ပိတောက်သစ်ခွဲသားများ
တင်ဆောင်လာသောကား ပေါင်းတည်မြို့တွင်
ဖမ်းမိပြန်ပေါ့
ပေါင်းတည်မြို့ သြဂုတ်(၁၃)ရက်နေ့
ပိတောက်သစ်ခွဲသားများတင်ဆောင်လာသော
ကားတစ်စီးအား
ပေါင်းတည်မြို့ ရန်ကုန်-ပြည် လမ်းမပေါ်
ဘိုးသာအောင်ကုန်းတံ
တားထိပ်တွင် သြဂုတ်(၁၃)ရက်နေ့ နံနက်၌
ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊
ပေါင်းတည်မြို့မရဲစခန်းမှနယ်ထိန်း
ခေါင်းဆောင်ဒုရဲအုပ်အေးစိုး
၊မြို့နယ်သစ်တောဦးစီးမှူး ဦးသိန်းသန်းစိုး
တို့အဖွဲ့သည်
သက်သေများနှင့်အတူသတင်းအရ ပေါင်းတည်မြို့၊မြို့မရဲ
စခန်းတောင်ဘက်
၊ပေါင်းတည်မြို့ဘိုးဘွားအောင်ကုန်းအုပ်စု ၊ရန်ကုန်-
ပြည်ကားလမ်းမပေါ်ရှိ
ဘိုးသာအောင်ကုန်းတံတားထိပ်တွင်ယာဉ်ပိတ်
ဆို့ရှာစစ်ဆေးနေစဉ်
ပြည်-ရန်ကုန်ကားလမ်းအတိုင်း မြောက်မှတောင်
သို့ ယာဉ်မောင်း
မျိုးလှိုင်(ခ)ကိုမင်း(၂၈)နှစ်၊(ဘ)ဦးစိန်ထွန်းရီ၊တောင်သ
မန်အင်းရွာ၊အမရပူရမြို့နယ်၊မန္တလေးတိုင်းဒေသကြီးနေသူမောင်းနှင်ပြီး
ယာဉ်နောက်လိုက်လှိုင်မင်းဦး(ခ)မင်းမင်း(၂၉)နှစ်(ဘ)ဦးသန်းထွန်း၊သမ္မ
တောရွာ၊ပုသိမ်ကြီးမြို့နယ်၊
မန္တလေးတိုင်းဒေသကြီးနေသူလိုက်ပါလာသ
ည့် 7B/.......
NISSANDLESEL(အပြာရောင်)၊(၁၂)ဘီးယာဉ်၏အနော
က်ခန်းတွင် စပါးခွံအိတ်များဖြင့်
ဖုံးထားသော တရားမဝင်ပိတောက်သစ်
ခွဲသားဆိုဒ်စုံ(၅၀)တုံး၊စုစုပေါင်း(၃၉၁.၈၆)ကုဗပေ၊(၇.၈၃၇၂)ကုဗတန်၊
ကာလတန်ဘိုး
(၁၉၅၉၃၀၀ိ/)ခန့်အားတွေ့ရှိ၍သိမ်းဆည်းခဲ့ကြောင်းသိ
ရသည်။
ထို့ကြောင့်ပိတောက်သစ်ခွဲသားများအား
တရားမဝင်သယ်ဆောင်သူ မျိုး
လှိုင်(ခ)ကိုမင်းနှင့်လှိုင်မင်းဦး
(ခ)မင်းမင်းတို့အား အရေးယူပေးပါရန် ဒုရဲ
အုပ်အေးစိုးမှတရားလိုပြုလုပ်တိုင်ကြားချက်အရ
ပေါင်းတည်မြို့မရဲစခန်း
(ပ)၅၆၇/၂၀၁၆၊သစ်တောဥပဒေပုဒ်မ
၄၂(ခ)ဖြင့်အမှုဖွင့်ထားရှိကာအမှု
အား
ဒုရဲအုပ်လမင်းဖြိုးမှလက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
0 comments:
Post a Comment