Wednesday, September 7, 2016

မျက်နှာကျက်အလှဆင်လုပ်ငန်း လုပ်ကိုင်သူအလုပ်သမား ချင်းစကားများရန်ဖြစ်ရာမှတစ်ဦးသေဆုံး

Leave a Comment

မျက်နှာကျက်အလှဆင်လုပ်ငန်း လုပ်ကိုင်သူအလုပ်သမား
ချင်းစကားများရန်ဖြစ်ရာမှတစ်ဦးသေဆုံး

ပြည် စက်တင်ဘာလ(၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဆံတော်ရပ်ကွက်
ဗိုလ်ချုပ်လမ်းရှိနေအိမ်တိုက်သစ်ဆောက်လုပ်ရာတွင်မျက်
နှာကျက် အလှဆင်လုပ်ငန်းလုပ်ကိုင်သူနှစ်ဦးစက်တင်ဘာ
(၇)ရက်နေ့ နေ့လည်(၁) နာရီ(၃၀)အချိန်ခန့်စကားများရန်
ရာမှတစ်ဦးသေဆုံခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့ ဆံတော်ရပ်ကွက် ဗိုလ်ချုပ်လမ်းဒေါ်ဝင်း
ဌေးဆိုသူ၏တိုက်သစ်ဆောက်လုပ်ရာတွင် မျက်နှာကျက်
အလှဆင်လုပ်ငန်းလုပ်ကိုင်သူအလုပ်သမားခေါင်းဆောင်
ဇော်ဇင်ဖြိုး(၂၄)နှစ် အပိုင်း(၁)ဗိုလ်တစ်ထောင်ရပ် ရွာဘဲရပ်
ကွက် ပြည်မြို့နေသူမှအလုပ်သမား မင်းနိုင် စက်မှုကွက်သ
စ်ရပ် ရွာဘဲရပ်ကွက် ပြည်မြို့နေသူအား အလုပ်မလုပ်သည့်
ကိစ္စနှင့်ပတ်သက်၍ပြောဆိုမှုအား မင်းနိုင်မှဇော်ဇင်ဖြိုးအား
ဝက်အူလှည့်ဖြင့်ထိုးရာ ဇော်ဇင်ဖြိုး၏ရင်ညွန့်တွင်ထိုးသွင်း
ဒဏ်ရာတစ်ချက်ရရှိကာ ပြည်ဆေးရုံကြီးသို့ နေ့လည်(၁)နာ
ရီ(၃၀)အချိန်ရောက်ရှိပြီး သေဆုံးသွားကြောင်း ရဲမှတ်တမ်း
အရသိရသည်။

ထို့ကြောင့်အမှုနှင့်ပတ်သက်ပြီး သေဆုံးသူဇော်ဇင်ဖြိုးအား
သတ်သွားသူ မင်းနိုင်အား ဥပဒေအရအရေးယူပေးပါရန်အ
စ်ကိုဖြစ်သူ မျိုးမင်းဇော် အပိုင်း(၁) ဗိုလ်တစ်ထောင်ရပ် ရွာ
ဘဲရပ်ကွက် ပြည်မြို့နေသူမှ ရဲစခန်းလာရောက်တိုင်တန်း
ခဲ့သဖြင့် ပြည်မြို့မရဲစခန်း(ပ)၁၈၂၄/၂၀၁၆ ရာဇသတ်ကြီး
ဥပဒေပုဒ်မ - ၃၀၂ အရအမှုဖွင့်ဆောင်ရွက်ထားရှိကာ ပြစ်
မှုကျုးလွန်သူ မင်းနိုင်အား အမြန်ဖမ်းဆီးရမိနိုင်ရေး အမှုစ
စ်စခန်းမှူး ဒုရဲမှူး မျိုးမြင့်နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များ လိုက်
လံစုံစမ်းဖမ်းဆီးလျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page