Wednesday, September 28, 2016

နဝဒေးလမ်းဆုံမှာထိပ်တိုက်တွေ့တဲ့ ကားနှစ်စီးအဖြစ် ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

နဝဒေးလမ်းဆုံမှာထိပ်တိုက်တွေ့တဲ့ ကားနှစ်စီးအဖြစ်

ပြည် စက်တင်ဘာ(၂၉)ရက်နေ့
ပဲခူးတိုင်းဒသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့ ၊နဝဒေးရပ်ကွက်၊နဝဒေးလမ်းတွင် စက်တင်ဘာ(၂၈)ရက်နေ့ နေ့လည်(၁)နာရီ (၄၀)အချိန်ခန့် ယာဉ်နှစ် စီး 
တိုက်ခိုက်မှုဖြစ်ပွား ယာဉ်ပေါ်ပါလာသူ ခရီးသယ်များထိ ခိုက်ဒဏ်ရာ ရရှိ ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့နယ်၊ ပြည်မြို့မရဲစခန်းတောင်ဘက်(၁)မိုင်ခန့် ပြည်မြို့၊ 
န၀ဒေးရပ်ကွက်၊ န၀ဒေး တံ တားလမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း 
သတင်းအရ အမှတ် (၁၃)ယာဉ်ထိန်းတပ်ဖွဲ့စု (ပြည်)မှ ရဲအုပ်အောင်မျိုးဦး
နှင့်အဖွဲ့သည် သက်သေများနှင့် အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ နဝ
ဒေးလမ်း မကြီးအတိုင်း နိဗ္ဗိန္ဒလမ်းဆုံဘက်မှ န၀ဒေးတံတား ဘက်သို့ယာ
ဉ်မောင်း အောင်အောင်(၂၉)နှစ်၊ (ဘ) ဦးသောင်းအေး၊ မဟာစည်ရိပ်သာ၊ 
အမှတ်(၆)ရပ်ကွက်  မင်းလှမြို့နယ်၊ မကွေးတိုင်းဒေသကြီးနေသူ မောင်း
နှင်ပြီး ယာဉ်ပေါ်တွင်  စိုးလင်းထန်း(၂၄)နှစ်၊ (ဘ)ဦးစိုးသန်း၊ ယာဉ်မောင်
အကူ၊ ခလရ(၂၀(၀န်း)၊ စစ်တွေမြို့နယ်၊ စန်းတိုးနိုင်(ခ)၀င်းမြင့်(၂၂)နှစ်၊ 
(ဘ)ဦးဘမြင့်၊ ယာဉ်နောက်လိုက်၊ ယုစံပြကျေးရွာ၊ အမ်းမြို့နယ်နေသ
ူနှင့် ခရီးသည် (၃၄)ဦးလိုက်ပါလာသော 1B/...... HENO အပြာရောင် 
(ကြံတိုင်း အောင်ခရီးသည်တင်ယာဉ်စစ်တွေ-အမ်း-ရန်ကုန်) ယာဉ်သ
ည် ပြည်မြို့ တွင်းဘက်မှ အရေးပေါ် လမ်းဘက်သို့ န၀ဒေးလမ်းအား 
ရုတ်တရက်ဖြတ်ကူးလာသော ယာဉ်မောင်း တိုးတိုး (၂၂)နှစ်၊ (ဘ) ဦး
ဝေလ၊ ပေါ်လံကြီးရွာ၊ ပေါက်ခေါင်းမြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်
ပေါ်တွင် ဦးမျိုးခင်(၄၇)နှစ် (ဘ)ဦးသန်းအောင်၊ တောင်သူ၊ ပေါ်လကြံ
ရွာ၊ ပေါက်ခေါင်းမြို့၊ ဝေဖြိုးအောင် (၃၀)နှစ်၊ (ဘ)ဦးမြလင်း၊ ကုမ္မဏီဝ
န်ထမ်း၊ ကျောင်းကုန်းရပ်၊ န၀င်းရပ်ကွက်၊ ပြည်မြို့၊ မကေသီဝင်း၊ (ဘ)
ဦးဝင်းမောင်၊ အမှတ်(၃)ရပ်ကွက်၊ ပေါက်ခေါင်းမြို့နယ်၊ ကိုဇော်(၃၀)နှစ်၊ 
(ဘ) ဦးဝင်းမောင်၊  တောင်လည်ရွာ၊ ပေါက်ခေါင်းမြို့ နယ်နေ သူတို့  လို
က်ပါလာသော 6J/....... FAW (အပြာရောင်ယာဉ်)၏ ၀ဲဘက်ဘေးအား ၀င်ရောက်တိုက်မိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

ထိုသို့ ၀င်ရောက်တိုက်မိခဲ့သဖြင့် ဦးမျိုးခင် တွင် နဖူးကွဲဒဏ်ရာ၊ မေးစေ့
ကွဲဒဏ်ရာ၊ ကိုဇော်တွင် ၀ဲဘက်ဂျိုစောင်းကွဲဒဏ်ရာ၊ ၀ဲဘက်နားထင်ဘေး 
ဖူးယောင်ဒဏ်ရာ၊ ယာဘက်နားထင် သွေးထွက်ဒဏ်ရာ၊ ဝေဖြိုးအောင် 
တွင် ဦးခေါင်းထိပ် ဖုယောင်ဒဏ်ရာ၊ မေးစေ့ကွဲဒဏ်ရာ၊ ၀ဲဘက် လက်ခ
လယ် ပေါက်ပြဲဒဏ်ရာ၊ ယာဘက် လက်ဖျံပွန်းပဲ့ဒဏ်ရာ၊ စိုးလင်းထွန်းတွင် 
ယာဘက် ဂျိုစောင်း ကွဲဒဏ်ရာ၊ ယာဘက်မျက်ခုံးဘေး ပွန်းပဲ့ဒဏ်ရာ၊ ယာ
ဘက်လက်ဖျံ ပွန်းဒဏ်ရာ ရရှိခဲ့ပြီး ကြံတိုင်းအောင် ကားပေါ်တွင် ပါလာသ
ည့်ခရီး သည်များဖြစ်သော  စန်းတိုးနိုင်(ခ)၀င်းမြင့် တွင် ယာဘက်မျက်နှာေ
ပါက်ပြဲ ဒဏ်ရာ၊ ယာဘက်ပုခုံး နာကျင်ဒဏ်ရာ၊ ယာဘက်ဒူးကွဲဒဏ်ရာ၊ ယာ
ဘက် လက်ခုံကွဲဒဏ်ရာ၊ မရွှေရည်သင်း တွင် ယာဘက် တံတောင်းပွန်းဒဏ်
ရာ၊ ၀ဲဘက်လက်မောင်းပွန်းဒဏ်ရာ၊ ၀ဲဘက်ဒူးနာကျင်ဒဏ်ရာ၊ မကြည်သန်း
ဝင်း တွင် ယာဘက်ပါးဖူးယောင်ပေါက်ပြဲဒဏ်ရာ၊ ဒေါ်ဥယဉ်ဖု ၀ဲဘက်နဖူးပေါ
က်ပြဲဒဏ်ရာ၊ မပု တွင် အပေါ်နုတ်ခမ်းကွဲဒဏ်ရာ၊ မယဉ်စန်းဝင်း တွင် ဦးခေါင်း
နောက် ယာဘက်ပေါက်ပြဲဒဏ်ရာများ အသီးသီး ရရှိခဲ့ပြီး ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးရသူမရှိကြောင်း သိရသည်။ 

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ လမ်းမကြီးယာဉ်အား ဦးစားမပေးပဲ မဆင်
မခြင် ဖြတ်မောင်းတက်သူ တိုးတိုး အား အရေးယူပေးပါရန် ရဲအုပ်အောင်မျိုးဦး 
မှ တရားလိုပြုလုပ်တိုင်တန်းချက် အရ ပြည်မြို့မရဲစခန်း ယာဉ် (ပ)၇၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၃၈/၃၃၇/ ၂၀၂ ဖြင့် အမှုဖွင့်ထားရှိရာ အမှုအား ရဲအုပ်သ
န်းထွန်းအောင် မှ လက်ခံစစ်ဆေးလျက်ရှိပြီး အမှုဖြင့် ထွက်ပြေးတိမ်းရှောင်သွား
သော တိုးတိုး အား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း
ရရှိသည်။ 

ပြည့်သဲမောင်(ပြည်)၀၉၄၂၃၆ ၇၁၈၈၃

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




0 comments:

Post a Comment

Facebook Like Page