Monday, June 30, 2014

ဝက်​ထီးကန်​ သတင်း

Leave a Comment
ဝက်ထီးကန် သာယာရေး သစ်ပင်စိုက်ပျိုး
ရေခဲ(ပြည်)

ပြည်၊ ဇွန် ၃၀
ရှေးဟောင်းသမိုင်းဝင်ကန်ကြီးတစ်ခုဖြစ်သည့် ၀က်ထီးကန်၊ ရေကန်ကြီး သာယာလှပစေရန် ကန်ပတ်လည် ၌သစ်ပင်တစ်ရာကျော်စိုက်ပျိုးခဲ့သည်ဟု ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦး ကျော်ကျော်လင်းက မဇ္ဈိမကို ပြောသည်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့၊ ၀က်ထီးကန်တိုက်နယ်အုပ်စုတွင် တည်ရှိသည့် ရေကန်ကြီးကို ရေရှည်ထိန်း သိမ်း နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။“ကန်ကြီးသာယာလှပဖို့အတွက် အရိပ်ရအကြီးမြန် သစ်ပင်တွေကန်ပတ်လည်မှာ စိုက်မယ်။ ကန်ပေါင်ကိုရောလမ်းကိုရော ထိန်းသိမ်းပြီးသား ဖြစ်သွားမယ်”ဟု ဦးကျော်ကျော်လင်းက ဆိုသည်။
ဇူလိုင်၃ရက်တွင် ကျရောက်မည့် အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ခြင်းဟုလည်း ပြော ဆိုလိုက်ပြီး သစ်တောဦးစီးဌာန အကူအညီဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ဦးစီးဆောင်ရွက်ခဲ့ ခြင်းဖြစ် သည်။
ထိုသို့ပြုလုပ်ခြင်းသည် ကန်ဆယ်ယူစဉ် သစ်ပင်ခုတ်လှဲမှုများကို ပြန်လည် ဖြည့်ဆည်းရန်လည်းဖြစ်ပြီး ဇူလိုင် လအတွင်း ထပ်မံစိုက်ပျိုးဦးမည်ဟု ဆိုကြသည်။ ဗာဒံ့၊ ရေတမာ၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေပင်များ စိုက်ပျိုးခဲ့ ကြခြင်း ဖြစ်သည်။

ရေခဲ(ပြည်​)
တင်​ဆက်​သူ ပြည်​သတင်းလူငယ်​(ပြည်​သတင်း)

0 comments:

Post a Comment

Facebook Like Page