Tuesday, December 6, 2016

ညောင်ပင်သာ ဓမ္မစကူးလ်ကျောင်းတွင် လိုအပ်ချက်များရှိနေ ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ညောင်ပင်သာ ဓမ္မစကူးလ်ကျောင်းတွင်
လိုအပ်ချက်များရှိနေ

ပြည့်သဲမောင် ပန်းတောင်း နိုဝင်ဘာ ၇ ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပန်းတောင်မြို့နယ်၊ညောင်ပင်
သာကျေးရွာ ၊ညောင်ပင်သာကျောင်းတွင်ညောင်ပင်သာ ဓမ္မစ
ကူးလ်တနင်္ဂနွေ ဗုဒ္ဒ္ဓဘာသာသင်တန်းကျောင်းကို (၂၉.၅.၂၀၁၆)
ရက်နေ့မှစတင်၍ ညောင်ပင်သာကျောင်းတိုက်ဆရာတော် ဦးဝဏ္ဍိ
ဿရနှင့်ညောင်ပင်သာပရဟိတလူငယ်အဖွဲ့မှစတင်ဖွင့်လှစ်ခဲ့ကြောင်း
သိရသည်။

ထို့နောက် အပတ်စဉ် တနင်္ဂနွေတစ်ရက် ကျောင်းသားကျောင်းသူများ
အရောက်(၁၀၀)အား တန်းချိန်များခွဲ၍ ယာဉ်ကျေးလိမ္မာရေးရှိစေရန်၊
ဘာသာ သာသနာကိုချစ်မြတ်နိုးတတ်စေရန်၊လူကြီးမိဘ ဆရာသမား
များကို ရိုကျိုးလိမ္မာမှုရှိစေရန်၊မကောင်းသောစိတ်များကင်းဝေးပြီး ကေ
ာင်းသောအမှုအကျင့်များ ကျင့်သုံးတတ်စေရန်ရည်ရွှယ်ပြီး သင်ကြားေ
ပးနေသည်ဟု ညောင်ပင်သာပရဟိတလူငယ်အဖွဲ့မှကိုဇော်ဇော်ကပြော
သည်။

ထိုသို့ ကျေးရွာရှိ ကျောင်းသား/ကျောင်းသူများအား ယာဉ်ကျေးလိမ္မာ
စေရန်သင်ကြားပေးနေသော ဓမ္မစကူးလ်ကျောင်းတွင် ကျောင်းသုံးပစ္စ
ည်းများလိုအပ်ချက်ရှိနေကြောင်း ဥပမာ- (၂၀×၃၀)ပေ ရှည်ရှိကော်ေ
ဇာတစ်ချပ်၊စာသင်ရန် WhiteBox ၊ယောဂီတဘက်အပြင် အချို့သော
ပစ္စည်းများ လိုအပ်ချက်ရှိနေသဖြင့် အလှူရှင်များလိုအပ်လျှက်ရှိကြောင်း
သိရှိရသည်။

ဆက်သွယ်လှူဒါန်းလိုပါက
ကိုဇော်ဇော် ညောင်ပင်သာပရဟိတလူငယ်အဖွဲ့ 09452569071/0979
6267233 သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗာန်အရေးမျှော်ကာတွေး
လို့အသိပေး နှိုးဆော်အပ်ပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ







0 comments:

Post a Comment

Facebook Like Page