Thursday, February 25, 2016

ပြည်မြို့နယ်လုံးဆိုင်ရာ မီးဘေး နှင့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး နှင့် ကူညီကယ်ဆယ်ရေးကွန်ယက်ဖွဲ့စည်း

Leave a Comment

ပြည်မြို့နယ်လုံးဆိုင်ရာ မီးဘေး နှင့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး နှင့် ကူညီကယ်ဆယ်ရေးကွန်ယက်ဖွဲ့စည်း

သတင်းအတို..........

ပြည်၊ဖေဖော်ဝါရီ၊၂၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နေ့လည် ၁-နာရီအချိန်မှ စတင်ကာ ပြည်မြို့နယ်လုံးဆိုင်ရာ မီးဘေး နှင့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး နှင့် ကူညီကယ်ဆယ်ရေးကွန်ယက် ဖွဲ့စည်းခြင်းအခမ်းအနားအား ပြည်မြို့ ဆံတော်ရပ် ရွှေသာလျောင်းဘုရားလမ်း အောင်ပွဲဝင်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ လူမှုရေးအသင်းအဖွဲ့များ နှင့် နိုင်ငံရေးတက်ကြွစိတ်ပါဝင်စားသူများပါဝင်သည့် ကွန်ယက်ဖွဲ့စည်းခြင်းကိစ္စမှာ မြန်မာနိုင်ငံတစ်ဝှမ်းတွင် အယ်နီညိုရာသီဥတုကြောင့်ဖြစ်စေ၊သဘာဝအန္တရာယ်ကြောင့်ဖြစ်စေ၊လူတို့၏ ပယောဂဖန်တီးမှုကြောင့်ဖြစ်စေ၊မီးဘေးများမကြာမဏဆိုသလို ကျရောက်နေသဖြင့် ပြည်မြို့နယ်ကိုလည်း ဤသို့မီးဘေးအန္တရာယ်မကျရောက်စေရန် လူမှုရေးအသင်းအဖွဲ့များ နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ စုပေါင်း၍ ယခုလိုကွန်ယက်ဖွဲ့စည်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖော်ပြပေးပါမည်။

ပြည်သတင်းလူငယ်
09253311019


0 comments:

Post a Comment

Facebook Like Page