Saturday, September 17, 2016

အမည်မသိလူ (၃)ဦးမှဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်၍ လက်ဝတ်ရတနာပစ္စည်းများနှင့်ဖုန်း လုယူထွက် ပြေးသွား

Leave a Comment

အမည်မသိလူ (၃)ဦးမှဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်၍
လက်ဝတ်ရတနာပစ္စည်းများနှင့်ဖုန်း လုယူထွက် ပြေးသွား

ပြည် စက်တင်ဘာ(၁၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင် ၊ပြည်မြို့တွင် စက်တင်ဘာ
(၁၇)ရက်နေ့ နံနက်(၄)နာရီကျော်ကျော်အချိန်ခန့် ၌့ငါးဒိုင်သို့
တစ်ဦးထဲလမ်းလျှောက်သွားသူအား ရိုက်နှက်၍ဝတ်ဆင်ထား
သော ရွှေနှင့်ဖုန်း လုယက်ခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့၊ န၀င်းရပ်ကွက်၊ ပြည်တော်သာရပ်နေ ဦး
သန်းဌေးဦး ( ၅၅ ) နှစ် (ဘ)ဦးမောင်ကြိုင်၊ ငါးဒိုင်လုပ်ငန်းလုပ်
ကိုင်သူသည် နေအိမ်မှနေ၍ ပြည်မြို့မဈေးကြီးရှိ ငါးဒိုင်သို့ ရွှေ
တစ်ချောင်းလမ်းအတိုင်းလမ်းလျှောက်သွားစဉ် ပြည်မြို့၊ ရွှေကူ
ရပ်ကွက်၊ ရွှေတစ်ချောင်းလမ်း နှင့် ပန်းဘဲတန်းလမ်းထောင့်အေ
ရာက် ( ပြည် ၁ ရဲစခန်းအနောက်ဘက် ၂ ဖာလုံခန့်၌ အမည်မ
သိလူ( ၃) ဦးစီးနင်းလိုက်ပါလာသော ဆိုင်ကယ်(၁)စီး ( ဆိုင်က
ယ် အမျိုးအစား မသိ၊ ဆိုင်ကယ်နံပါတ်ပြားမပါ) နောက်မှလိုက်
လာပြီး ထိုအမည်မသိလူ(၃)ဦးမှ ဦး သန်းဌေးဦးအား ဆိုင်ကယ်
ပေါ်မှဆင်း၍ လေထိုးတံဖြင့် ရိုက်နှက်ထွက်ပြေးသွားသဖြင့် ဦး
သန်းဌေးဦးမှ နေအိမ်သို့ဖုန်းဆက် အကြောင်းကြားရင်းဆက်၍ လမ်းလျှောက်လာခဲ့ရာ ပြည်မြို့၊ ရွှေကူရပ်ကွက်၊ လမ်းမတော်လမ်း
နှင့် လက်သမားလမ်းထောင့် ရွှေနှင်းဆီ စက်ပစ္စည်းဆိုင်ရှေ့ အေ
ရာက်၌ ၄င်းလူ(၃)ဦးထပ်မံရောက်ရှိလာကာ ထပ်မံဝိုင်းဝန်းထိုးကြိတ်
ရိုက်နှက်ပြီး ဦးသန်းဌေးဦး ၀တ်ဆင်ထားသော ရွှေထည်ပစ္စည်းများ
နှင့်ဖုန်းအား လုယူသွားခဲ့ကြောင်း ရဲမှတ်တမ်းအရသိရှိရသည်။

အဆိုပါလုယက်ခံရသော ပစ္စည်းများမှာ -(၄)ကျပ်ခွဲသားခန့်ရှိရွှေလ
က်ကောက် (၁)ကွင်း ( ၂၇၀၀၀၀ိ/- ) ခန့်၊န၀ရတ်(၉)သွယ် လက်စွပ်
(၁)ကွင်း ( ၈၀၀၀၀၀ိ/- ) ခန့်၊ငါးမူးသားစိန်လက်စွပ် (၁)ကွင်း ( ၅၀၀
၀၀၀ိ/- ) ခန့်၊ပတ္တမြားလက်စွပ် (၁)ကွင်း ( ၃၀၀၀၀၀ိ/- ) ခန့်၊နှစ်ကျပ်ခွဲ
သားခန့်ရှိ ကီလိုရွှေဆွဲကြီုး (၁)ကုံး ( ၁၅၀၀၀၀၀ိ/- ) ခန့် ၊0996269
8525 Ooredoo ဆင်းကဒ်ထည့်ထားသည့် ( ၁၅၀၀၀၀ိ/- ) ခန့် ၊PH
Like Huawei အမျိုးအစားဟန်းဆက် (၁)လုံး စုစုပေါင်းတန်ဖိုး ( ၅၉၅
၀၀၀၀ိ/- ) ခန့် လုယူခံရကြောင်းစစ်ဆေးတွေ့ရှိရသည်ဆို၏။
ထို့အပြင် အခင်းဖြစ်စဉ်က အမည်မသိလူ (၃)ဦး၏ ထိုးကြိတ်ရိုက်နှက်
မှုကြောင့် ဦးသန်းဌေးဦးတွင် ဦးခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာ (၂)
ချက်၊ နဖူးပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ခန္တာကိုယ်နာကျင်ဒဏ်ရာ၊ အပေါ်
နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ (၁)ချက်တို့ ရရှိခဲ့ပြီး ပြည်သူ့ဆေးရုံကြီးမှတ
ဆင့် ရန်ကုန်ဆေးရုံကြီးတွင်တက်ရောက်ဆေးကုသမှုခဲ့ယူလျှက်ရှိကြောင်း။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးသန်းဌေးဦးအား ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်ပြီး
ပစ္စည်းများအား လုယူထွက် ပြေးသွားသူ အမည်မသိလူ (၃)ဦးအား ဥပေ
ဒအရ အရေးယူပေးရန် ဦးသန်းဌေးဦး၏ ဇနီးဖြစ်သူ ဒေါ်ခင်ချိုဌေး၊ငါးဒိုင်
လုပ်၊ ပြည်တော်သာရပ်၊ န၀င်းရပ်ကွက်၊ ပြည်မြို့နေသူမှ တရားလိုပြုလုပ် 
တိုင်တန်းလာသဖြင့် ပြည် (၁) နမစ (ပ) ၁၄၆၁/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်
မ ၃၈၆ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုအား ရဲအုပ်ကျော်ဇင်ဦးမှ လက်ခံ 
စစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်းသိရှိရပြီး ၊အမှုမှ ကျူးလွန်သူ တရားခံ
များအား အမြန်ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်၊

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page