Friday, December 23, 2016

အမျိုးသားတစ်ဦး ရေတွင်းထဲတွင် ပုတ်ပွသေဆုံးနေ သည်ကိုတွေ့ရ

Leave a Comment


အမျိုးသားတစ်ဦး ရေတွင်းထဲတွင် ပုတ်ပွသေဆုံးနေ
သည်ကိုတွေ့ရ

သဲကုန်း ဒီဇင်ဘာ (၂၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ အင်းမနယ်မြေ၊ 
ရဲစခန်း တောင်ဘက်(၆)မိုင်ခန့်၊ သဲကုန်းမြို့နယ်၊ ဂွေးကုန်းအုပ်
စု၊ကင်းသန်းကျေးရွာတွင် အမျိုးသားတစ်ဦး ရေတွင်းထဲ၌ ပုတ်
ပွသေဆုံးနေကြောင်း ဒီဇင်ဘာ(၂၁)ရက်နေ့ ည(၈)နာရီ (၁၅)
အချိန်ခန့်သိရသည်။

ဖြစ်စဉ်မှာ ကင်းသန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းမှ ရေ
တွင်းထဲတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးနေကြောင်း ဖုန်း
ဖြင့် အကြောင်းကြားခဲ့ရာ ၊အင်းမနယ်မြေရဲစခန်းမှရဲအုပ် ကျော်
ဇင်ဦးနှင့် အဖွဲ့သည်ရာအိမ်မှူး ဦးတင်ဝင်း၊ ဆယ်အိမ်မှူး ဦးချစ်
လွင်တို့နှင့်အတူ လာရောက်ကြည့်ရူစစ်ဆေးရာ သေဆုံးသူ
မှာ ကိုမောင်ဌေး(ခ)ကိုဌေး (၄၈)နှစ်၊ (ဘ)ဦးတင်ငွေ(လယ်လု
ပ်)၊ ကင်းသန်းကျေးရွာ၊ ဂွေးကုန်းအုပ်စု၊ သဲကုန်းမြို့နေသူဖြစ်
ကြောင်းသိရသည် ဆို၏။

အဆိုပါ ကိုမောင်ဌေးသည် ၄င်း၏နေအိမ်အရှေ့ဘက် ပေ(၄၀)
ခန့်အကွာရှိ ရေတွင်းအ၀ကျယ်(၄)ပေခန့်၊ မြေပြင်မှအမြင့်(၁)ေ
ပ၊(၆)လက်မခန့်၊ ရေတွင်းအနက်(၂၇)ပေခန့်ရှိသည့် ရေတွင်း
ထဲတွင် မှောက်လျက်အနေအထားဖြင့် ပြင်ပဒဏ်ရာ တစ်စုံတစ်
ရာမရှိဘဲ ပုတ်ပွသေဆုံးနေသည်ကိုတွေ့ရပြီး လတ်တလော စ
စ်ဆေးပေါ်ပေါက်ချက်အရ ရေတွင်းထဲသို့ ပြုတ်ကျရေနစ်သေဆုံး
ကြောင်း စစ်ဆေးတွေ့ရှိရဟု ရဲတပ်ဖွဲ့ထံမှသိရသည်။။ 

ထိုသေဆုံးမှုနှင့်ပတ်သတ်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/
မဟုတ် စုံစမ်းစစ်ဆေးပေးရန် ရဲအုပ် ကျော်ဇင်ဦးမှဒီဇင်ဘာ(၂၁) 
ရက်နေ့တွင်သတင်းပေး တိုင်တန်းချက်အရအင်းမနယ်မြေရဲစခ
န်း သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၆)ဖြင့် အမှုဖွင့်အရေးယူထား
ပြီး  ရဲအုပ်သန်းဇော်မှ စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page