Monday, June 13, 2016

ထုံးဘိုမြို့ပေါ်ဒေသများရေကြီးနစ်မြှပ်

Leave a Comment


အဆက်မပျက်မိုးရွာသွန်းမှု နှင့် တောင်ကျရေစီးဆင်းမှုကြောင့် ထုံးဘိုမြို့နှင့်ပတ်ဝန်ကျင်ရှိကျေးရွာများရေကြီးနစ်မြှပ်မှုဖြစ်ပေါ်
ထုံးဘို၊၁၂
ပဲခူးတိုင်းဒေသကြီး၊ထုံးဘိုမြို့နယ်အတွင်း ၂-ရက်ဆက်တိုက် အဆက်မပျက်မိုးရွာသွန်းမှုကြောင့် ကျေးရွာအုပ်စုပေါင်းများစွာနှင့် ထုံးဘိုမြို့ပေါ် ၈-ရပ်ကွက်ရှိရာ မြို့ပေါ် ၅-ရပ်ကွက်မှာ ရေးကြီးနစ်မြှပ်မှုဒဏ်ကိုခံစားနေရပြီး ထိုးဘိုမြို့နယ်အတွင်းရှိ ကျေးလက်တံတား ၃-စင်းရေထဲမျှောပါသွားခဲ့ရကြောင်းသိရသည်။
ပြီးခဲ့သည့် ဇွန်-၉ရက်နေ့မှစတင်ကာရွာသွန်းခဲ့သည့်မိုးရေနှင့်တောင်ကျရေများအဆမတန်ကျဆင်းခဲ့၍ ပုသိမ်-မုံရွာလမ်းမကြီး မှတဆင့် ထုံးဘိုမြို့သို့ဝင်ရာလမ်းတစ်လျှောက်ကတ္တရာလမ်းမများရေကျော်၍ ထုံးဘိုမြို့ အကောက်တောင်သို့သွားရာလမ်းတစ်လျှောက်တစ်မိုင်ကကျော်ခန့်တွင် ကတ္တရာလမ်းအပေါ် ၄-ပေခန့်ရေကျော်မှုများကြောင့် ဒေသခံများ နှင့် ဘုရးဖူးလာပြည်သူတွေ အခက်ခဲများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
“ပထမရေတွေအတော်များများကျလာတယ်။ချောင်းနားမှာနေရတာဆိုတော့ တစ်ညလုံးအိပ်မပျော်ခဲ့ဘူး။နှစ်ရက်ဆက်တိုက်မိုးကအရမ်းရွာတာ။နံနက်လင်းအားကြီးချိန်မှာချောင်းထဲက၀ုန်းကနဲဆိုတဲ့အသံကြောင့်ထွက်ကြည့်ကြတာ။တံတားကရေကိုကျွတ်ထွက်ပြီးအကုန်မျှောသွားတယ်။ချောင်းကမ်းပါးတွေလဲပြိုကျနေတယ်။အခုထိဆက်ပြိုနေတုန်းပဲ။နေအိမ်ကချောာင်းကမ်းစပ်မှာဆောက်ထားတော့အခုအကုန်ဖျက်ပြီးပုံထားရတယ်။မိသားစုကတော့ အဖေတွေအမေတွေအိမ်မှာအကုန်ပြောင်းနေရတယ်။ခတ္တိယတံတားအပြင်း ကျန်တဲ့တံတား ၂-စင်းလဲရေထဲပါသွားပြီ။ဘယ်သူမှတော့ခုထိကူညီမှုမရသေးပါဘူး။”ဟု နေအိမ်ဖျက်၍ ပုံထားရသူ ခတ္တိယရပ်ကွက်၊ထုံးဘိုမြို့နေထိုင်သူ ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ထုံးဘိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုတို့ကြောင့် ခတ္တိယရွာမှနေအိမ်သုံးလုံးဖျက်သိမ်းထားရပြီးနှင့် ယင်းခတ္တိယရွာ နှင့် ထုံးဘိုမြို့သို့ဆက်သွယ်ထားသည့် ခတ္တိယတံတား ၁-စင်း၊ထောက်ကြန့်ကုန်းအုပ်စုတွင် တံတား ၁-စင်း၊သုံးတန်းရပ်ကွက် နှင့် အလယ်တန်းစာသင်ကျောင်းတစ်ခုအား ဆက်သွယ်ထားသည့် တံတား ၁-စင်း စုစုပေါင်း တံတား ၃-စင်း နှင့် ထန်းပင်ကွင်းကျေးရွာရှိ နေအိမ် ၃-လုံးတို့မှာ ရေထဲမျှောပါသွားခဲ့ရကြောင်းသိရသည်။ အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုတို့ကြောင့် ထုံးဘိုမြို့နယ်အတွင်းရှိ လယ်ဧကပေါင်းများစွာ ရေနစ်မြှပ်ပျက်စီးခဲ့ရကြောင်းသိရပြီး သက်ဆိုင်ရာဌာနတွေ စာရင်းဇယားအတိအကျကောက်ခံလျှက်ရှိနေကြောင်းသိရပြီး စာရင်းဇယားအတိအကျထုတ်ပြန်မှုမရရှိသေးကြောင်း သက်ဆိုင်ရာဌာနများမှသိရသည်။
ထုံးဘိုကိုသွားတဲ့လမ်းကကတ္တရာလမ်းမှာတစ်မိုင်ကျော်ရေတွေကြီးနေတယ်။ကားဆိုင်ကယ်ဘာမှသွားမရဘူး။လူတွေတောင်အဖွဲ့လိုက်မနည်းဖြတ်ကူးနေရတယ်။ရေစီးကအရမ်းသန်နေတာ။
“အရင်နှစ်တွေကခုလောက်တော့မဖြစ်ဘူး။အနည်းငယ်လောက်ပဲဖြစ်ပါတယ်။အခုအကုန်ဒုက္ခရောက်နြေ့တယ်။ဆေးရုံရဲစခန်းကအစရေတွေကြီးနေပါတယ်။လမ်းပေါ်မှာရေတွေကြီးနေလို့ ရေစီးကြမ်းလို့ လူတွေတောင်မနည်းဖြစ်နေရပါတယ်။သွားလာရေးဒုက္ခရောက်သလို၊စားဝတ်နေရေးတွေပါအကုန်အခက်ခဲဖြစ်နေပါတယ်။ရွာကလူအချင်းချင်းနဲ့ထုံးဘိုမြို့ပေါ်က ထမင်းထုတ်အလှူရှင်တွေတော့ လာလှူကြပါတယ်။ကျောင်းသားတွေ ကျောင်းတက်ဖို့အခက်ခဲတွေဖြစ်နေတယ်။သက်ဆိုင်ရာလူကြီးတွေကူညီပေးစေချင်ပါတယ်။”ဟု ထုံးဘိုမြို့၊မဟာအတုလအနန္ဒမုနိဘုရားကြီးပေါ်ရှိ ကယ်ဆယ်ရေးစခန်းမှာနေထိုင်သူ တစ်ဦးကပြောသည်။
အဆိုပါထုံးဘိုမြို့အတွင်းမှာရှိသည့် မြို့ပေါ် ၅-ရက်ကွက် နှင့် စမ်းဝအုပ်စုတွင် အိမ်ခြေပေါင်း ၂၈၀-ခန့်၊ကုန်းကလေးအုပ်စုမှာ အိမ်ခြေပေါင်း ၃၀၀-ခန့်၊တုန်ကင်းအုပ်စုမှာ အိမ်ခြေပေါင်း ၃၅၀-ခန့်၊ထောက်ကျန့်ကုန်းအုပ်စုတွင် အိမ်ခြေပေါင်း ၇၀-ခန့်၊ကျီးတောအုပ်စုတွင် အိမ်ခြေပေါင်း ၁၀၀-ခန့်၊လှည်းကူးအုပ်စုတွင် အိမ်ခြေပေါင်း ၁၇၀-ခန့်နှင့် ကျန်သည့်ကျေးရွာအုပ်စုတော်တော်များများတွင်လည်းရေကြီးနစ်မြှပ်မှုဒဏ်ကိုခံစားနေရပြီးပဲကြီးချောင်းပတ်ဝန်းကျင်ဒေသရှိကျေးရွာတွေမှာ ရွာလုံးကျွတ်ရေနစ်မြှပ်မှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ထုံးဘိုမြို့နယ်အတွင်း လက်ရှိရေကြီးနစ်မြှပ်မှုများကြောင့် ဒေသခံ ၁၃၀-ခန့်ကို ကုန်းမြှင့်များ၊နှင့် နီးစပ်ရာဘုရားစေတီ၊ဘုန်းတော်ကြီးကျောင်းများမှာ ကယ်ဆယ်ရေးစခန်းအနေဖြင့် ထုံးဘိုမြို့နယ်အတွင်း ၅-နေရာခန့်မှာဖွင့်လှစ်ထားရှိကာ ကျောင်းသားကလေးငယ်များကျောင်းတက်ဖို့အခက်ခဲများဖြစ်ပေါ်လျှက်ရှိကာ ဒေသခံများစားဝတ်နေရေးအဆင်မပြေမှုများကြုံတွေနေရလျှက်ရှိကြောင်း ဒေသခံများထံကသိရသည်။
ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ-K3(pyay)
ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)












0 comments:

Post a Comment

Facebook Like Page