Wednesday, September 28, 2016

ညစ်ညမ်းစွာဆဲဆို၍ တုတ်နှင့်ဝိုင်းဝန်းရုက်နှက်သူအားဖမ်းဆီး အရေးယူပေးပါရန်တိုင်ကြား

Leave a Comment

ညစ်ညမ်းစွာဆဲဆို၍ တုတ်နှင့်ဝိုင်းဝန်းရုက်နှက်သူအားဖမ်းဆီး
အရေးယူပေးပါရန်တိုင်ကြား
ပြည် စက်တင်ဘာ(၂၈)ရက်နေ့
ပဲခူးတိုင်းသေကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့တွင် စက်တင်ဘာ(၂၄)ရက်နေ့
ည(၁၁)နာရီအချိန် ညစ်ညမ်းစွာဆဲဆို၍ တုတ်နှင့်ဝိုင်းဝန်းရုက်နှက်သွား
သူ အမည်မသိလူ(၇)ဦးအား ဖမ်းဆီးပေးရန်တရားလိုပြုလုပ် တိုင်တန်း
ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပြည်မြို့နယ်၊မြို့မရဲစခန်းအရှေ့ဘက်(၆)ဖာလုံခန့်ပြည်မြို့၊ ရွာ
ဘဲရပ်ကွက်၊ အမှတ်(၅၃)၊ယိုးဒယားတန်းလမ်းနေ ဦးဇော်ဝင်း(၅၃)နှစ်(ဘ)
ဦးထွန်းတင် အရောင်းအ၀ယ် လုပ်ကိုင်သူသည်နေအိမ်တွင်ရှိနေစဉ် သားဖြစ်
သူထက်အောင်ကျော်(၂၄)နှစ်(ဘ)ဦးဇော်ဝင်း မှီခိုသူသည် ယာဘက်မျက်ခုံး
အောက် ပါးရိုးပေါ်တွင်ဒဏ်ရာ၊ ယာဘက်မျက်လုံးဖူးရောင်ညိုမဲဒဏ်ရာ၊ ဦးေ
ခါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ ကျော်ပြင်တွင် အချိုးရာ(၃)ချက် ၀ဲဘက်မျက်
လုံးအောက် ပွန်းပဲ့ဒဏ်ရာရရှိပြီး ၄င်းနှင့်အတူ သူငယ်ချင်းဖြစ်သူ ဖြိုးသူဟိန်း
(၂၇)နှစ်၊ (ဘ)ဦးတင်မောင်ဆွေ အထည်ရောင်း အောင်ဆန်း(၄)လမ်း ပြည်
သာယာရပ်ကွက် ပြည်မြို့နေသူမှာ ၀ဲဘက်ဖျံနာကျင်ဒဏ်ရာ၊ နှာခေါင်းသွေး
ထွက်ဒဏ်ရာတို့ ရရှိလာသည်ကို တွေ့ရှိရသည်ဆို၏။
ထို့ကြောင့် ဒဏ်ရာများ ဘာကြောင့်ရလာသည်ကိုမေးမြန်းရာ ထက်အောင်ေ
ကျာ်နှင့် ဖြိုးသူဟိန်းတို့မှ မုန့်စားပြီးနေအိမ်သို့ ပြန်လာစဉ် ပြည်မြို့ရွာဘဲရပ်
ကွက် ကျောက်တော်ကြီးဘုရားလမ်း အောင်သရဖူ ဆေးရုံအနီးသို့အရောက်
ဒီပါအောင်(အသက်၊အဘအမည်၊အလုပ်အကိုင်၊နေရပ်-စိစစ်ဆဲ) နှင့်အမည်မ
သိသူ (၇)ဦး အသက်၊အဘအမည်၊နေရပ်၊အလုပ်အကိုင်၊စိစစ်ဆဲ)တို့နှင့် တွေ့
ရှိပြီး ၄င်းတို့အဖွဲ့မှ ညစ်ညမ်းစွာဆဲဆို၍ တုတ်နှင့်ဝိုင်းဝန်းရိုက်နှက်သဖြင့် ဒဏ်
ရာရရှိကြောင်း ပြောပြသိရှိရသဖြင့် သားဖြစ်သူနှင့် ဖြိုးသူဟိန်းတို့အား ပြည်ဆေး
ရုံသို့ဆေးကုရန်ပို့အပ်ခဲ့ပြီး(အတွင်းလူနာ/မစိုးရိမ်ရ) ယနေ့မှ ရဲစခန်းလာရောက်
တိုင်တန်းခဲ့ကြောင်းသိရသည်။
သို့ပါသောကြောင့် ညစ်ညမ်းစွာဆဲဆို၍ တုတ်နှင့်ဝိုင်းဝန်းရုက်နှက်သူ ဒီပါအောင်နှင့်
အမည်မသိသူ(၇)ဦးတို့အား အရေးယူပေးပါရန် ဦးဇော်ဝင်းမှစက်တင်ဘာ(၂၆)ရက်
နေ့တွင် တရားလိုပြုလုပ်တိုင်တန်းချက်အရ ပြည်မြို့မှရဲစခန်း(ပ)၂၀၅၈/၂၀၁၆၊ ရာဇ
သတ်ကြီးပုဒ်မ၂၉၄/၃၂၅/၁၁၄ ဖြင့် အမှုရေးဖွင့်ထားရှိကာ အမှုအား ရဲအုပ်သန်းထွန်း
အောင်မှစစ်ဆေးပြီး တရားခံများအား အမှုဖြင့်ဖမ်းဆီးစစ်ဆေးနိုင်ရေး န/ထအဖွဲ့နှင့်
ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းသတင်းရရှိသည်။
ပြည့်သုမောင်(ပြည်)09423671883
ပြည်ခရိုင်မှုခင်းနှင့်သတင်း

0 comments:

Post a Comment

Facebook Like Page