Wednesday, August 14, 2013

အစ္စရေး နိုင်ငံမှ လွှတ်ပေးလိုက်သည့် ပါလက်စတိုင်း အကျဉ်းသား ၂၆ ဦးသည် သြဂုတ် ၁၄ ရက်အစောပိုင်းတွင် ဂါဇာ ကမ်းမြောင်နှင့် အနောက်ဘက် ကမ်းခြေ ဒေသရှိ ရာမာလာ မြို့သို့ ရောက်ရှိ

Leave a Comment


 သြဂုတ် ၁၄
အစ္စရေး နိုင်ငံမှ လွှတ်ပေးလိုက်သည့် ပါလက်စတိုင်း အကျဉ်းသား ၂၆ ဦးသည် သြဂုတ် ၁၄ ရက်အစောပိုင်းတွင် ဂါဇာ ကမ်းမြောင်နှင့် အနောက်ဘက် ကမ်းခြေ ဒေသရှိ ရာမာလာ မြို့သို့ ရောက်ရှိ လာခဲ့ကြောင်း မျက်မြင် သက်သေများက ပြောကြားသည်။
အကျဉ်းသား ၂၆ ဦးအနက် အနောက်ဘက် ကမ်းခြေ ဒေသသို့ ရောက်ရှိလာသော အကျဉ်းသား ၁၁ ဦးကို ရာမာလာမြို့ အနီးရှိ ဘီတူနီယာ စစ်ဆေးရေး ဂိတ်သို့  ဘတ်စကားဖြင့် ခေါ်ဆောင် သွားခဲ့ကြောင်း၊ ဂါဇာ ကမ်းမြောင်သို့ သွားရောက်မည့်  အခြား အကျဉ်းသား ၁၅ ဦးကိုမူ အစ္စရေးနှင့် ဂါဇာတို့ ကြားရှိ အီရတ် နယ်စပ်ဂိတ်သို့ ပို့ဆောင် ပေးခဲ့ကြောင်း မျက်မြင်သက်သေ များက ပြောကြားသည်။
ထို့အပြင် မျက်မြင်သက်သေ များ၏ ပြောကြားချက် အရ အကျဉ်းသား များ၏ မိသားစုဝင် ရာပေါင်း များစွာသည် ၎င်းတို့ကို ကြိုဆိုရန် အတွက်  ဘီတူနီယာ ဂိတ်နှင့် အီရတ်ဂိတ် နှစ်ခု အနီးတွင် စုရုံး ရောက်ရှိခဲ့ကာ ၎င်းအကျဉ်းသား များ၏ ပိုစတာ များနှင့် ပါလက်စတိုင်း အလံများကို ကိုင်ဆောင် ထားကြကြောင်း သိရသည်။
အဆိုပါ အကျဉ်းသား ၂၆ ဦးသည် အစ္စရေး နိုင်ငံသား များကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထား ရသူများ ဖြစ်ပြီး ၎င်းတို့ကို ပြန် လွှတ် ပေးခြင်းသည် အစ္စရေးနှင့် ပါလက်စတိုင်း တို့ကြား တိုက်ရိုက်ညှိနှိုင်း ဆွေးနွေးပွဲကို ၀ါရှင်တန် မြို့၌ ဇူလိုင် ၃၀ ရက်က ပြန်လည်စတင် ခဲ့ပြီးနောက် ဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသား များကို ပြန်လည် လွှတ်ပေးမည် ဟူသော အစ္စရေး အစိုးရ၏ သဘော တူညီချက်ကို အစ္စရေးတို့ ဘက်မှ လက်တွေ့ အကောင် အထည်ဖော် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

0 comments:

Post a Comment

Facebook Like Page