Monday, November 14, 2016

ဇမရှိရင် ဇစ်မဆွဲနဲ့ ကျွန်တော်ကတော့ ဇရှိလို့ ဇစ်ဆွဲလိုက်ပြီ

Leave a Comment


မရှိရင်  ဇစမဆွဲနဲ့ ကျွန်တော်ကတော့ ရှိလို့ ဇစဆွဲလိုက်ပြီ

ပြည့်သဲမောင်(ပြည်)
ကျွန်တော် ပြည့်သဲမောင် ပြည်သူများနှင့်ပြည်သတင်းထံ
သတင်းများပြန်လည်ဖော်ပြရေးသားပေးရန် ရောက်ရှိလာ
ပါပြီ ယခင်သတင်းတွေရေးသားပေးနေတာထက် (၃)ဆပို
၍ ပြည်သူတွေကိုပေးဆပ်သွားမှာပါ။
အဲဒီလို သတင်းများရေးသားဖော်ပြရာတွင် အမှားများပါရှိ
ပါက အပြုသဘောဆောင်ကာ ဝေဖန်ထောက်ပြပေးပါရန်
နှင့် ကျွန်တော်လက်ရှိ အသုံးပြုနေသော အကောင့်များသို့
လာရောက်အပ်ထားသော မည်သည့်အကောင့်ကိုမဆိုလက်
ခံပေးလျှက်ရှိပါသည်။
သို့ပါသော်လည်း ကျွန်တော်တင်သမျှသတင်းများအား အပျက်
သဘောကြည့်ကာ အရာအရာမကောင်းမြင်သော အကောင့်တု
များကိုတော့ ကျွန်တော်၏လူ့အခွင့်အရေးအရ block သွားမှာပါ။
လူနဲ့အကောင့်အတုနဲ့တွဲပြီးသိရင်တော့ လူကိုယ်တိုင်သွားရိုက်ပါ
မည်။မှတ်ချက်။   ။၆၆ဃဖြင့်အမှုလုံးဝမဖွင့်ပါ။
အကယ်၍များ ကျွန်တော်ရေးသားသောသတင်းကြောင့် အပြစ်မ
ရှိသူ လူတစ်ဦးတစ်ယောက် ဌာနဆိုင်ရာတစ်ခုခုအား ဂုဏ်သိက္ခာ
ထိခိုက်သည်ဟု ယူဆလျှင် ပုဒ်မ(၅၀၀)ဖြင့်လည်းကောင်း ၆၆ဃ
ဖြင့်လည်းကောင်းတရားဆွဲဆိုနိုင်ပါတယ်လို့ ဒီနေရာကနေပြောချင်
ပါတယ်။
သတင်းဆိုတာ အရမ်းမြန်ဖို့မလိုပါဘူး တိတိကျကျ မှန်မှန်ကန်ကန်
ပြည်သူတွေထံရောက်ဖို့က အဓိကပါ ကျွန်တော်ဖော်ပြသော အချို့
သတင်းများသည် နာရီပိုင်းနောက်ကျလျှင် နောက်ကျပါမည် ဒါပေမဲ့
သတင်းတော့ အတိအကျ ဖြစ်စေရပါမည်။
ကျွန်တော် ပြည်သတင်းနှင့်အွန်လိုင်းစာမျက်နှာများပေါ်တွင် ဖော်ပြ
သော အကြောင်းအရာများနှင့်ပတ်သက်ပြီး ကျွန်တော်တာဝန်အပြည့်
အဝယူပါကြောင်းနှင့်ဖြစ်လာမည့်ကိစ္စများအား ရင်ဆိုင်ဖြေရှင်းသွားမည်
ဖြစ်ကြောင်း။
သို့ပါသောကြောင့် ပြည်မြို့နှင့်အခြားပြည်ခရိုင်အတွင်းဖြစ်ပေါ်နေသော
မှုခင်းသတင်းနှင့်အခြားသတင်းများအား ဖုန်းဆက်အကြောင်းကြားပေး
ပါရန်အကူအညီတောင်းခံအပ်ပါတယ်ခင်ဗျာ…………….။

အချိန်နဲ့တပြေးညီ ပြည်သူတွေအတွက် ပြည်သတင်း

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page