Monday, September 19, 2016

ပြည်မြို့တွင်ဗျောက်အိုးရောင်းချသည့် ဆိုင်များအား မြို့နယ်အုပ်ချုပ်ရေးမှလိုက်လံဖမ်းဆီး ပြည့်သဲ

Leave a Comment

ပြည်မြို့တွင်ဗျောက်အိုးရောင်းချသည့် ဆိုင်များအား မြို့နယ်အုပ်ချုပ်ရေးမှလိုက်လံဖမ်းဆီး

ပြည် စက်တင်ဘာ (၁၉)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ဒေသန္တရအမိန်ဖြင့် မီးအိုး၊ဗျောက်အိုး၊မီးရှုး မီးပန်းနှင့်အခြားအသံမြည် ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ထုတ်လုပ်ခြင်း၊သိုလှောင်ခြင်း၊သယ်ဆောင်
ခြင်း၊ပစ်ပေါက်ကစားခြင်းများ ပြုလုပ်ခြင်းမရှိစေရန် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၁၈၈)ထုတ်ပြန်ခဲ့ပြီး ၂၀၁၆ခုနှစ်
စက်တင်ဘာ(၁၄)ရက်နေ့မှစပြီး အများပြည်သူများသိရှိနိုင်ရန်အုပ်ချုပ်ရေးအဖွဲ့မှ အသံချဲ့စက်ဖြင့် နေ့စဉ်ကြော်
ငြာခဲ့ပြီးဖြစ်ရာ ၂၀၁၆ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့ နေ့လည်ပိုင်းတွင် မီးအိုး၊ဗျောက်အိုး၊မီးရှုး၊မီးပန်းရောင်း
ချသူများအား ပြည်မြို့နယ်အုပ်ချုပ်ရေးရုံးမှ လိုက်လံဖမ်းဆီးခဲ့ရကြောင်းသိရသည်။

အဆိုပါ မီးရှုး၊ မီးပန်းနှင့်ဗျောက်အိုးရောင်းချသောဆိုင်များအား ပြည်မြို့နယ်ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဒေါက်
တာစစ်အောင်လတ်ဦးစီးသော ပြည်အမှတ်(၁)ရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ရဲအုပ်ကျော်ဇင်ဦး ပူးပေါင်းအဖွဲ့
သည်သက်သေကျောင်းကြီးအိုတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ခင်၊ရာအိမ်မှူး ဦးအောင်သူတို့နှင့်အ
တူ ပြည်မြို့ကျောင်းကြီးအိုးတန်းရပ်ကွက် မီးရှုး မီးပန်းနှင့်အခြားအသံ မြည်ပေါက်ကွဲစေတတ်သော ပစ္စည်းများ
ရောင်းချ/သိုလှောင်၊ထုတ်လုပ်ထားခြင်းများအား လိုက်လံစစ်ဆေးခဲ့ရာ ပြည်အမှတ်(၁)နယ်မြေရဲစခန်းအပိုင် ပြ
ည်မြို့ကျောင်း/အိုးရပ်ကွက် ၊ညဈေးတန်းရှိ ဇော်ဦး(၃၀)နှစ် ဈေးရောင်း၏ ဆိုင်အတွင်းမှ မီးရှုး ၊မီးပန်းနှင့်ဗျောက်
အိုးများ ခန့်မှန်း(၃)သိန်းဖိုးကိုယ်လည်းကောင်း ၊ ပြည်မြို့မဈေးကြီး(၂)ရုံအတွင်းရှိ ဒေါ်မြင့်မြင့်ရွှေ(၆၀)နှစ်ဈေးေ
ရာင်း၏ ဆိုင်အမှတ်(၅၃၊၅၅၊၅၇)အတွင်းမှ မီးရှုး ၊မီးပန်းနှင့်ဗျောက်အိုးများ ခန့်မှန်း(၁၁)သိန်းခန့် ကိုယ် လည်း
ကောင်း ၊ပန်းတိမ်တန်းလမ်း၊မြို့မဈေးကြီးအနီးရှိ ကိုချက်ကြီး(ခ)ကိုသန့်ဇင်ဦး ဈေးရောင်း၏နေအိမ်အတွင်းမှ မီးရှုး ၊မီးပန်းနှင့်ဗောက်အိုးများခန့်မှန်း(၁၆)သိန်းခံ့ ကိုယ်လည်းကောင်း၊ကုန်သည်လမ်းနှင့်ပွဲစားတန်းထောင့်ရှိ
ဒေါ်နုနုလွင် ဈေးရောင်း၏ နေအိမ်အတွင်းမှ မီးပန်းနှင့်ဗျောက်အိုးများ ခန့်မှန်း(၁၆)သိန်းခန့်ကိုယ် လည်းကောင်း
အသီးသီးဖမ်းဆီးရပီခဲ့ကြောင်းသိရှိရသည်။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်မြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဒေါက်တာ စစ်အောင်လတ်မှ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ၂၀၁၆ စက်တင်ဘာ (၁၃)ရက်နေ့ရက်စွဲပါစာအမှတ်၅/၃
-၈/ဦး ၆ဖြင့် ထုတ်ပြန်ထားသော ဒေသန္တအမိန့်အမှတ်(၅/၂၀၁၆)အား လိုက်နာခြင်းမရှိဘဲ မီးရှုး/မီးပန်း၊
ဗျောက်အိုး၊မီးအိုးများ ဖြန့်ဖြူးရောင်းခသူ ဇော်ဦး ၊ ဒေါ်မြင့်မြင့်ရွှေ ၊ချက်ကြီး(ခ)သန့်ဇင်ဦး၊ဒေါ်နုနုလွင်တို့
အား အရေးယူပေးပါရန် တိုင်ကြားစာအရ ဇော်ဦးအားပြည်အမှတ်(၁)ရဲစခန်း ရဲအရေးပိုင်သည့် ပြစ်မှုအ
မှတ်စဉ်(၃/၂၀၁၆)ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့်လည်းကောင်း၊ဒေါ်မြင့်မြင့်ရွှေအား ရဲအရေးပိုင်သည့် ပြစ်မှုအ
မှတ်စဉ်(၄/၂၀၁၆)ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့်လည်းကောင်း၊ချက်ကြီး(ခ)သန့်ဇင်ဦး အားရဲအရေးပိုင်သည့် ပြစ်မှုအမှတ်စဉ်(၅/၂၀၁၆)ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့်လည်းကောင်း၊ဒေါ်နုနုလွင် အားရဲအရေးပိုင်သည့် ပြစ်မှုအမှတ်စဉ်(၆/၂၀၁၆)ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူဆောင်ရွက်
ခဲ့ပြီး အမှုများအား ဒုရဲအုပ် ဝင်းဇော်ထိုက်မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09- 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



0 comments:

Post a Comment

Facebook Like Page