Saturday, February 27, 2016

သတင်းအတို.. သိမ်းဆည်းခံလယ်မြေ ၈-ဧကနှင့်ပတ်သက်ပြီးဒေသခံ ၅၀-ခန့်ဆန္ဒထုတ်ဖော်

Leave a Comment


သတင်းအတို..
သိမ်းဆည်းခံလယ်မြေ ၈-ဧကနှင့်ပတ်သက်ပြီးဒေသခံ ၅၀-ခန့်ဆန္ဒထုတ်ဖော်
ပေါင်းတလည်၊ဖေဖော်ဝါရီ၊၂၈
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတလည်မြို့တွင် ပုဒ်မ ၄၄၇(ပိုင်နက်ကျူးလွန်မှုဖြင့်)တရားရင်ဆဲဖြစ်သည့် လယ်မြေ ၈-ဧကနှင့်ပတ်သက်ပြီး ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးအား တည်ဆဲဥပဒေဖြစ်သည့် ၁၈၉၄ ခုနှစ်မြေသိမ်းဆည်းရေးအက်ဥပဒေကို နိုင်ငံဝန်ထမ်းများမှ ဥပဒေ နှင့်အညီ တာဝန်သိမှု၊တာဝန်ယူမှုရှိစေရန် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။
အဆိုပါဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉-နာရီအချိန်ခန့်မှာ ပြည်ခရိုင် ပေါင်းတလည်မြို့ အရှေ့ပိုင်းရပ်ကွက်မှစတင်ခဲ့တာဖြစ်ပြီး ထိုမှတဆင့် ပြည်/ပေါက်ခေါင်းလမ်းမကြီး၊ထို့နောက် သိမ်းဆည်းထားသည့် လယ်မြေရှိရာ ပြည်/ပေါက်ခေါင်းလမ်းမကြီးအနီးအထိဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ကြောင်းသိရသည်။
သတင်းအပြည့်အစုံဆက်လက်ဖော်ပြပါမည်။
ပြည်သတင်းလူငယ်
09253311019


0 comments:

Post a Comment

Facebook Like Page