Wednesday, September 21, 2016

အမျိုးသမီးအဆောင်တွင် တတိယနှစ်ကျောင်းသူ တစ်ဦး(၁၀)သိန်းကျော်တန်ဖုန်းပျောက်သဖြင့်အမှု ဖွင့်တိုင်ကြား

Leave a Comment
အမျိုးသမီးအဆောင်တွင် တတိယနှစ်ကျောင်းသူ
တစ်ဦး(၁၀)သိန်းကျော်တန်ဖုန်းပျောက်သဖြင့်အမှု
ဖွင့်တိုင်ကြား



ပြည် စက်တင်ဘာ(၂၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့၊ရွာဘဲရပ်ကွက်ရှိ
အမျိုးသမီးအဆောင်တွင် ငှာရမ်းနေထိုင်သောကျောင်းသူ
တစ်ဦး၏(၁၀)သိန်းကျော်တန်ဖုန်းပျောက်သွားသဖြင့် ယ
မာန်နေ့က ပြည်မြို့မရဲစခန်း၌အမှုဖွင့်ခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ ပြည်မြို့ ၊ရွာဘဲရပ်ကွက် ၊ဦးဝင်းမြဆန်စက်လမ်း
တွင် ဒေါ်သင်းသင်းခိုင်ဖွင့်လှစ်ထားသည့် အမျိုးသမီးအဆောင်
(အမည်မရှိ)တွင်ငှားရမ်းနေထိုင်သော မအေးသဉ္ဇာလှိုင်(၂၁)
နှစ် ၊ပြည်တက္ကသိုလ်စီးပွားရေး(တတိယနှစ်)၊အင်းရွာပန်းကန်
စက်၊သာယာဝတီမြို့နေသူသည် အိပ်ယာမှနိုး၍ ဖုန်းပြောပြီး
၎င်း၏အခန်းတွင်းဖုန်းအားသွင်းခဲ့၍ နောက်ဖေးရေချိုးခန်းသို့
မျက်နှာသစ်သွားရာမှ ပြည်လည်ရောက်ရှိစဉ် ၄င်းအားသွင်း
ထားသော I phone 6+(ရွှေ နှင်းဆီရောင်)(၀၉၂၅၀၈၁၄၆၂)
ကာလတန်ဘိုး(၁၀၀၀၀၀၀ိ/-)ကျော်ခန့်ပျောက်ဆုံးသွားသဖြင့်
လိုက်လံစုံစမ်းရှာဖွေသော်လည်း ပြန်လည်တွေ့ရှိမှုမရှိသဖြင့်
အမှုဖွင့်တိုင်တန်းခဲ့ကြောင်းသိရသည်။

ထို့ကြောင့်အမှုနှင့်ပတ်သက်၍ လက်ကိုင်ဖုန်းခိုးယူသူအား
စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် မအေသန္တာလှိုင်မှတရား
လိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပြည်မြို့မရဲစခန်း(ပ)၁၉၄၁/၂၀
၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့်အမှုရေးဖွင့်ကာ အမှုအား
ဒုရဲအုပ်မြတ်သူစိုးမှလက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်း
ရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page