Saturday, September 3, 2016

ပဲခူးတိုင်းသဘင်အထောက်အကူပြုအဖွဲ့မှရွှေကူရတနာ ပရဟိတကျောင်း သို့ဆန်၊ငါးသေတ္တာများလာရောက်လှူဒါန်း

Leave a Comment

ပဲခူးတိုင်းသဘင်အထောက်အကူပြုအဖွဲ့မှရွှေကူရတနာ ပရဟိတကျောင်း
သို့ဆန်၊ငါးသေတ္တာများလာရောက်လှူဒါန်း
ပြည် စက်တင်ဘာ(၃)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့နယ် ၊ရွာဘဲရပ်ကွက်ရှိ
ရွှေကူရတနာစစ်ဘေးရှောင် ပရဟိတကျောင်းသို့ပဲခူးတိုင်းသဘင်
အထောက်အကူပြုအဖွဲ့မှ ဆန်နှင့်ငါးသေတ္တာများလာရောက် လှူ
ဒါန်းသွားကြောင်းသိရသည်။
အဆိုပါ သဘင်အထောက်အကူပြုအဖွဲ့သည် ဇီးအုပ်အုပ်စု၊မြောင်း
ငယ်လှကျေးရွာ၊မြောင်းငယ်လှဘုန်းကြီးကျောင်းတွင် သတင်းသုံးနေ
ထိုင်သော ဆရာတော် ဦးဝိမလ၏ဦးဆောင်မှူဖြင့် ပြည်မြို့၊ရွာဘဲရပ်၊
ရွှေကူရတနာ ပရဟိတကျောင်းအား ဆန်အိတ်(၅)အိတ်၊ငါးသေတ္တာ
ဘူး(၅၀)ဘူးအားပေးအပ်လှူဒါန်းခဲ့ပါသည်။
ထို့အပြင် ပန်းမြို့နယ် ဏွယ်တော်ရပ်ရှိ ရေဘေးသင့်သဘင်မိသားစု
(၁၂)စုအား ဆန်အိတ်များ၊ငါးသေတ္တာဘူးများ၊ခေါက်ဆွဲခြောက်ထုပ်
များသွားရောက်လှူဒါန်းခဲ့ရာ ပြည်မြို့ရှိသဘင်အဖွဲ့အစည်းမှတာဝန်ရှိ
သူများ၊ပြည်လူရွှင်တော်အသင်းမှဝါရင့်လူရွှင်တော်များမှ ဝိုင်းဝန်းပံ့ပိုး
ကူပေးခဲ့ကြောင်းသတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ










0 comments:

Post a Comment

Facebook Like Page