Wednesday, May 7, 2014

သရေခေတ္တရာအစ ဖိုးဦးတောင်က(ဖိုးဦးတောင် ဘုရားသမိုင်း) အပိုင်း...(၁) ပြည်သတင်းလူငယ်(ပြည်သတင်း)

Leave a Comment


သရေခေတ္တရာအစ ဖိုးဦးတောင်က(ဖိုးဦးတောင် ဘုရားသမိုင်း)
*********************************** 

အပိုင်း...(၁)





 












ဂေါတမမြတ်စွာဘုရား၏ ဥဏ္ဏလုံမွေးရှင်တော်/ကုမုဒ/ပဒုမ/ပုဏ္ဍရိက/သုပုပ္ပိတ/ လေးမည်ရသော မွေးညင်းတော်များဌာပနာ၍တည်ထားကိုးကွယ်တော်မှုအပ်သော ပဲခူးတိုင်းဒေသကြီး(နောက်)
ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရွာသာယာအုပ်စုတွင် တည်ထားကိုးကွယ်တော်မှုတော်သော ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်သမိုင်းအား ၁။စေတိယပကာသနီကျမ်း/၂။မြန်မာရာဇ၀င်ပေါင်းချုပ်/
၃။မြန်မာ့စွယ်စုံကျမ်း/၄။မှန်နန်းရာဇ၀င်/၅။ရွှေဆံတော်သမိုင်း စုစုပေါင်းကျမ်းတော်ကြီး(၅)ကျမ်းမှ ကိုးကားရေးသားတော်မှုခဲ့သော ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပန်းတောင်းမြို့နယ်
ရွာသာယာအုပ်စု ဘဒ္ဒန္တ ရာဇိန္ဒ (တောင်တော်တာဝန်ခံဆရာတော်) ဖိုးဦးတောင်ကျောင်းတိုက် ဖိုးဦးတောင်ဘုရားပဓာနနာယက ဆရာတော်ကြီးရေးသားခဲ့သော ဖိုးဦးတောင်ဘုရားသမိုင်းစာအုပ်အား
ပြည်သတင်းလူငယ်(ပြည်သတင်း) မှ ပြန်လည်ကူးယူရေးသားဖော်ပြခဲ့ပါသည်။

မုနိန္ဒာဘိ/သိရိသဒ္ဓမ္မ/ပ၀ရခေါင်းမှူး/အောင်ပွဲမှူးဖြစ်တော်မှုတော် သဗ္ဗညုရှင်တော်ဘုရားသည် ဘိုးတော်အဉ္ဇနမင်းကြီး ဖြိုပြီး သက္ကရာဇ်(၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင်လူတွင်ထင်
ရှား ဘုရားအဖြစ်သို့ရောက်တော်မှုပြီးလျှင် သတ္တသတ္တာဟကို လွန်တော်မှု၍ ဗာရာဏသီပြည်အနီး မိဂဒါဝုံ တော်ကြီး၌ အညာတ/ကောဏ္ဍည အစရှိသော ပဉ္စ၀ဂ္ဂီငါးဦး နှင့်တကွ တယ်ဆယ့်ရှစ်ကဋေ
သော နတ်ဗြဟ္မာ အပေါင်းတို့အား ဓမ္မစင်္ကြာတရားအမြိုက် တိုင်ဝေတော်မှု၍ ဗာရာဏသီပြည်၌ ပထမ ၀ါကပ်တော်မှု၏။ ၀ါကျွတ်တော်မှုသည်ရှိသည်ရှိသော် ခြောက်ကျိပ်သောရဟန်းတို့ကို ထိုထို
အရပ်သို့ စေလွှတ်တော်မှု၍ ကိုယ်တော်တစ်ပါးတည်း ကပ္ပသိတောအုပ်သို့ ကပ်တော်မှုပြီးလျှင် ဘဒ္ဒ၀ဂ္ဂီမင်းသား သုံးကျိပ်တို့အား ဧဟိ-ဘိက္ခု ရဟန်းအဖြစ်သို့ရောက်စေတော်မှု၏။ ထိုရဟန်းတို့အား
လည်း အခြားအရပ်သို့စေလွှတ်တော်မှုပြန်၍ ကိုယ်တော်တစ်ပါးတည်းသာ ဖလသမာပတ် ချမ်းသာကိုခံစားတော်မှုလျက်နေတော်မှု၏။

သမာပတ်မှထတော်မှုလျှင် ဒိဗ္ဗစက္ခုဥာဏ်/အနာဂတံသဥာဏ်တော်တို့ဖြင့် ကြည့်တော်မှုသည်ရှိသော် ငါဘုရား၏သာသနာတော်မြတ်သည် မဇ္ဈိမဒေသ...အရပ်၌ သာသနာနှစ် နှစ်ရာ့ငါးဆယ်
မျှသာ တည်လတ္တံ့ဟု မြင်တော်မှု၏။ ထို့နောက် တစ်ဖန် ဆင်ခြင်တော်မှုပြန်လျှင် သီဟိုဠ်/သရေခေတ္တရာ/သထုံ/ပေါက္ကံ စသောအရပ်တို့၌ သာသနာတော် အဓွန့်ရှည်စွာ တည်ထွန်းအံ့သည်ကိုမြင်
တော်မှု၏။ ရှေးဦးစွာ ကိုယ်တော်တစ်ပါးတည်း သီဟိုဠ်ကျွန်းသို့ ကြွတော်မှုပြီးလျှင် မဟာမေဃ၀န်ဥယျာဉ်တည်ရာအရပ်၌ တစ်ဆယ့်နှစ်ယူဇနာရှိသော ဗြဟ္မာမင်းကြီးအဟန် ဖန်ဆင်းတော်မှုပြီး
လျှင် နတ်/နဂါး/ဘီးလူးတို့အား သရဏဂုံ/ပဉ္စသီ မဂ်ဥာဏ် ဖိုလ်ဥာဏ်တို့၌ တည်စေတော်မှု၏။ ထိုမှသည် ဇမ္ဗူဒိပ်ကျွန်း/သီဟပဗ္ဗတတောင်(၀ါ)ဖိုးဦးတောင် သို့လက်ယာခြေတော်ကို ချီတော်မှုသ
ဖြင့် တစ်လှမ်းတည်းကြွရောက်တော်မှုခဲ့ပါသတည်း.........။
ဆက်လက်ဖတ်ရှုပေးပါရန်(မျှော်........) ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page