Wednesday, September 28, 2016

ဆိုင်ကယ်နှစ်စီး လမ်းဆုံအလယ်တွင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူနှစ်ဦးအမှုဖွင့်ခံရ

Leave a Comment
ဆိုင်ကယ်နှစ်စီး လမ်းဆုံအလယ်တွင်တိုက်မိသဖြင့်
ဆိုင်ကယ်မောင်းသူနှစ်ဦးအမှုဖွင့်ခံရ
ပြည် စက်တင်ဘာ(၂၇)ရက်နေ့ ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆုတောင်းပြည့်
ဘုရားလမ်းနှင့်ကုန်သည်လမ်း လမ်းဆုံတွင် စက်တင်ဘာ
(၂၆)ရက်နေ့က ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ ယာဉ်မောင်းနှစ် ဦးအမှုဖွင့်ခံရကြောင်းသတင်းရရှိသည်။
ပြည်ခရိုင်၊ပြည်မြို့နယ်၊ ပြည်အမှတ်(၁)နယ်မြေရဲစခန်းအနောက်
ဘက် (၃)ဖာလုံခန့်ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆုေ
တာင်းပြည့်ဘုရားလမ်းနှင့်ကုန်သည်လမ်း လမ်းဆုံတွင် ဆိုင်ကယ်
တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၁၃) ယာဉ်ထိန်းတပ်
ဖွဲ့စု(ပြည်)မှ ရဲတကက သန်းဇော်ဦး၊ တာဝန်မှူးရဲအုပ်ကျော်ဇင်ဦးနှင့်
အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးရာ
ဆုတောင်းပြည့် ဘုရားလမ်းအတိုင်း အထက(၂)ဘက်မှ ဈေးလမ်း
ဘက်သို့ ထက်မြတ်အောင် (၂၁)နှစ် မူလတက္ကသိုလ်လမ်း၊ ဆေးေ
ရးရပ်၊ ဆံတော်ရပ်ကွက်၊ ပြည်မြို့နေသူ မောင်းနှင်လာသော ၃၇ ယ/……..အနက်ရောင် ဆိုင်ကယ်နှင့် တရုတ်တန်းလမ်းအတိုင်း
ကမ်းနားလမ်းဘက်မှ လမ်းမတော်လမ်းဘက်သို့ အောင်ကိုဦး(၃
၁)နှစ် ကုမ္မဏီဝန်ထမ်း၊ တရုတ်တန်းလမ်း ကျောင်းကြီးအိုးတန်းရ
ပ်ကွက် ပြည်မြို့နေသူ မောင်းနှင်သော ၄၃ယ/……(အနက်ရောင်) ဆိုင်ကယ်တို့ လမ်းဆုံအလယ်တွင် တိုက်မိသဖြင့် ထက်မြတ်အော
င်တွင် ယာဘက်မျက်ခုံးပေါက်ပြဲဒဏ်ရာ ဦးခေါင်းယာဘက်ဂျိုစောင်း
ပေါက်ပြဲဒဏ်ရာ၊ ယာဘက်ညှပ်ရိုးဖူးရောင်ဒဏ်ရာ၊ ရင်ဘက်ယာဘ
က်ပွန်းပဲ့ဒဏ်ရာ၊ အောင်ကိုဦးတွင် ဦးခေါင်းယာဘက်ပေါက်ပြဲဒဏ် ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ဖူးရောင်ဒဏ်ရာ
ဒဏ်ရာတို့ အသီးသီးရရှိခဲ့ကြောင်းသိရသည်။. ဆိုင်ကယ်မဆင်မောင်းနှင်သူ ထက်မြက်အောင်နှင့်အောင်ကိုဦး
တို့အား အရေးယူပေးပါရန် ရဲတကကသန်းဇော်ဦးမှ တရားလိုပြု
လုပ်တိုင်တန်းချက်အရ ပြည်အမှတ်(၁)နယ်မြေ ရဲစခန်းယာဉ်(ပ)
၁၃/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုရေးဖွင့်ထားရှိ
ကာအမှုအာရဲအုပ်ကျော်ဇင်ဦးမှစစ်ဆေးပြီး တရားခံများမှာ ဆေး
ကုသမှုခံယူနေသဖြင့် အမှုနှင့် ဖမ်းဆီးစစ်ဆေးနိုင်ရေးဆောင်
ရွက်လျက်ရှိပါကြောင်းသတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


0 comments:

Post a Comment

Facebook Like Page