အကြင်လင်မယားအဖြစ် တရားဝင်ကွာရှင်းပြတ်စဲခြင်းမရှိဘဲ
နောက်အိမ်ထောင်ပြုသွားသူ ဇနီးဖြစ်သူအား အရေးယူပေးပါ
ရန် အမှုဖွင့်တိုင်ကြား
ဝက်ထီးကန် - မတ်လ ( ၁ )ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ သစ်ချိုပင်အုပ်စု၊
ကန်စုကျေးရွာတွင် နေထိုင်သူ အမျိုးသား တစ်ဦးမှ
အကြင်လင်မယားအဖြစ် တရားဝင်ကွာရှင်းပြတ်စဲခြင်း
မရှိဘဲ နောက်အိမ်ထောင်ပြုသွားသူ ဇနီးဖြစ် သူအား
ကာမပိုင်လင်ယောက်ျားမှ အရေးယူပေးပါရန် အမှုဖွင့်
တိုင်ကြားခဲ့ကြောင်းသိရသည်။
ဝက်ထီးကန်နယ်မြေ၊ သစ်ချိုပင်အုပ်စု၊ ကန်စုကျေးရွာ
နေ ကိုဇင်မင်းထက်(၂၅)နှစ်၊ (ဘ)ဦးကျော် ဇင်၊ တောင်
သူလုပ်သူသည် ၂၀၁၀-ခုနှစ်အတွင်းတွင် တစ်ရွာတည်း
နေ မဇာခြည်ဝင်း(ခ)ညိုပြာ(၂၂)နှစ်၊(ဘ)ဦးထွန်းညွန့်၊
ကျပန်းလုပ်သူနှင့် အိမ်ထောင်ပြုခဲ့ပြီး မိဘများနှင့်ခွဲကာ
သီးခြားနေအိမ်ဖြင့် နေထိုင်လာခဲ့ သည်ဆို၏။
ထိုသို့ နေထိုင်လာခဲ့ရာမှ လွန်ခဲ့သော(၃)လခန့်တွင်
လင်မယားချင်းအလုပ်ကိစ္စဖြင့် စကားများရန် ဖြစ်ရာမှ
ဇနီးဖြစ်သူ မဇာခြည်ဝင်း(ခ)ညိုပြာမှာ ၄င်း၏မိဘများရှိ
ရာ နေအိမ်သို့ပြန်လည်နေထိုင်ခဲ့စဉ် ဖုန်းနှင့် ဆက်သွ
ယ်ပြီး တစ်ခါတစ်ရံအပြင်၌ နှစ်ဦးသားတွေ့ဆုံကြကြောင်း၊
၂၀၁၅-ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကိုဇင်မင်းထက်သည်
မူဆယ်မြို့၊ ကြယ်ခေါင်တွင် အလုပ်သွားရောက်လုပ်ကိုင်
နေစဉ် အစ်မ၀မ်းကွဲတော်သူ မမူလေးမှ ၂၀၁၆-ခုနှစ်၊ ဇန်
န၀ါရီလ(၂၇)ရက်နေ့တွင် ဖုန်းမက်ဆေ့ခ်ျပို့ပြီး မဇာခြည်
ဝင်းသည် ပေါက်ခေါင်း မြို့နယ်၊ ဂတ်အစ်ကုန်းကျေးရွာနေ
လင်းလင်း(ခ)အောင်စိုးလင်း(၃၀)နှစ်၊ (ဘ)ဦးဥာဏ်အောင်၊
ကျပန်းလုပ်သူ (လူပျို)နှင့် ၂၀၁၆-ခုနှစ်၊ ဇန်န၀ါရီလ(၁၄)ရ
က်နေ့ နေ့လည်(၁း၀၀)နာရီခန့် ခိုးရာလိုက်ပြေးသွားကြောင်း
မက်ဆေ့ခ်ျပို့၍ သိရှိရသဖြင့် ပြန်လာခဲ့ပြီးစုံစမ်းရာ မဇာခြည်
ဝင်းနှင့် အောင်စိုးလင်းတို့သည် ဂတ်အစ်ကုန်းကျေးရွာတွင်
အတူတကွ အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြ
ကြောင်း သိရှိရသည်ဟုဆို၏။
ထို့ကြောင့် အကြင်လင်မယားအဖြစ် တရားဝင်ကွာရှင်းပြတ်စဲ
ခြင်းမရှိဘဲ နောက်အိမ်ထောင်ပြုသွား သူ မဇာခြည်ဝင်း(ခ)ညို
ပြာ အားအရေးယူပေးပါရန် ဇင်မင်းထက်မှ တရားလိုပြုလုပ်တိုင်
တန်းချက်အရ ၀က်ထီးကန်နယ်မြေ ရဲစခန်း(ပ)၁၂/၂၀၁၆၊ တစ်
လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ-၁၃ ဖြင့်အမှု
ဖွင့်အရေးယူထားရှိကာ အမှုအား ဒုရဲအုပ် ဌေးလွင်မှ လက်ခံစစ်ေ
ဆးလျှက်ကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09-423671883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
0 comments:
Post a Comment