Tuesday, June 14, 2016

ပြည်သူအပေါ် အလေးထားကာ ပြည်သူတွေအသက် အကြောင်းမဲ့မသေရအောင် ကြိုတင်ကာကွယ်ခြင်းဖြင့်ပူးပေါင်းဆောင်ရွက် ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

ပြည်သူအပေါ် အလေးထားကာ ပြည်သူတွေအသက် အကြောင်းမဲ့မသေရအောင်
ကြိုတင်ကာကွယ်ခြင်းဖြင့်ပူးပေါင်းဆောင်ရွက်


ပြည် ဇွန်(၁၄)ရက်နေ့
ယခင်လအနည်းငယ်က လမ်းဘေးသစ်ပင်များလဲကျမှုကြောင့် ပြည်မြို့
စကားတောင်ရပ်ကွက်နေသူ အပြစ်မဲ့ပြည်သူတစ်သီး သေဆုံးခဲ့ရပြီးတစ်
ဦးဒဏ်ရာရရှိခဲ့ပါသည်။

ထို့ကြောင့် ယခုအခါ လွန်ခဲ့သောရက်များက မိုးအဆက်မပြတ်ရွာသွန်း
မှုကြောင့် အောက်ခြေမြေသားများ ပွလာပြီး ပြည်-ရန်ကုန်ကားလမ်းေ
ဘးရှိ လမ်းဘေးသစ်ပင်အချို့လမ်း ဘက်သို့ယိုင်လာသဖြင့် အပြစ်မဲ့ပြည်
သူများ သဘာဝဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုမဖြစ်ရလေအောင်
ရည်ရွယ်၍ ၁၄•၆•၂၀၁၆ ရက်နေ့ နံနက်(9:00)နာရီအချိန်မှစတင်ကာပြည်
မြို့ ၊နဝဒေးတံတားအနီး၊ ပြည်-ရန်ကုန်ကားလမ်းမကြီးပေါ်၌လမ်းဘေးသစ်
ပင်များလဲပြိုမကျခင် ပြည်မြို့အရန်မီးသတ်တပ်ဖွဲ့များဖြစ်သော ဆံတော်၊ဆေး
ရေး၊ရွှေကူ၊ကျောင်းကြီးအိုးတန်း(၁)မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပရဟိတအဖွဲ့များ
ဖြစ်သော ခေတ္တရာလူငယ် သာရေး/နာရေးအသင်း၊မိုးမေတ္တာနာရေးကူညီမှု
အသင်း ၊ ပြည်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ဆက်သွယ်ရေးအဖွဲ့များ၊လွှတ်တော်
ကိုယ်စားလှယ်များ ၊ မြို့နယ်အုပ်ရေးအဖွဲ့ဝင်များ သစ်ပင်ခုတ်လှဲခြင်းများလုပ်
ကိုင်ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ အဖွဲ့အသီးသီးမှပြည်သူ့အကျိုးပြုလုပ်ငန်းအားဆောင်ရွက်ခဲ့သ်ာလည်း
ပြည်သူ့လခစား အစိုးရမီးသတ်တပ်ဖွဲ့ဝင်များနေ့လည် (၁း၀၀)နာရီထိုးတဲ့အချိန်
အထိ အဆိုပါပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်ဆောင်ရွက်ရာနေရာသို့ ရောက်ရှိလာ
ခြင်းမရှိပါ။ ၄င်းအဖွဲ့အစည်းမှတာဝန်ရှိလူကြီးမင်း မသိ၍လားတာဝန်မရှိလို့လား
ဆိုတာ မသိရပေမဲ့ပြည်သူတစ်ယောက်အနေဖြင့်စိတ်မကောင်းဖြစ်ရသည်မှာ အ
မှန်ပါပဲ။

ထို့ကြောင့် အရန်မီးသတ်သမားနှင့်အရပ်ဘက် လူမှုအဖွဲ့အစည်းများ လုပ်မှားကိုင်
မှားရှိလာရင်လဲ မိဘပြည်သူများအနေဖြင့် နားလည်ခွင့်လွတ်ပေးကျပါရန် အပြုသေ
ဘာဆောင်ကာ ရေးသားဖော်ပြ လိုက်ပါသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်စုံ








0 comments:

Post a Comment

Facebook Like Page