Sunday, December 25, 2016

လမ်းကြိတ်စက်ကားနှင့်နေအိမ်ခြံစည်းရိုးအား ဝင်ရောက်တိုက်မိခဲ့ သဖြင့်တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

Leave a Comment



လမ်းကြိတ်စက်ကားနှင့်နေအိမ်ခြံစည်းရိုးအား ဝင်ရောက်တိုက်မိခဲ့
သဖြင့်တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ပြည် ဒီဇင်ဘာ(၂၅)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့ ရွာဘဲရပ်ကွက် ၊ဗိုလ်ချုပ်လမ်း
လမ်းယာဘက်ဘေးတွင် ရပ်ထားသောလမ်းကြိတ်စက်ကားနှင့်အနီး
ရှိနေအိမ်ခြံစည်းရိုးအား ကားတစ်စီးမှ ဒီဇင်ဘာ(၂၄)ရက်နေ့ ည(၁၁)
နာရီအချိန်ခန့် ဝင်ရောက်တိုက်မိသဖြင့် အမျိုးသားနှစ်ဦးဒဏ်ရာရပြီး 
တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့၊ရွာဘဲရပ်ကွက်၊ဗိုလ်ချူပ်လမ်း၊ငွေကြယ်ပွင့်ဖုန်းဆိုင်အနီး 
နာရီစင်မီးပွိုင့်ဘက်မှ ကိုးသောင်းမီးပွိုင့်ဘက်သို့ ယာဉ်မောင်း မောင်သန့်ဇင်
အောင်(၂၅)နှစ်၊တီဂျစ်ဆုံလမ်း ၊ပြည်မြို့နေသူ မောင်းနှင်လာသော MDY 7C
/………….MARK-II(ရွှေငါးအဖြူရောင်)ယာဉ်မှ လမ်းယာဘက်ဘေးတွင် ရပ်
ထားသော လမ်းကြိတ်စက်ကားနှင့်ဒေါ်ဥမ္မာသန်း၊ရွာဘဲရပ်ကွက်၊ပြည်မြို့နေ
သူ၏ အိမ်ခြံစည်းရိုးအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ကြောင်း စစ်
ဆေးတွေ့ရှိရသည်ဟု ဆို၏။

ထိုသို့ ယာဉ်တိုက်မှုကြောင့် ဟိန်းထက်အောင်(၁၉)နှစ်၊နဝဒေးကားကြီး
ဝန်း၊ပြည်မြို့နေသူတွင် နှာခေါင်းသွေးထွက်၊ခနကိုယ်အတွင်းနာကျင်ဒဏ်
ရာ၊ရန်အေးကျော်(၂၅)နှစ်တွင် ဝဲပါး၊နဖူးပေါက်ပြဲ၊နှောက်စေ့ဖူးရောင်၊ဝဲဒူး
ပွန်းခြစ်ဒဏ်ရာ၊ဟိန်းထတ်အောင်(၂၅)နှစ်၊ခေတ္တရာမြို့သစ်ရပ်ကွက်နေ
သူတွင် ဝဲဒူးခေါင်းနာကျင်၊ရင်ဘတ်အောင့်ဒဏ်ရာတို့ရရှိခဲ့ကြောင်း ဦးစွာ
ပထမသိရသည်။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် 
တပ်ကြပ်ကြီးမြင့်ဇော်နိုင်၊အမှတ်(၁၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပြည်)မှတိုင်
တန်းခဲ့သဖြင့် ပြည်မြို့မရဲစခန်းယာဉ်(ပ)၁၁၆/၂၀၁၆ ရာဇသတ်ကြီးဥပဒေ
ပုဒ်မ-၃၃၇/၃၃၈/၂၀၂အရအမှုဖွင့်ဆောင်ရွက်ထားရှိပြီး အမှုအားဒုရဲအုပ် 
ထူးသူရမောင်မှလက်ခံစစ်ဆေးလျှက်ရှိပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာ
ရရှိသူ ရန်အေးကျော်(၂၅)နှစ်။ရွှေတံခါးလမ်း၊ခေတ္တရာမြို့သစ်ရပ်ကွက်
၊ပြည်မြို့နေသူသည် ရရှိထားသောဒဏ်ရာများကြောင့် ဒီဇင်ဘာ(၂၅)ရက်
နေ့နံနက်တွင် ကွယ်လွန်သွားသဖြင့် ယခင်ဖွင့်ထားသော ရာဇသတ်ကြီးဥပ
ဒေပုဒ်မ-၃၃၇/၃၃၈/၂၀၂ မှ ၃၀၄-က ဟုအမှုထပ်မံဖွင့်ခဲ့ပြီး အခင်းဖြစ်စဉ်က
ရှောင်တိန်းနေသော ယာဉ်မောင်း မောင်သန့်ဇင်အောင်သည် ဒီ(၂၅)ရက်နေ့ 
နံနက်(၇)နာရီအချိန်ခန့် အမှုဖြင့် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 47236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ







0 comments:

Post a Comment

Facebook Like Page