Sunday, February 7, 2016

ပြည်

Leave a Comment


SR International Education Exhibition 2016 အခမ်းအနားပွဲ အားကျင်းပပြုလုပ်



ပြည် ဖေဖော်ဝါရီ ၆



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ကမ်းနားလမ်းရှိ ဧရာဦးခန်းမတွင် ဖေဖော်ဝါရီ ၆-ရက်နေ့ နေ့လည် ၂-နာရီချိန်ခန့်မှစတင်ကာ  SR Worldwide Education(SR WWE)မှ ကြီးမှူး၍ SR International Education Exhibition 2016 အခမ်းအနားပွဲ အားကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။



အဆိုပါ SR WWE သည်မြန်မာကျောင်းသား ကျောင်းသူများကို မှန်ကန်သောပညာရေးလမ်းကြောင်းများ ရွေးချယ်ရာတွင် အကောင်းဆုံးအကြံပေးလမ်းညွှန်လျှက်ရှိပြီး နိုင်ငံတကာမှ တက္ကသိုလ်များ နှင့် ချိတ်ဆက်ပေးရန် နှင့် ပညာသင်ဆုများ၊ပညာသင်ထောက်ပံ့ကြေးများ၊ကျောင်းလျောက်လွှာကြေးကင်းလွတ်ခွင့် စသည့် အခွင့်အလမ်းများပေးရန် ရည်ရွယ်ချက်များများဖြင့် အဆိုပါအခမ်းအနားပွဲအား ကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရသည်။



အဆိုပါပြပွဲတွင် UK, U.S.A, Australia, New Zealand, Canada, Singapre, Janpan, Thailand စသည့် နိုင်ငံပေါင်း ၈-နိုင်ငံမှ တက္ကသိုလ်ပေါင်း ၁၂၀-ကျော်လာရောက်ပြသခဲ့ပြီး UK ၏ TOP (10) စာရင်းဝင်တက္ကသိုလ်များ၊Australia နိုင်ငံ၏ G 8 စာရင်းဝင် တက္ကသိုလ်များ နှင့် တခြား နိုင်ငံတကာ တက္ကသိုလ်များ ပါဝင်ပြသခဲ့ကြောင်းသိရသည်။



အဆိုပါ အခမ်းအနားပြပွဲသို့ လာရောက်ပြသသည့် တက္ကသိုလ်များမှလည်း စီးပွားရေး၊နည်းပညာ၊အင်ဂျင်နီယာ၊ဆေးပညာ၊မီဒီယာ၊ပညာရေး၊ဟိုတယ် နှင့် ခရီးသွားလာရေး၊ဂီတ နှင့် အကပညာ၊ဖက်ရှင် နှင့် ဒီဇိုင်း၊၀ိဇ္ဇာ နှင့် သိပ္ပံ အစရှိသည့် ဘာသာရပ်ဆိုင်ရာ ဒီပလိုမာ၊ဘွဲ့၊မဟာဘွဲ့များကို လေ့လာနိုင်မည့် အခွင့်အရေးများ၊ABG/HND/LCCI Level III/IADCS အောင်မြင်ထားသူများအတွက် တက္ကသိုလ် နောက်ဆုံးနှစ်ကို Top-Up အစီစဉ်ဖြင့် တက်ရောက်နိုင်မည့် အခွင့်အလမ်းများ၊ပညာသင်ဆုများ၊ပညာသင်ထောက်ပံ့ကြေးများ၊ကျောင်းလျောက်လွှာကြေးများ ကင်းလွတ်ခွင့် စသည့် အခွင့်အလမ်းများ နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပြည့်စုံအောင် ရှင်းလင်းပြသခဲ့ကြောင်းသိရသည်။



အဆိုပါအခမ်းအနားပြပွဲတွင် အထူးအစီအစဉ်အဖြစ် နိုင်ငံတကာပညာရေးနှင့်ပတ်သက်သည့် သိသင့်သော အချက်အလက်များ၊အသက်မွေးမှုဘာသာရပ်များအကြောင်းကို နိုင်ငံတကာအတွေ့အကြုံရှိ ပုဂ္ဂိုလ်များမှ ရှင်းလင်းပြောကြားခဲ့ပြီး SR WWE မှ ကျောင်းသား ကျောင်းသူများကို အထောက်အကူဖြစ်စေရန် US$ 100, US$ 150 တန်ဖိုးရှိ Book Grant Coupons များအားလက်ဆောင်ပေးအပ်ခဲ့ကြောင်းသိရသည်။ ၄င်းအခမ်းအနားပြပွဲအား ကျောင်းသား/သူများ၊ဆရာ/မများ၊မိဘများ၊အပါဝင် လာရောက်လေ့လာသူပေါင်း ၁၅၀-ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။



K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ

0 comments:

Post a Comment

Facebook Like Page