Monday, February 29, 2016

ဘာသာပေါင်းစုံ အလုပ်ရုံဆွေးနွေးပွဲ ပြည်မြို့တွင်ကျင်းပပြုလုပ်ခဲ့

Leave a Comment




ဘာသာပေါင်းစုံ အလုပ်ရုံဆွေးနွေးပွဲ ပြည်မြို့တွင်ကျင်းပပြုလုပ်ခဲ့



ပြည်၊ဖေဖော်ဝါရီ၊၂၉





ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဆန်ဖရန်စစ္စကို စားသောက်ဆိုင်တွင် National Identity and Imagine Myanmar မှကြီးမှု၍ ဘာသာကြီးလေးဘာသာဖြစ်သည့် ဗုဒ္ဓ္ဓဘာသာ၊ခရစ်ယာဉ်ဘာသာ၊ဟိန္ဒူဘာသာ၊မွတ်စလင်ဘာသာ စသည့် ဘာသာပေါင်းစုံမှ စိတ်ပါဝင်စားသူများတက်ရောက်၍ အလုပ်ရုံဆွေးနွေးပွဲတစ်ခုအား ဖေဖော်ဝါရီ ၂၉-ရက်နေ့ နံနက်မှ စတင်ကာ ညနေ ၅-နာရီအထိကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။



အဆိုပါ ဘာသာကြီးလေးဘာသာအလုပ်ရုံဆွေးနွေးပွဲတွင် လူမျိုးမတူ၊ကိုးကွယ်ရာမတူ၊အတွေးအခေါ်မတူ စသည့်ကွဲပြားစုံလင်မှုများစွာထဲမှ မိမိတို့နိုင်ငံ၏ အင်အားတစ်ရပ်အဖြစ်ပြောင်းလဲနိုင်စေရန်ရည်ရွယ်၍ အမျိုးသားရေးသရုပ်လက္ခဏာနှင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုအားကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရသည်။



အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အခြေခံလူမှုဗေဒမိတ်ဆက်ခြင်း၊အမျိုးသားနိုင်ငံတော်တည်ဆောက်ခြင်း၊ပဋိပက္ခဖြေရှင်းရေးနည်းနားများ၊ စသည့်ဘာသာရပ်များကို အဓိကဆွေးနွေးသွားခဲ့တာဖြစ်ကြောင်းသိရသည်။



အဆိုပါ ဘာသာကြီးလေးဘာသာ၏ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၉-ရက်နေ့မှစတင်ကာ ၃.၃.၂၀၁၆ ရက်နေ့အထိ လေးရက်တာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပြည်ခရိုင်အတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် စိတ်ပါဝင်စာသူပေါင်း ၅၀-ခန့်ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။



K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်
09253311019

0 comments:

Post a Comment

Facebook Like Page