Wednesday, November 2, 2016

ကျွန်တော် မသေသေးပါဘူး ပြည့်သဲမောင်(ပြည်)

Leave a Comment

ကျွန်တော် မသေသေးပါဘူး
------------------------------
ကျွန်တော် ပြည့်သဲမောင်(ပြည်) သည် ကျွန်တော်တတ်
သလောက်ပညာလေးဖြင့် ပြည်သူများ ပြည်မြို့နှင့်အနီး
အနားရှိ မြို့များတွင် ဖြစ်ပေါ်နေသောသတင်းများကိုအွန်
လိုင်းမှတဆင့် ဖော်ပြပေးခဲ့ပါသည်။ထိုသို့ဖော်ပြရာတွင်
လဲ ပြည်သူတစ်ဦးတစ်ယောက် ဒုက္ခရောက်ပါစေဆိုသော
ရည်ရွယ်ချက် ကျွန်တော့်တွင်လုံးဝ(လုံးဝ)မရှိခဲ့ပါ။

ထိုသို့သတင်းများ ရေးသားဖော်ပြရာတွင်လဲ မိမိ၏အတွေး
ဖြင့် ရေးသားခြင်းမဟုတ်ဘဲ တာဝန်ရှိသူများစစ်ဆေးချက်
ပထမအစစ်ခံချက်များကို ရေးသားထားခြင်းသာဖြစ်ပြီး မိမိ
အနေဖြင့်ထင်မြင်ယူဆချက် လုပ်ကြံဖန်တီးမှုများလုံးဝမပါ
ပါ။

ယခုအခါသတင်းများ အွန်လိုင်တွင်ရေးသားဖော်ပြခြင်းအား
ခေတ္တရပ်ထားရခြင်းမှာ အွန်လိုင်းမှတိုက်ခိုက်ခံရခြင်း၊ဖုန်းဖြင့်
ချိမ်းခြောက်ခံရခြင်းတို့ကြောင့် သတင်းဖော်ပြခြင်းအားရပ်တန့်
ထားရခြင်းဖြစ်ပြီး ကျွန်တော့်ကို အွန်လိုင်းတွင်မလိုလားသော
သူများရှိလာသည်ဟု ယူဆရသဖြင့်သတင်းဖော်ပြခြင်းလုပ်ငန်း
အားခေတ္တရပ်ထားရခြင်းဖြစ်ပါသည်။ ကျွန်တော်သည်ဘယ်သူ့
အပေါ်မှာမှ ဒီနေ့အချိန်ထိ မကောက်ကျစ် မရုတ်မာခဲ့ပါ မကျေနပ်
ရင်လူကိုယ်တိုင်တွေ့ပြီးရှင်းပါတယ်။သတင်းရေးတာ မှာသွားရင်
လဲ သိက္ခာရှိစွာအမှားကိုယ်ဝန်ခံပြီး အမှန်ကိုယ်ပြန်ရေးပါမယ်။ဒါ
ပေမဲ့သတင်းမှားနေတယ်ဆိုတာကို တိတိကျကျပြောပေးနိုင်မဲ့သူ
ရှိရင်ပေါ့။ဖုန်းနဲ့ဆက်ပြီး မင်းလက်တော်တော်အားယားနေလား
အသေသတ်ပြစ်မယ် ဘာလုပ်ပြစ်မယ်ဆိုတဲ့ ချိမ်းခြောက်သံတွေ
ကိုတော့ လက်မခံချင်ဘူး။

ဒါကြောင့် ပြည်သူတွေကို သတင်းတွေအွန်လိုင်းကတဆင့်ဖော်
ပြနေတဲ့ ကျွန်တော် ပြည့်သဲမောင် သည် ပညာမစုံသေးတဲ့အတွ
က် ဆက်လက်သင်ကြားရန်လိုအပ်နေသေးသော သတင်းပညာ
များကိုင်ကြားပြီးမှ ပြည်သူများကိုသတင်းများထပ်မံဖော်ပြရေးသား
သွားမည်ဖြစ်ကြောင်း ပြောကြားရင် ကျွန်တော် ပြည့်သဲမောင် မိဘ
ပြည်သူများကို စော်ကားမိရင် ဒီနေရာကနေ ဒီစာလေးဖြင့်လက်ဆ
ယ်ဖြာထိပ်မှာမိုး၍ ရှစ်ခိုးကန်တော့တောင်းပန်ပါတယ်။သတင်းများ
ပြန်လည်ရေးသား ဖော်ပြလို့အမှားများပါရှိရင်လဲ ဝေဖန်ထောက်ပြ
ပြု ပြင်ပေးကျပါခင်ဗျာ.........ပြည်သူများကိုအမြဲလေးစားလျှက်

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
ယခု post အားဖော်ပြခွင့်ပေးပါသော ကျွန်တော်၏လုပ်ဖော်ကိုင်
ဖက် ပြည်သတင်း page မှ ပြည့်ဖြိုးနှင့် ပြည်သတင်းလူငယ်အား
အထူးပင်ကျေးဇူးတင်ရှိပြီး အွန်လိုင်းတွင်သတင်းများကို နိုဝင်ဘာ
(14)ရက်နေ့မှစတင်၍ ပြန်လည်ရေးသားဖော်ပြပေးပါမည်။

0 comments:

Post a Comment

Facebook Like Page