး တိုင်းအတွက်ပိုအဆင်ပြေပါတယ်။”
ဟု မိုးမေတ္တာ နာ/ကူအသင်း ပြည် မှ အတွင်းရေမှူး
ဦးညီညီအောင် မှ သမဂ္ဂဂျာနယ်သို့ပြောသည်။
ပြည်မြို့အတွင်း
မြေနိမ့်ပိုင်းရပ်ကွက်တွေနှင့် ကျေးရွာတချို့တွေမှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့မှစတင်ကာ
ရွာသွန်းမိုးများကြောင့် ပြည်မြို့အတွင်းရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ့သည်။ ပြည်ခရိုင်အတွင်းရှိ
ပြည်၊ပေါက်ခေါင်း၊ပန်းတောင်း၊ေ ပါင်းတည်၊သဲကုန်း၊ရွှေတောင်စသည့် မြို့တွေမှာ သြဂုတ် ၄-ရက်နေ့အထိ
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများအရ သေဆုံးမှု(၁)ဦး၊ရေဘေးသင့်အိမ်ေ ထာင်စု(၂၂၀၀၄)၊ရေဘေးသင့်လူဦး ရည်(၃၉၃၉၁)ဦး၊ရေမြုပ်ရေ၀င်အိမ် ပေါင်း(၁၇၀၁၉)၊ရေနစ်မြုပ်ရေ၀င် စာသင်ကျောင်းပေါင်း(၁၁၃)ကျောင်း ၊ရေမြုပ်ရေ၀င်ဌာနဆိုင်ရာနှင့်အြ ခားအဆောက်အဦးပေါင်း(၆၁)ခု၊ေ ရနစ်မြုပ်ရေ၀င်လယ်ယာဧကပေါင်း( ၃၉၀၅၉)ဧက၊ပြိုကျပ်စီးခဲ့သည့်အိ မ်ပေါင်း(၁၀)လုံး၊ပြိုကျပျက်စီး ခဲ့သည့်တံတား(၁၀)စင်း၊ပြိုကျပျ က်စီးလမ်းပေါင်း(၆၈)လမ်း၊ပျက်စီးဆုံးရှုံးခဲ့သည့်လယ်ယာဧကပေါင်း( ၁၃၂၇)ဧကရှိခဲ့ကြောင်း
ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေး မှူးရုံးမှသိရသည်။ပြည်မြို့ ဧရာဝတီမြစ်ရေ စိုးရိမ်အမှတ်
၂၉၀၀-စင်တီမီတာအောက်သို့ ၅-ပေကျော် ကျဆင်းလျှက်ရှိပြီး အောက်တိုဘာလနှင့်နိုဝင်ဘာလတွေမှာလည်း
မြစ်ရေကြီးနိုင်ဖွယ်ရှိနေသေးေ ကြာင်း မိုးလေ၀သနှင့်ဇလဗေဒ ဌာနမှသတင်းထုတ်ပြန်ထားကြောင်းသိ ရသည်။
0 comments:
Post a Comment