Sunday, March 22, 2015

ဒီမိုကရေစီ ပညာရေးအတွက် ကျောင်းသားသပိတ်တွင် အဓမ္မဖမ်းဆီးခံရသောသူများ အကန့်သက်မရှိပြန်လွှတ်ပေးရေး နှင့်သုံးစားမရသော အစိုးရနုတ်ထွက်ပေးရေး ဆန္ဒပြ ပြည့်သဲမောင်(ပြည်)094236 71883

Leave a Comment

ဒီမိုကရေစီ ပညာရေးအတွက် ကျောင်းသားသပိတ်တွင် အဓမ္မဖမ်းဆီးခံရသောသူများ အကန့်သက်မရှိပြန်လွှတ်ပေးရေး နှင့်သုံးစားမရသော အစိုးရနုတ်ထွက်ပေးရေး ဆန္ဒပြ

 ပြည့်သဲမောင်(ပြည်)094236 71883
ဒီမိုကရေစီ ပညာရေးအတွက် သပိတ်မှောက်တိုက်ပွဲဝင်ရင်း အကြမ်းဖက်ဖြိုခွင်းခဲ့မှုအား ကန့်ကွက် ရှုတ်ချခြင်းနှင့်သုံးစားမရသောအစိုးရ နုတ်ထွက်ပေးရေးအတွက် ရည်ရွယ်၍ မတ်လ(၂၁)ရက်နေ့ ညနေ(၄း၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။
“ပညာရေးကောင်းမှတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်။ပညာရေးကောင်းဖို့အတွက်တိုက်ပွဲဝင်နေကျသော
 ကျောင်းသားများကိုဂုဏ်ပြုပါသည်။တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွှယ်၍ဆန္ဒထုတ်ခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံဟုပြောနေသော အစိုးရ၏လုပ်ရပ်သည် အာဏာရှင်စစ်အစိုးရကဲ့သို့ လူမဆံစွာ အကြမ်းဖက်နေ သည့်အတွက် ကန့်ကွက်ရှုတ်ချတယ်။ တာဝန်ကိုတာဝန်မှန်းမသိပဲ အာဏာရှင်များကဲ့သို့ မတရားသော အမိန့် အာဏာများသုံးပြီး ပြုလုပ်နေသည့်အတွက် အရှက်သိက္ခာရှိတဲ့အစိုးရဆိုလျှင်နုတ်ထွက်ပေးပါ”ဟု ဆန္ဒပြ ဦးဆောင်သူ ကိုဝင်းလှိုင်က ပြောသည်။
မတ်လ(၁၀)ရက်နေ့က လက်ပံတန်းမြို့တွင်  ဖြစ်ပွားသွားသော ပင်မကျောင်းသားသပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူ ၊ရဟန်းသံဃာများ ၊ပြည်သူလူထုများအား အကြမ်းဖက်ရိုက်နှက် ဖြိုခွင်းမှု အတွက်အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် အဓမ္မဖမ်းဆီးထားတဲ့ သူတွေအားလုံးကို အကန့် သတ်မရှိလွှတ်ပေးရေး ၊ ကျောင်းသားများ၏လုပ်ရပ်ကိုအပြည့်အဝ ထောက်ခံကြောင်း ၊အစိုးရ ၏အကြမ်း ဖက်လုပ်ရပ်ကို ရှုတ်ချကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။
အဆိုပါဆန္ဒပြအဖွဲ့သည် ပြည်မြို့ဗိုလ်ချုပ်ကျောက်ရုပ်တွင်စုဝေးပြီး ကျောင်းသားများအကြမ်းဖက်ဖြိုခွင်းခံရသည့် ကိစ္စများဟောပြောခြင်း ၊ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၃၅၄ ၊၃၄၇ ကိုလေးစားလိုက်နာရန်တို့ ဟောပြောခဲ့ပြီုးကြွေးကြော်သံများ ကြေွးကြော်ကာ ဗိုလ်ချုပ် ကျောက်ရုပ်မှဗိုလ်ချုပ်လမ်းအတိုင်းချီတက်ကာ၊ မြောက်စောင်းတန်းလမ်း၊ထိုမှအလာလမ်းအတိုင်း ဗိုလ်ချုပ် ကျောက်ရုပ်သို့ပြန်လည်ရောက်ရှိခဲ့ကာ ဆန္ဒဖော်ထုတ်မှုအား ပြီးဆုံးခဲ့သည်။
ခွင့်ပြုမိန့်ကို မတ် ၁၉ ရက်နေ့မှာတင်ခဲ့ပြီး (၂၀)ရက်နေ့ညက အကြောင်းပြန်ခဲ့ကြောင်း “အာဏာရှင်စစ်အစိုးရ တစ်ဖြစ်လဲ ဦးသိန်းစိန် ပြည်ခိုင်ဖြိုးပါတီအစိုးရ၏ လူမဆန်စွာသပိတ်မှောက်ကျောင်းသားများကို အကြမ်းဖက်ဖြို ခွင်းမှုအား ကန့်ကွက်ရှုတ်ချပါသည် ဆိုတဲ့ရေးသားခြင်းမှာနိုင်ငံတော်အစိုးရနှင့်တပ်မတော်အပေါ် အကြည်ကြို ပျက်စေရန် တစ်ဘက်သက်စွပ်စွဲရေးသားခြင်းဖြစ်၍ အတည်မပြုဘူးလို့ ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်အောင် ကငြင်းပယ်ခဲ့တယ်”ဟု ကိုဝင်းလှိုင် ကပြောသည်။
“ခွင့်ပြုချက်ထဲမှာမပါတဲ့ကြွေးကြော်သံများကြွေးကြော်ခဲ့သဖြင့် အထက်ကညွှန်ကြားရင် ပုဒ်မ(၁၉)နဲ့အရေး ယူရမယ်’’ဟုပြည်မြို့မရဲစခန်းမှဒုရဲအုပ်တစ်ဦးကပြောသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)094236 71883











0 comments:

Post a Comment

Facebook Like Page