Thursday, December 29, 2016

အလုပ်နေရာရွှေ့ပြောင်းခံရလို့ ဒုတိယအလုပ်သမားခေါင်းဆောင် ကိုသတ်တဲ့ အလုပ်သမားအား ပြည်ခရိုင်တရားရုံးက ထောင်ဒဏ် ကိုးနှစ်ချမှတ် ပြည့်သဲမောင်(ပြည်)

Leave a Comment

အလုပ်နေရာရွှေ့ပြောင်းခံရလို့ ဒုတိယအလုပ်သမားခေါင်းဆောင်
ကိုသတ်တဲ့ အလုပ်သမားအား ပြည်ခရိုင်တရားရုံးက ထောင်ဒဏ်
ကိုးနှစ်ချမှတ်

ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ဆောက်လုပ်ဆဲ
အဆောက်အဦးအတွင်း ဒုတိယ အလုပ်သမားခေါင်းဆောင်နှင့် 
စကားများရန်ဖြစ်ပြီးနောက် ဆိုင်ကယ်တူးဘောက်စ်ထဲမှ ၀က်အူ
လှည့်ကိုယူ၍ အိပ်နေသူကို ထိုးသတ်သည့် လူသတ်မှုကျူးလွန်သူ
အား အလုပ်နှင့်ထောင်ဒဏ်ကိုးနှစ်ကျခံစေရန် ဒုတိယခရိုင် တရား
သူကြီးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

မှုခင်ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့၊ မွန်းလွဲ
(၁)နာရီအချိန်က ပြည်မြို့၊ ဗိုလ်ချုပ်လမ်း၊ဆံတော်ရပ်၊ ရွှေသာလျော
င်းလမ်းထိပ်တွင်ရှိသောဒေါ်ဝင်ဌေး ၏ ဆောက်လုပ်ဆဲအဆောက်
အအုံတွင် အလုပ်သမားဒုခေါင်းဆောင် ဇော်ဇင်ဖြိုး သည်ဒရင်းဘ
တ်ပေါ်တွင် ခေတ္တအနားယူ၍ အိပ်နေသည်ဆို၏။ထိုအချိန်တွင်ေ
ဇ်ာဇင်ဖြိုး အနီးတွင် ဆေးစပ်နေသော ကိုဖြိုးမောင်မောင်၊ ဇော်ဇင်
ဖြိုး အနီးမှ သုံးပေခန့်အကွာတွင် ကိုကျော်ဇေယျဦး၊ ကိုမိုးကျော်၊ကို
အောင်ကြီး(ခ) အောင်နိုင်ဖြိုး တို့က တန်းစီပြီး အနားယူအိပ်နေကြ
သည်ဆို၏။

ထိုအချိန်တွင် ဇော်ဇင်ဖြိုး ၏ အစ်ကို ကိုမျိုးမင်းဇော် သည် ဆောက်
လက်စသုံးထပ်တိုက်၏ မျက်နှာကြက်အလှတပ်ဆင်ရန် ပြုလုပ်နေ
စဉ် ညီဖြစ်သူ ဇော်ဇင်ဖြိုး ၏ အလန့်တကြားအော်သံကြားရသဖြင့်
အောက်ထပ်သို့ အပြေးအလွှားဆင်းကြည့်ရာ ညီဖြစ်သူအား ရင်ဝ
တွင် ထိုးသွင်းဒဏ်ရာရရှိထားသည်ကို တွေ့လိုက်ရသည်။

နံနက်ပိုင်းတွင် စကားများရန်ဖြစ်ခဲ့သည့် အလုပ်သမား မင်းနိုင်က 
၎င်းစီးနင်းယူဆောင်လာသော ဆိုင်ကယ်၏ တူးဘောက်စ်ထဲမှ ဝ
က်အူလှည့်ကို ၀ှက်ယူလာပြီး ထိုးခဲ့ကြောင်း အလုပ်သမားများ၏ေ
ပြာပြချက်အရ သိရှိရသည်။ ဇော်ဇင်ဖြိုး သည် ဆေးကုသမှုခံယူေ
နစဉ် ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။ အစ်ကိုဖြစ်သူ ကိုမျိုးမ
င်းဇော် က တရားလိုပြုလုပ်တိုင်ကြားသဖြင့် ပြည်မြို့မရဲစခန်းမှ(ပ
)၁၈၂၄/၂၀၁၆ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အရေးယူစစ်ဆေးပြီး
ပြည်ခရိုင်၊ ဒုခရိုင်တရားသူကြီးရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။

၎င်းအမှုကို တရားရုံးက လက်ခံစစ်ဆေးရာတွင် လူသတ်မှုကျူးလွန်
သူ မင်းနိုင် သည် အခင်းဖြစ်နေ့ နံနက်ပိုင်းတွင် အလုပ်သမား ဒုတိ
ယခေါင်းဆောင် ဇော်ဇင်ဖြိုး နှင့် တစ်ယောက်တစ်ခွန်းစကားများ
ခဲ့ကြောင်း၊ သို့ဖြစ်၍ ရွှေသာလျောင်းဆိုဒ်မှ န၀ဒေးဆိုဒ်သို့ ပြောင်း
ရွှေ့ခံရသဖြင့် အငြိုးထားကာ ဆိုင်ကယ်တူးဖောက်စ်ထဲမှ ၀က်အူ
လှည့်ကိုယူ၍ ထိုးသတ်ခဲ့ကြောင်း၊ ဇော်ဇင်ဖြိုး၏ နှလုံးသွေးလွှတ်
ကြော ပေါက်ပြဲကာ သေဆုံးကြောင်း ဆေးစာပြန်ကြားချက်အရ
သိရှိရသည်ဟု သုံးသပ်ခဲ့သည်။
 
သို့ဖြစ်၍ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂(၂)အရ ပြစ်မှုကျူးလွန်ေ
ကြာင်း ထင်ရှားသော်လည်း ယခင်က ပြစ်မှုကျူးလွန်ဖူးခြင်း မရှိ
သည်ကို ထောက်ထားလျက် ပြည်မြို့၊ ရွာဘဲနယ်မြေ၊ ဗိုလ်တစ်
ထောင်ရပ်၊ ကြက်တောကုန်းနေ ဦးညွန့်ကြိုင် ၏သားဖြစ်သူ တ
ရားခံ မင်းနိုင် အား အလုပ်နှင့်ထောင်ဒဏ် (9)နှစ် ကျခံစေရန်နှ
င့် ချုပ်ရက်များကို ပြစ်ဒဏ်မှး ထုတ်နုတ်ခံစားခွင့်ပြုပြီး သက်သေ
ခံပစ္စည်းများအား အယူခံရက် ကျော်လွန်က ဖျက်ဆီးစေဟု ဒီဇင်
ဘာလအတွင်း အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ပြည့်သဲမောင်(ပြည်)09423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





0 comments:

Post a Comment

Facebook Like Page