Monday, February 8, 2016

ပြည်

Leave a Comment


ရန်ကုန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ နှင့် ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တွေ့ဆုံပွဲကျင်းပ

ပြည် ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ နှင့် ရန်ကုန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ တွေ့ဆုံပွဲအခမ်းအနားအား ပြည်မြို့ အောင်ပွဲဝင်ခန်းမတွင် ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၁၀-နာရီချိန်ခန့်က ကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရသည်။

အဆိုပါ ရန်ကုန် နိုင်/ကျဉ်းဟောင်းများ နှင့် ပြည်ခရိုင် နိုင်/ကျဉ်းဟောင်းများတွေ့ဆုံပွဲအခမ်းနားသို့ ရန်ကုန် နိုင်/ကျဉ်း နှင့် ပြည်ခရိုင်အတွင်းရှိ ပန်းတောင်း၊သဲကုန်း၊ပေါင်းတည်၊ပေါက်ခေါင်း၊ပြည်၊ရွှေတောင်၊ဇီကုန်း စသည့်မြို့နယ်များမှ နိုင်ငံရေးအကျဉ်းသားဟောင်းများ ၅၀-ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့မှာ အဖွဲ့ဝင်အင်အားအရည်အတွက် ဘယ်လောက်ရှိသလဲဆိုတာသေချာမပြောနိုင်ပါဘူး။ ကွန်ရက်နဲ့ချိတ်ဆက်ဆောင်ရွက်နေတဲ့သူတွေ အဖွဲ့ခွဲဘယ်လောက်ရှိတယ်ဆိုတာကိုပဲပြောလို့ရပါသေးတယ်။ပြည်တွင်းငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေး နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးတွေရည်ရွယ်ပြီး ခုလိုပွဲတွေကျင်းပနေတာပါ။နိုင်ငံရေးအခြေအနေပြောင်းလဲလာတာနဲ့ တရားဝင်အသိအမှတ်ပြုဖို့စတင်လုပ်ဆောင်မှာပါ။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေထဲကနေ လွတ်တော်အမတ်ဖြစ်နေတာ ၁၅-ယောက်ရှိနေပါပြီ။ဒီနှစ်ထဲမှာ ညီလာခံပြန်လုပ်ဖို့ရှိတယ်။ အဖွဲ့ဝင်စနစ်ကိုအခြေခံတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့လိုပါတယ်။” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (ရန်ကုန်)ဦးတင်မောင်ဦး ကပြာသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS) အား ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိလွတ်မြောက်ရေး၊ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အပါဝင် ရည်ရွယ်ချက်များချမှတ်၍ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဖွဲ့စည်းတည်ထောင်လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရသည်။

“ပြည်မြို့ရဲ့ နိုင်ငံရေးအစဉ်လာက အလွန်ကြီးမားပါတယ်။ကျွန်တော်တို့ရည်ရွယ်ချက်တွေ နိုင်ငံရေးအကျဉ်းသားဟောင်းများမိသားစုနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဘ၀ ပြန်လည်ထူထောင်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေး အဲဒိမှုတွေကိုဆက်လက်သယ်ဆောင်လာတာ ဒီနေ့အထိပါပဲ။၁၉၆၂ ကနေအခုချိန်အထိ နိုင်ငံရေးအကျဉ်းသား တစ်သောင်းဝန်းကျင်ခန့်ရှိနေပါတယ်။ AAPP နဲ့ နိုင်/ကျဉ်းဟောင်းပှုးပေါင်းစာရင်းကောက်ခံထားတာဟာ သုံးထောင်လောက်ပဲရှိနေပါသေးတယ်။ဆက်လက်ဆောင်ရွက်သွားအုံးမှာပါ။နိုင်/ကျဉ်းအနေနဲ့ တရားရုံးတွေမှာ ရုံးထွက်နေတဲ့ ကျောင်းသားကိစ္စတွေ ရုံးထွက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဆီကို သွားရောက်ပြီး စိတ်ဓာတ်ခွန်အားမြှင့်တက်စေရန်လုပ်ဆောင်ပေးနေတာတွေရှိပါတယ်။ ကျန်းမာရေးကိစ္စ နဲ့ နာရေးကိစ္စတွေကို ရလာတဲ့အလှူငွေအပေါ်မှာရပ်တည်နေရလို့ အားရကြေနပ်မှုမရှိပါဘူး။အခုလက်ရှိမှာပုဒ်မမျိုးစုံနဲ့တရားစွဲဆိုနေတာတွေလဲရှိနေပါတယ်။ဒါတွေကိုဆက်လက်ကြိုးစားသွားမှာပါ။ကျွန်တော်တို့ ဘဘဦးဝင်းတင် ဖောင်ဒေးရှင်းက ကျောထောက်နောက်ခံမရှိသူ၊ကျန်းမာရေးချို့တည့်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီထောက်ပံ့သွားမှာဖြစ်ပါတယ်။”ဟု ရန်ကုန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးထွန်းကြည် ကပြောသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့အား မြန်မာနိုင်ငံအတွင်း အဖွဲ့ပေါင်း ၂၀-ခန့် ဖွဲ့စည်းတည်ထောင်ထားခဲ့ပြီး  ၄င်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကို နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ထဲထဲဝင်ပါဝင်လုပ်ဆောင်ရန်၊အဖွဲ့အတွင်း တာဝန်ယူမှု တာဝန်ခံမှု စနစ်ကျစေရန်၊နောင်တာဝန်ယူမည့် သူများကို အဖွဲ့အားစနစ်တကျလွဲပြောင်းနိုင်ရန်၊နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့အား နိုင်ငံရေးအဖွဲ့အစည်းတစ်ခုအဖြစ် အများအမြင်တွင် ရှင်းလင်းပြတ်သားစွာ ရှုမြင်လာစေရန် ရည်ရွယ်ချက်များထားရှိလျှက်ရှိကြောင်းသိရပြီး ၄င်း ရန်ကုန်နိုင်/ကျဉ်းဟောင်းများ နှင့် ပြည်ခရိုင် နိုင်/ကျဉ်းဟောင်းများတွေ့ဆုံပွဲအခမ်းအနားကို ၁၂-နာရီချိန်ခန့်တွင် ပြီးဆုံးသွားခဲ့ကြောင်းသိရသည်။

K3(pyay)
 09253311019

0 comments:

Post a Comment

Facebook Like Page