Monday, June 13, 2016

ငါးရက်ဆက်တိုက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်မြို့အတွင်းနေအိမ်နှစ်လုံးပြိုကျခဲ့ပြီးနေအိမ်တစ်ချို့ဘေးလွှတ်ရာပြောင်းရွေ့ထားရ

Leave a Comment
ငါးရက်ဆက်တိုက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်မြို့အတွင်းနေအိမ်နှစ်လုံးပြိုကျခဲ့ပြီးနေအိမ်တစ်ချို့ဘေးလွှတ်ရာပြောင်းရွေ့ထားရ
ပြည်၊ဇွန်၊၁၁
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင် ငါးရက်ဆက်တိုက်မိုးသီးထန်စွာရွာသွန်းမှုကြောင့် ပြည်မြို့အတွင်းရှိ မြေနိမ့်ရာရပ်ကွက်များ၊ကတ္တ့ရာလမ်းမကြီးများရေကြီးရေလျှံ၍ လူနေအိမ် နှစ်လုံးပြိုကျပျက်စီးခဲ့ရပြီး ကွမ်းယာဆိုင်တစ်ခုပြိုကျပျက်စီးခဲ့ရကြောင်းသိရသည်။
ပြီးခဲ့သည့် ဇွန်-၆ရက်နံနက်မှစတင်ကာရွာသွန်းခဲ့သည့်မိုးကြောင့် ပြည်မြို့အတွင်းရှိ မြို့ပေါ်ဆယ်ရပ်ကွက်တွင် ရွာဘဲရပ်ကွက်၊န၀င်းရပ်ကွက်၊ဆံတော်ရပ်ကွက်၊ဆင်စုရပ်ကွက်၊တရုတ်စုရပ်ကွက်၊ချင်းစုရပ်ကွက်၊ဖိုးခေါင်ရပ်ကွက်စသည့်ရပ်ကွက်များအတွင်း မိုးသီးထန်စွာရွာသွန်းမှုကြောင့် ရေးကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရကြောင်းသိရသည်။
“မိုးကအဆက်မပျက်ရွာနေတာ။ရေထွက်ပေါက်မြောင်းကမြှင့်နေတော့ရေကမထွက်ဘူး။နေအိမ်ငါးလုံးကတော့ဘယ်လိုမှနေလို့မရတော့လို့ကုန်းမြှင့်တဲ့ရပ်ကွက်ကဘုန်းတော်ကြီးကျောင်းမှာသွားနေကြရတယ်။အိမ်အောက်ထပ်တစ်ခုလုံးရေနစ်ကုန်ပြီ။ရေကတဖြေးဖြေးပိုကြီးလာလို့ကူညီပေးကြပါအုံး။ကျောင်းသားကလေးတွေ ၀မ်းလျောဝမ်းပျက်ငါးယောက်လောက်စဖြစ်နေပြီ။သွားလာရတာနဲ့စားသောက်စရာကအစအကုန်အခက်အခဲတွေအများကြီးဖြစ်နေပါတယ်။”ဟု ပြည်မြို့ ရွာဘဲရပ်၊စည်ကြီးစွဲတောင်ပိုင်း၊အောင်သစ္စာလမ်းရှိ ကိုရွှေသွေး-ကပြောသည်။
အဆိုပါမိုးသီးထန်စွာရွာသွန်းခဲ့မှုကြောင့် ရွာဘဲရပ်ကွပ်အတွင်းရှိနေအိမ်ငါးဆယ်ခန့် နှင့် ချင်းစုတာရိးရပ်ကွက်အတွင်းရှိ နေအိမ်ဆယ်လုံးခန့်မှာရေကြီးမှုဒဏ်ကိုခံစားနေရသဖြင့် ရွာဘဲရပ်ကွက်၊စည်ကြီးစွဲတောင်ပိုင်း၊အောင်သစ္စာလမ်းရှိ နေအိမ်ငါးလုံးကျော်ဘေးလွှတ်ရာဘုန်းတော်ကြီးကျောင်းအတွင်းပြောင်းရွေ့ထားခဲ့ရပြီး ရွာဘဲရပ်ကွက်အတွင်းရှိ စည်တော်မင်္ဂလာရပ်ကွက်အတွင်းမှာ နေအိမ်နှစ်လုံးပြိုလဲကျခဲ့ရကြောင်းသိရပြီး ဆံတော်ရပ်ကွက်အတွင်းရှိ ကွမ်းယာဆိုင်တစ်ဆိုင်မှာလည်း ပြိုကျပျက်စီးခဲ့ရကြောင်းသိရပြီး ပြည်တက္ကသိုလ်အတွင်းမှာလည်း ရေကြီးမှုများဖြစ်ပေါ်လျှက်ရှိနေသဖြင့် ကျောင်းသားကျောင်းသူများ သွားလာရေးကအစခက်ခဲလျှက်ရှိနေကြောင်းသိရသည်။
“ပထမဆုံးလုပ်နေတာက အခုရေတွေကို စက်အား လူအားနဲ့ စုပ်ထုပ်သင့်တာတွေစုပ်ထုတ်နေပြီ။ မြစ်ထဲကိုတိုက်ရိုက်သွားတဲ့မြောင်းမကြီးတွေထဲကို ဖောက်ချရဖို့နေရာအခုလိုက်ကြည့်နေပါပြီ။ အခုလုပ်နေတုံးမှာလဲမိုးက အဆက်မပြတ်ရွာနေတော့ နဲနဲကျန့်ကြာမှုလေးတွေတာ့အနည်းငယ်ရှိပါတယ်။ရေကလောလောဆယ် လျော့နည်းအောင်ပဲလုပ်လို့ရအုံးမယ်။အစည်းအဝေးတွေကိုစည်ပင်ရယ်၊ရပ်ကွက်အလိုက်အုပ်ချုပ်ရေးမှူးတွေရယ်ခေါ်ယူပြီးဖြေရှင်းဆောင်ရွက်စရာတွေလဲရှိနေပါတယ်။ပွင့်လင်းရာသီရောက်မှရေမြောင်းတွေပြန်တူးတာပြန်ဖော်တာတွေလုပ်ဆောင်ရပါမယ်။”ဟု ပြည်မြို့နယ် တိုင်းဒေသကြီးလွှတတော်ကိုယ်စားလှယ်-ဦးကျော်ဇေယျ-ကပြောသည်။
အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လွှတ်တော်ကိုယ်စားလှယ်များနှင့်ပြည်မြို့နယ်စည်ပင်သာယာရေးဌာနမှတာဝန်ရှိသူများရပ်ကွပ်အုပ်ချုပ်ရေးမှူးများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ဇွန်-၁၀ရက်နေ့ ပြည်မြို့မိုးရေချိန်အမှတ်-၁.၄၂-လက္မ ရှိခဲ့ပြီး ဇွန်-၁၁-ရက်နေ့တိုင်းတာချက်အရ ပြည်မြို့မိုးရေချိန်အမှတ်သည် ၅.၉၀-လက္မအထိဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ပြည်မြို့တွင်းမိုးများ အဆက်မပျက်ဆက်လက်ရွာသွန်းလျှက်ရှိကြောင်း ပြည်မြို့ မိုးလေ၀သ နှင့် ဇလဗေဒခန့်မှန်းချက်ရုံးမှသိရသည်။
ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ-K3(pyay)
ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)




0 comments:

Post a Comment

Facebook Like Page