Friday, November 25, 2016

ဆင်မကြပ်ကွေ့တွင် သံလွင်ကားနှင့်တိုက်တဲ့ ဆိုင်ကယ်စီး လူငယ်သေဆုံး

Leave a Comment

ဆင်မကြပ်ကွေ့တွင် သံလွင်ကားနှင့်တိုက်တဲ့
ဆိုင်ကယ်စီး လူငယ်သေဆုံး

ရွှေတောင်  နိုဝင်ဘာ  ( ၂၅)ရက်နေ့

ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ်၊နွားမယံအုပ်စု၊ဆင်မကြပ်
လမ်းဆုံတွင် ဖြစ်ပွားသော ယာဉ်တိုက်မှုမှဆိုက်ကယ်ေ
မာင်းနှင်သူ လူငယ်တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊နွားမယံ
အုပ်စု၊ဆင်မကြပ်လမ်းဆုံတွင် နိုဝင်ဘာ(၂၅)ရက်နေ့ ည
နေ(၄)နာရီ(၄၅)မိနစ်အချိန်ခန့် ပြည်-ရန်ကုန်ကားလမ်း
မိုင်တိုင်အမှတ်(၁၇၅/၅)နှင့်(၁၇၅/၆)အကြား ကိုစိုးကျော်
အနောက်ပိုင်းရပ်ကွက်၊ဝက်ထီးကန်ရပ်၊ပြည်မြို့နယ်နေ
သူ မောင်းနှင်သည့်YGN-6B ...... FUSO EXPRESS
ဖြူ/နီရောင်(၆)ဘီးတပ် သံလွင်လိုင်းယာဉ်မှာ ပြည်ဘက်
မှရန်ကုန်ဘက်သို့ မြို့ရှောင်လမ်းအတိုင်း မောင်းနှင်လာ
စဉ် ဆင်မကြပ်ရွာလမ်းဆုံအရောက် ပြည်မြို့တွင်းဘက်မှ
ရန်ကုန်ဘက်သို့ ထက်လင်းကို ၊ မတူရွာ၊ဆင်စုနယ်မြေ ၊
ပြည်မြို့နေသူ မောင်းနှင်လာသော X-1 ဆိုင်ကယ်မှာ ဆင်
မကြပ်လမ်းဆုံအရောက်  မြို့ရှောင်လမ်းဘက်သို့ ချိုးကွေ့
စဉ် မြို့ရှောင်လမ်းအလယ်တွင် တိုက်မိကြောင်း ရဲစစ်ဆေး
ချက်မှတ်တမ်းအရသိရသည်။

ထိုသို့ တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ ထက်လင်းကို
တွင် ဝဲ/ယာဒူးပေါက်ပြဲဒဏ်ရာ၊ယာဘက်ဦးခေါင်းပိန်ချိုင့်ဒဏ်
ရာ၊ဝဲဘက်လက်မောင်းဖူးရောင်ဒဏ်ရာများရရှိပြီး ပြည်မြို့အ
ထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် သေဆုံး
ခဲ့ကြောင်း ရွှေတောင်မြို့မရဲစခန်းမှသိရသည်။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်မောင်းနှင်သူ
ထက်လင်းကို(သေဆုံး)နှင့်မော်တော်ယာဥင်္မောင်းသူ ကိုစိုး
ကျော်အား ဥပဒေအရအရေးယူပေးပါရန် ရွှေတောင်မြို့မစ
ခန်းမှ ဒုရဲအုပ် အောင်မျိုးဝင်းမှ တရားလိုပြုလုပ်တိုင်တန်းခဲ့
သဖြင့် ရွှေတောင်မြို့မရဲစခန်း ယာဉ်(ပ)၇၁/၂၀၁၆ ၊ရာဇသ
တ်ကြီးဥပဒေပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ဆောင်ရွက်ကာ အ
မှုအား ဒုရဲအုပ် နေဇော်မှလက်ခံစစ်ဆေးလျှက်ရှိကြောင်းသ
တင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)094236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




0 comments:

Post a Comment

Facebook Like Page